GDS မှနောက်ဆုံးရရှိထားတဲ့ အရက်သောက်သုံးမှုနှုန်း အများဆုံးနိုင်ငံစာရင်း

ဒီစစ်တမ်းကောက်ချက်တွေဟာ တစ်ကမ္ဘာလုံးဆိုင်ရာအရက်သောက်သူများစစ်တမ်းကောက်ချက်ရဲ့ ၈ နှစ်မြောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကပဲ စစ်တမ်းကောက်ချက်တွေရဲ့ ရလဒ်တွေထွက်လာခဲ့ပြီး အင်္ဂလိပ်စကားပြောနိုင်ငံတွေတော်တောများများဟာ ဒီစာရင်းရဲ့ ထိပ်တန်းမှာ ရပ်တည်လျက်ရှိကြပါတယ်။

GDS

၁၉၉၀ ခုနှစ်နောက်ပိုင်း လူငယ်များကတော့ တခြားသောသက်ကြီးပိုင်းတွေထက် ပိုပြီး အရက်သောက်သုံးလေ့ရှိတာကို သတိထားမိခဲ့ကြပါတယ်။ ဒီစစ်တမ်းကောက်တဲ့ အဖွဲ့ကိုတည်ထောင်ခဲ့တဲ့ ပါမေက္ခ Adam Winstock ကတော့ ရလဒ်နဲ့ပတ်သက်ပြီး အရက်သောက်သူများဟာ ကျန်းမာရေးအရနဲ့ ပျော်ရွှင်ချင်လို့ သောက်တာမျိုးမဟုတ်ဘဲ ကျန်းမာရေးကို ထိခိုက်စေနိုင်မယ့် စွဲစွဲလမ်းလမ်းသောက်သုံးတာမျိုးတွေ ပိုများနေတာကို သတိပေးထားခဲ့ပါတယ်။

pixabay

ပညာရှင်တွေကတော့ အရွယ်ရောက်ပြီးသားလူသားတစ်ယောက်ဟာ တစ်ပတ်ကို ဘီယာ ၆ ခွက်ထက် ပိုမသောက်သုံးသင့်ဘူးလို့ ဆိုထားပါတယ်။ စစ်တမ်းကောက်ချက်မှာတော့ UK ဟာ ၅၁.၁% နဲ့ ထိပ်ဆုံးမျာရပ်တည်နေပြီး အမေရိကန်တွေကတော့ ၅၀.၃% နဲ့ ဒုတိယနေရာ၊ သြစတေးလျက ၄၇.၄ နဲ့ တတိယနေရာတို့အသီးသီးရောက်ရှိနေပါတယ်။

READ
နယူးဇီလန်မှာ (၄) ဘူးကို ဒေါ်လာ(၁၀၀) နဲ့ ရောင်းချနေတဲ့ လေသန့်ဗူးများ

ထူးခြားချက်အနေနဲ့ကတော့ အရက်သောက်သုံးမှုအများဆုံးထိပ်တန်း ဆယ်နိုင်ငံအတွင်းမှာတော့ အိန္ဒိယနိုင်ငံဟာ တစ်ဦးတည်းသော အာရှနိုင်ငံအဖြစ် အဆင့် ၆ နေရာမှာ ရပ်တည်လို့နေပါတယ်။

pixabay

ဒါကတော့ Global Drugs Survey ရဲ့ စစ်တမ်းကောက်ချက်ရလဒ်တွေပါ။

United Kingdom – ၅၁.၁%

US – ၅၀.၃%

Canada – ၄၇.၉%

Denmark – ၄၁.၇%

India – ၄၁%

Ireland – ၄၀.၇%

Mexico – ၃၈.၂%

Czech Republic – ၃၆.၈%

Finland – ၃၄.၉%

Belgium – ၃၄.၇%

New Zealand – ၃၃.၆%

France – ၃၂.၂%

READ
နေ့စဉ်သုံးပစ္စည်းတွေကို အကောင်းဆုံး အသုံးဝင်နိုင်အောင် ဖန်တီးမှုများ

Spain – ၃၁.၉%

Sweden – ၃၁.၉%

Slovakia – ၃၁.၇%

Balkans – ၃၁.၅%

Italy – ၃၀%

Austria – ၂၉.၂%

Norway – ၂၉%

Netherlands -၂၈.၆ %

Switzerland – ၂၈.၁%

Brazil – ၂၇.၃%

Hungary – ၂၄ယ၉%

Argentina – ၂၃.၆%

Colombia – ၂၂%

Germany – ၂၁.၅%

Portugal – ၂၀.၂%

Chile – ၁၆.၄%

Source: Daily Mail

Penny

SHARE