ပိုက်ဆံချေးထားသူဆီကနေ အမြန်ဆုံးပိုက်ဆံပြန်ရစေမယ့် နည်းလမ်း(၅)မျိုး

Anutr Yossundara/Shutterstock

ဒီလိုအချိန်ဆို လက်ထဲမှာ ပိုက်ဆံလည်း သိပ်မရှိတော့ဘူး ။ ဒီတော့ ကိုယ့်ဆီမှာ ပိုက်ဆံချေးထားတဲ့သူတွေဘာတွေ လိုက်ရှာပြီး အကြွေးတောင်းဖို့ ပြင်ဆင်နေရပြီ။ အကြွေးတောင်းတယ်ဆိုတာကလည်း မလွယ်ဘူးနော်။ ကိုယ်က နည်းစနစ်ကျကျ တောင်းတတ်မှ။ မဟုတ်ရင် ပြန်ရဖို့က လွယ်တာမဟုတ်ဘူး။ ကဲ…ဒီတော့ နည်းစနစ်ကျကျ ဘယ်လိုအကွက်တွေသုံးကြမလဲ။ ဒီနည်းလမ်းလေးတွေကို လေ့လာကြည့်ပါ။

(၁)။ သူ့ဆီမှာ ပိုက်ဆံရှိ၊မရှိ အရင်လေ့လာပါ

ချေးထားတဲ့သူဆီကနေ ပိုက်ဆံပြန်တောင်းဖို့ဆိုရင် အရေးကြီးဆုံးက သူ့ဆီမှာ ပိုက်ဆံ ရှိ၊မရှိကို အရင်စုံစမ်းဖို့ပါ။ သူ့ဆီမှာ ပိုက်ဆံမရှိဘူးဆိုရင် ကိုယ်က ပြန်တောင်းတာပဲ အဖတ်တင်ပြီး ပိုက်ဆံရမှာမဟုတ်ဘူးလေ။ ဒီတော့ အကြွေးတောင်းမယ်လို့ ဆုံးဖြတ်ပြီးရင်တောင် ပိုက်ဆံအနေအထားကို လေ့လာကြည့်ပါဦး။ သူ့မှာ ပိုက်ဆံတွေရှိနေပြီဆိုတာ သေချာတော့မှ လုပ်ငန်းစတာပေါ့။

READ
တစ်ပတ် တစ်ကြိမ် Volunteer လုပ်တာက အပြင်းစားလေ့ကျင့်ခန်းလုပ်တာနဲ့ တူညီ
Yulia Grigoryeva/Shutterstock
(၂)။ တိုက်ရိုက်မပြောပါနဲ့

တိုက်ရိုက်မပြောနဲ့ဆိုတာ အကြွေးတောင်းတဲ့ပုံစံမျိုး ပြောတာမဟုတ်ပဲနဲ့ ကိုယ့်မှာ ပိုက်ဆံလိုတဲ့အကြောင်း၊ အဆင်မပြေတဲ့အကြောင်းတွေ သူ့ကိုသွယ်ဝိုက်ပြီး အသိပေးတာမျိုးကို ဆိုလိုတာပါ။ လူတွေက အကြွေးတောင်းရင်သာ ပြန်ဆပ်ဖို့ စဉ်းစားကြတာဖြစ်ပေမယ့် တစ်ဖက်သား ဒုက္ခရောက်နေတယ်လို့ ထင်မိရင်တော့ သူတို့ တတ်နိုင်တာလေးတွေ လုပ်ပေးတတ်ကြပါတယ်။ ဒီတော့ ပိုက်ဆံကို တိုက်ရိုက်မတောင်းပဲ သင့်ရဲ့အဆင်မပြေတာလေးတွေသာ ပြောပြပါ။ သူ သင့်ကိုအကြွေးပြန်ဆပ်ဖို့ စဉ်းစားလာပါလိမ့်မယ်။

WAYHOME studio/Shutterstock
(၃)။ ဖိအားမပေးပါနဲ့

ဖိအားမပေးပါနဲ့။ အဲဒါကလည်း အရေးကြီးပါတယ်။ အတင်းတွေ ဖိအားပေးပြီး အကြွေးတောင်းနေရင် သူက သင့်အကြွေးကို ပြန်မဆပ်ချင်တဲ့အပြင် သင့်ကိုပါ ရှောင်နေတော့မှာပါ။ ဘယ်နေ့နောက်ဆုံးထားပြီးပေးတို့၊ ဒီလထဲမှာ အပြီးပေးတို့ဆိုပြီး အတင်းဖိအားသွားပေးတဲ့အချိန်၊ သူ့မှာ ပိုက်ဆံမရှိတာနဲ့ ကြုံနေရင် သင်ဘာတတ်နိုင်မှာလဲ။

READ
မျက်ခုံးပုံစံက ပြောတဲ့ သင့်ရဲ့ စရိုက်လက္ခဏာအကြောင်း
(၄)။ ဒေါသမကြီးပါနဲ့

အကြွေးတောင်းလို့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒေါသမကြီးပါနဲ့။ အကြွေးမရလို့ သင် ဒေါသကြီးတယ်ဆိုရင်လည်း နှစ်ယောက်ကြားက ဆက်ဆံရေးက ပျက်သွားတာပဲ အဖတ်တင်မှာပါ။ ဟိုဖက်ကလည်း သင်စိတ်ဆိုးတာကို ခံရတဲ့အတူတူတော့ အကြွေးမပေးတော့ဘူးဆိုပြီး စဉ်းစားကောင်း၊ စဉ်းစားမှာဖြစ်လို့ တတ်နိုင်သလောက် ဒေါသမကြီးတာမကောင်းဆုံးပါ။

Lipik Stock Media/Shutterstock
(၅)။ မက်လုံးပေးပါ

မက်လုံးပေးတယ်ဆိုတာ သိလား။ “ငါ့ကိုအကြွေးပြန်ပေးရင် မင်းကို Hot Pot လိုက်ကျွေးမယ်” ဆိုတာမျိုး။ “မင်းအကြွေးဆပ်မယ့်ပိုက်ဆံနဲ့ သွားသောက်ကြမယ်လေ” ဆိုတာမျိုးတွေက မက်လုံးပေးပြီး အကြွေးတောင်းတဲ့အကွက်တွေပါ။ သင်ရမယ့် အကြွေးပမာဏပေါ်မူတည်ပြီး မက်လုံးပေးတဲ့ ပမာဏကို အတိုးအလျော့လုပ်သင့်ပါတယ်။

Linn

SHARE