ထူးချွန်ထက်မြတ်တဲ့ကောင်မလေးတွေကို ကြိုက်မိရင် ဒါတွေသိထားဖို့လိုမယ်။

ထက်ထက်မြတ်မြတ်ကောင်မလေးတွေကို ကြိုက်မိတဲ့အခါ သာမန်မိန်းကလေးတွေကို ကြိုက်မိတာနဲ့ မတူတတ်ပါဘူး။ သူတို့ရဲ့ အပြုအမူတွေဟာ သာမန်မိန်းကလေးတွေနဲ့ မတူပဲ ခြားနားနေတတ်ပါတယ်။ သူတို့ဆီက အချစ်ကိုရဖို့လည်း
ခက်တတ်ပါတယ်။ သင်ဟာထက်မြတ်တဲ့ကောင်မလေးကို ချစ်မိနေပြီဆိုရင် အောက်ပါအချက်တွေကို သိထားဖို့လိုပါတယ်။

(၁) လိုချင်တာကို ရအောင်ယူတတ်ကြတယ်။

ထက်မြတ်တဲ့ မိန်းကလေးတွေက သူတို့ တစ်ခုခုလိုချင်ပြီဆိုရင် ရအောင်ယူတတ်ကြပါတယ်။ အောင်မြင်မှု၊ ငွေကြေး၊ ခင်ပွန်း စတဲ့ကိစ္စတွေမှာ သူတို့လိုချင်ရင် လိုချင်တဲ့အရာကို ရအောင် တစ်နည်းနည်းနဲ့ယူတတ်ပါတယ်။ လိုချင်တာကို ဘယ်လို ယူရမလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ မလိုချင်လို့ မယူတာပဲ ရှိမယ်။ ယူချင်တဲ့အရာဆိုရင် ရအောင် ယူဖို့
ကြိုးစားနေပြီးသား ဖြစ်နေပါလိမ့်မယ်။

(၂) ပေါ့ပေါ့သေးသေး သွားမလုပ်နဲ့။

မိန်းကလေးပဲ ပျော့ညံ့မှာပဲ ဆိုတာမျိုး သွားမလုပ်ပါနဲ့။ ငါ့ကိုတော့ ယောက်ျားဆိုပြီး အထင်ကြီးမှာပဲလို့တော့ သွားမထင်ပါနဲ့။ အဲ့ဒီလို မိန်းကလေးမျိုးက တော်ရုံတန်ရုံယောက်ျားကို အထင်မကြီးပါဘူး။ သူကတောင် ပြန်ရောင်းစားသွားပါအုံးမယ်။

READ
ယောက်ျားတွေ အိမ်ထောင်ရေးကို စိတ်ပျက်ကွာရှင်းချင်လာရတဲ့ အကြောင်းအရင်း

(၃) သူတို့က တစ်ယောက်ထဲလည်း နေတတ်တယ်။

သူတို့က တစ်ယောက်ထဲလည်း နေတတ်ပါတယ်။ သာမန် မိန်းကလေးအချို့က တစ်ယောက်တည်းနေရင် စိတ်အားငယ်တတ်ကြပေမယ့် သူတို့ကတော့ တစ်ယောက်တည်းလည်း နေတတ်ကြပါတယ်။ အထီးကျန်မှာကိုလည်း မကြောက်တတ်ကြပါဘူး။ အားငယ်စိတ်ဆိုတာ သူတို့အတွက် ဖြစ်ခဲတဲ့အရာပါ။

(၄) လွတ်လွတ်လပ်လပ်နေတတ်တယ်။ အထိန်းချုပ်ခံရတာကို မကြိုက်ဘူး။

သူတို့က လွတ်လွတ်လပ်လပ်နေထိုင်တတ်ပြီး သူတို့ကို ထိန်းချုပ်တာကို လုံးဝမကြိုက်တတ်ပါဘူး။ သူတို့ဟာ ဘယ်သူ့ကိုမှ မမီခိုတတ်တဲ့အတွက် သူတို့ရဲ့အချစ်ကို လိုချင်ရင် ပိုပြီး ခက်ခဲလေ့ရှိပါတယ်။

(၅) ပညာနဲ့ ကျွမ်းကျင်မှုကို မက်မောကြတယ်။

သူတို့က ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့အတွက် သူတို့ဘာသာ အရည်အချင်းရှိအောင် ကြိုးစားကြပါတယ်။ သာမန်လူတွေလို အချိန်ဖြုန်းတာရှားပါတယ်။ စာဖတ်ရင်ဖတ်မဖတ်ရင် သူတို့ လေ့လာစရာရှိတာ လေ့လာနေပါလိမ့်မယ်။ ဘာမဆို သူများထက် နှာတစ်ဖျားသာနေအောင် လေ့လာထားလေ့ရှိပါတယ်။

(၆) သူတို့တန်ဖိုးက နံပါတ်(၁)

သူမနဲ့ ချစ်သူဖြစ်သွားပြီဆိုရင် သူမရဲ့ သိက္ခာကို မစော်ကားမိပါစေနဲ့။ သူတို့က သူတို့ရဲ့ တန်ဖိုးကို ဘယ်တော့မှ အထိခိုက် မခံပါဘူး။ သူတို့ရဲ့တန်ဖိုးကို ထိခိုက်ဖို့ကြိုးစားရင်တော့ သူတို့ရဲ့ အပြင်းထန်ဆုံး ရန်လိုမှုကို ခံစားရပါလိမ့်မယ်။

READ
သင်ဟာ ဒီ(၅)ချက်ကိုကြုံတွေ့နေရရင် သင်တွဲနေတဲ့သူကို လက်တွဲဖြုတ်လိုက်သင့်ပါပြီ….

(၇) သူတို့ရဲ့ နူးညံ့မှုကို ပြမှာ မဟုတ်ဘူး။

သူတို့က သူတို့ရဲ့ ပျော့ညံ့တဲ့အပိုင်းတွေကို ဘယ်တော့မှ သူများမြင်အောင်ပြသမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ အားနည်းချက်ကို သူများက အသုံးချသွားမှာ အရမ်းကြောက်ကြပါတယ်။ ချစ်သူကိုတောင် သူတို့ရဲ့ အားနည်းချက် ပြချင်မှ ပြတတ်ကြပါတယ်။ တော်တော်ကြီးယုံမှသာ သူတို့ရဲ့ နူးညံ့တဲ့အပိုင်း အားနည်းတဲ့အပိုင်းကို ပြတတ်ကြပါတယ်။ အဲ့ဒီအခါကျရင်သာ သူ့ရဲ့ ယုံကြည်မှုကိုအလွဲသုံးစား မလုပ်မိပါစေနဲ့။

SHARE