အခြေအနေအရ ချစ်သူရဲ့ ဘယ်လိုနေရာမျိုးကို နမ်းသင့်လဲ … ?

ချစ်သူကို နမ်းတဲ့အခါမှာ နမ်းတဲ့နေရာပေါ်မူတည်ပြီး ချစ်သူက အပြောင်းအလဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ဆန့်ကျင်ဘက်လိင်ရဲ့ တို့ထိခြင်းခံလိုက်ရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကလည်း မြန်ဆန်ပါတယ်။ တစ်ချို့က ချစ်သူကို နှုတ်ခမ်းနဲ့ ပါးလေးလောက် နမ်းရတာပဲလို့ ထင်မှတ်နေတတ်ကြလို့ အခြေအနေအရ ချစ်သူကို ဘယ်လိုနေရာတွေကို ဦးစားပေးနမ်းသင့်သလဲဆိုတာ Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လည်ပင်း

လည်ပင်းကို ဘယ်လိုအခြေအနေမျိုးမှာ နမ်းသင့်သလဲဆိုရင် ချစ်သူနဲ့ ပြဿနာတစ်ခုခုတက်ပြီး မကြေမလည်ဖြစ်နေတဲ့ အခြေအနေမျိုးမှာ နမ်းသင့်တယ်လို့ ပညာရှင်တွေက အကြံပြုကြပါတယ်။ ဒါ့အပြင် အိပ်ယာဝင်အနမ်းလို့လည်း ခေါ်ကြပြီး ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေးသုခ မပြည့်မ၀အခြေအနေမျိုးအတွက် အဲဒီအနမ်းဟာ နှစ်ဦးနှစ်ဘက်စလုံး အကျိုးရှိရာနေရာကို ပို့ဆောင်ပေးပါလိမ့်မယ်။

(၂) ကျော

ကျောကိုနမ်းဖို့အတွက် အဲဒီလိုအခြေအနေမှာ သင်ဟာ သင့်ချစ်သူကို နောက်ကနေ သိုင်းဖက်ထားတဲ့ အနေအထားမျိုး၊ သို့တည်းမဟုတ် သူက ၀မ်းလျှားမျှောက်အနေအထား (သို့မဟုတ်) ကျောပေးအနေအထားမှာ ရှိနေတဲ့ အခါမျိုး ဖြစ်ပါတယ်။ လက်ပြင်နှစ်ခုကြားမှာ အမျိုးသမီးတို့စိတ်ကို ပျော်ရွှင်အောင် နှိုးဆွပေးနိုင်တဲ့ အရသာခံ သွေးကြောလေးတွေ ရှိပါတယ်။ သင့်ချစ်သူ စိတ်ညစ်နေတဲ့အခါမျိုးမှာ နမ်းသင့်တဲ့ အနမ်းဖြစ်ပါတယ်။

READ
အရက်မူးပြီးကားမောင်းခဲ့တဲ့ သူငယ်ချင်းကို မှတ်လောက်သားလောက် ပညာပေးခဲ့သူ

(၃) နဖူး

သင့်ချစ်သူ ပျော်နေတဲ့အခါမျိုး၊ ၀မ်းသာနေတဲ့အခါမျိုး၊ ချီးကျူးဂုဏ်ပြုရမယ့် အခါမျိုးမှာ သင်ဟာ သူရဲ့ပျော်ရွှင်မှုတွေ၊ ဂုဏ်ယူမှုတွေ၊ ၀မ်းသာမှုတွေနဲ့အတူ ထပ်တူရှိနေတယ်ဆိုတဲ့ သဘောကို သက်ရောက်စေတဲ့ အနမ်းဖြစ်ပါတယ်။

(၄) နှုတ်ခမ်း

အချစ်စိတ်တွေကို နှိုးဆွပေးတဲ့ အနမ်းဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ နှစ်ယောက်သား လွတ်လွတ်လပ်လပ် ရှိတဲ့အခါမျိုးမှာ နမ်းလေ့ရှိတဲ့ အနမ်းဖြစ်ပါတယ်။ ဒါဟာ အဆုံးစွန်အခြေအနေတစ်ခုအထိ တွန်းပို့နိုင်တဲ့ အနမ်းဖြစ်ပြီး ဒီအနမ်းရဲ့နောက်ပိုင်းမှာ သင်ဟာ ယောက်ျားပီသစရာရှိရင် ပီသဖို့ ပြင်ဆင်ထားသင့်တဲ့ အနမ်းမျိုး ဖြစ်ပါတယ်။

Shwemom

sm

SHARE