သင်ဟာ ဗော့ဒ်ဂါသမား စစ်စစ်တစ်ယောက်လား။ ဒါမှမဟုတ် ဘာလာလာ ဒေါင်းနေသူလား။ ဒီဆောင်းပါးလေးကတော့ လုံးဝကို ဗော့ဒ်ဂါချစ်သူ ပရိသတ်တွေအတွက်ဖြစ်ပြီး ဗော့ဒ်ဂါချစ်သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ ဥရောပရဲ့နေရာ (၅)ခုကို ညွှန်းဆိုထားတာပဲ။ ဗော့ဒ်ဂါအရက်ဟာ ဥရောပမှာတော့ တော်တော်လေးနာမည်ကြီးတဲ့အရက်ပဲဖြစ်ပြီး ပိုလန်နဲ့ ရုရှားလိုနိုင်ငံမျိုးတွေမှာဆိုရင် ပြတိုက်အဖြစ်တောင် တကူးတက ထားရှိရတာပါ။ ကဲ…ဗော့ဒ်ဂါချစ်သူတွေ သွားသင့်တဲ့နေရာတွေက ဘယ်နေရာတွေလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။
(၁)။ ၀ါဆော ၊ ပိုလန်
ပိုလန်နိုင်ငံ ၀ါဆော မြို့မှာ ဗော့ဒ်ဂါချစ်သူတွေအတွက် ဗော့ဒ်ဂါ အရက်တွေချည်း စုစည်းထားတဲ့ ပြတိုက်တစ်ခုတောင် ဖန်တီးပေးထားပါသေးတယ်။ အမျိုးအမည်ကွဲပြားတဲ့ ဗော့ဒ်ဂါအရက်တွေကို အဲဒီမှာ တစ်နေရာတည်း မြင်ရမှာဖြစ်ပြီး အရသာ မြည်းစမ်းချင်သူတွေအတွက်လည်း အခမဲ့ မြည်းနိုင်အောင် ဖန်တီးပေးထားတာပါ။ ခရီးသွားကုမ္ပဏီတချို့ဆိုရင် ဗော့ဒ်ဂါခရီးစဉ်လို့ ခေါင်းစဉ်တပ်ပြီး အရက်ချစ်သူတွေအတွက် ခရီးစဉ်အသစ်တွေတောင် ဖန်တီးနေကြပါပြီ။
Poland is regarded as cradle of #vodka. Now its first museum devoted to the national drink opens in Warsaw pic.twitter.com/zM60Y7yhKF
— China Xinhua News (@XHNews) June 14, 2018
(၂)။ စိန့်ပီတာစဘတ် ၊ ရုရှား
ရုရှားနိုင်ငံရဲ့ စိန့်ပီတာစဘတ်မြို့ထဲမှာလည်း ပိုလန်နိုင်ငံမှာလို ဗော့ဒ်ဂါပြတိုက်တစ်ခု ဖွင့်လှစ်ထားပေးတာပါ။ ဗော့ဒ်ဂါ ဟာ ရုရှားတွေရဲ့အကြိုက်ဆုံးအရက်ဖြစ်ပြီး နိုင်ငံရဲ့သမိုင်းတစ်လျှောက် အမျိုးစုံသော ဗော့ဒ်ဂါ အမျိုးအစားတွေကို စုစည်းပြသထားတာပါ။ ရုရှားရဲ့ ဒီပြတိုက်က ကမ္ဘာပေါ်မှာ ဗော့ဒ်ဂါနဲ့ပတ်သက်ပြီး အစုံဆုံး ပြတိုက်အဖြစ် သတ်မှတ်ခံထားရပြီး လာရောက်လည်ပတ်သူတွေအနေနဲ့လည်း ဗော့ဒ်ဂါ အရသာကို မြည်းစမ်းနိုင်အောင် စီစဉ်ပေးထားပါတယ်။
St. Petersberg, Russia has a museum of Vodka. #NationalVodkaDay pic.twitter.com/4fK4LiWh1K
— Historic.ly (@historic_ly) October 4, 2018
(၃)။ နယ်သာလန်
မိန်းမ၊ ဆေးခြောက် စတာတွေနဲ့ နာမည်ကြီးတဲ့ နယ်သာလန် ဟာ ဗော့ဒ်ဂါ နဲ့ ပတ်သက်လာရင်လည်း ရုရှား၊ပိုလန် တို့ကို အမှီလိုက်နိုင်တဲ့နိုင်ငံပါ။ နယ်သာလန်နိုင်ငံတောင်ပိုင်းမှာ ဗော့ဒ်ဂါထုတ်လုပ်တဲ့ စက်ရုံအကြီးကြီး တစ်ခုရှိပြီး အဲဒီကထုတ်တဲ့ ဗော့ဒ်ဂါ တွေဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့နာမည်ကြီးပါတယ်။ ဒါ့အပြင် နယ်သာလန်ဟာ ၀ိုင်နဲ့ပတ်သက်ပြီးလည်း နာမည်ကြီးသေးတာမို့ ခရီးသွားကုမ္ပဏီတွေက ဗော့ဒ်ဂါနဲ့ဝိုင် ခရီးစဉ်ဆိုပြီး ခရီးစဉ်ဖန်တီးကာ နယ်သာလန်မှာ ဈေးကွက်ရှာလေ့ရှိကြပါတယ်။
(၄)။ ဆွီဒင်
ဆွီဒင်နိုင်ငံ၊ စတော့ခ်ဟုမ်းမှာရှိတဲ့ Museum of Spirits ဆိုတဲ့ ပြတိုက်ဟာ ဆွီဒင်နိုင်ငံတွင်းက အရက်မျိုးစုံကို ပြသထားတဲ့ ပြတိုက်ပါ။ ပြတိုက်ဝန်းထဲမှာ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဗော့ဒ်ဂါရောင်းတဲ့ဆိုင်ငယ်လေးတွေနဲ့ ကော်ဖီဆိုင်တွေရှိပြီး လာရောက်လည်ပတ်သူတွေအနေနဲ့ အရက်မျိုးစုံကို စိတ်ကြိုက်သောက်သုံးနိုင်မယ့်နေရာလည်း ဖြစ်ပါတယ်။
Spritmuseum, or Museum of Spirits, in Stockholm. Learned about Sweden’s history of alcohol, listened to a lot of drinking songs, and even got to taste samples of traditional drinks at their bar 🍹 pic.twitter.com/lDh58v30qB
— Angeline 🐇 (@Powder_Rune) December 25, 2018
(၅)။ တက္ကဆက် ၊ အမေရိကန်
အမေရိကန်နိုင်ငံ၊ တက္ကဆက်မြို့မှာလည်း ဗော့ဒ်ဂါသမားတွေအတွက် စိတ်ဝင်စားစရာကောင်းတာလေးတွေ ရှိနေပါသေးတယ်။ အမေရိကန်ရဲ့ နာမည်ကြီး ဗော့ဂ်ဂါအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Tito ဗော့ဒ်ဂါကုမ္ပဏီက အဲဒီမှာ အခြေစိုက်တာဖြစ်ပြီး ဗော့ဒ်ဂါနဲ့ပတ်သက်တဲ့ ဂီတဖျော်ဖြေပွဲတွေ၊ အစားအသောက်ပွဲတွေ အမြဲတစေ လုပ်လေ့ရှိတာမို့ ဗော့ဒ်ဂါချစ်သူတွေ သွားရောက်သင့်တဲ့နေရာတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။
Linn
Source : insider.com