လစာကောင်းကောင်းလိုချင်သူတိုင်း တက်ထားသင့်တဲ့ သင်တန်းများ

Image: shutterstock (By Chayantorn Tongmorn)

ပြိုင်ဆိုင်မှုတွေ အရမ်းကို များနေတဲ့ ဒီနေ့လို ခေတ်ကြီးမှာ သင်ယူမှု မရှိပဲ နေနေတဲ့ လူတွေ အတွက် နေစရာ နေရာက တဖြည်းဖြည်း ပျောက်လာမှာပါ။နောက်မှ ရတဲ့ နောင်တ မျိုး မဖြစ် ရအောင် ကိုယ့်ရဲ့ Career Life တိုးတက်ဖို့ အတွက် သင်ယူစရာ ရှိတာတွေကို သင်ယူလေ့လာ ထားမှဖြစ်မှာပါ။လုပ်ငန်းခွင်မှာ ၀င်ရောက်နေသူတွေ အတွက်ရော၊လုပ်ငန်းခွင် ၀င်ကြမယ့် လူငယ်တွေ အနေနဲ့ လစာ ကောင်းကောင်းလို ချင်တဲ့ သူတွေ အတွက် တတ်ရောက် ထားသင့်တဲ့ သင်တန်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ဝါသနာ ပါရာကို လုပ်ပါ

Image;Shutterstock(by O By Ollyy)

တစ်ခါ တလေ ကျ တော့လဲ ငွေ မျက်နှာနောက်ကို လိုက်တာ က ကောင်းပေမယ့် တစ်ခါ တလေ တော့လဲ မကောင်းပါဘူး။ကိုယ့်ရဲ့ ၀ါသနာ ထက် ဘယ်အလုပ်ကို လုပ်ရင် ပိုက်ဆံ ပိုရ မလဲ ဆိုတဲ့ စိတ်မျိုးကိုတော့ အားမပေးပါဘူး။လက်ရှိမှာ ရေပန်းစားနေတဲ့ ၀င်ငွေ ကောင်းတဲ့ အလုပ်ထက် ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို ရွေးချယ်တာကသာ ရေရှည်မှာ အဆင်ပြေမှာပါ။ဒါကြောင့် ကိုယ်ဘာ ဖြစ်ချင်တာလဲ၊ဘာဝါသနာ ပါတာလဲ .. ဆိုတာကို သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။အောက်မှာ ဖော်ပြထားတဲ့ အချက် တွေ က တော့ လက်ရှိ လုပ်ငန်းခွင်မှာ အတွေ့ များတဲ့ ၊လိုအပ်တဲ့ အရာလေးတွေကို ဖော်ပြ ပေးထားတာပါ။

READ
အလုပ်တစ်ခုကိုလက်မခံခင် စဉ်းစားသင့်သောအရာများ

English ဘာသာစကား

Image: shutterstock (by By TierneyMJ)

ဒါကတော့ သင်ဟာ ဘယ်လိုကုမ္ပဏီမှာပဲ လုပ်လုပ် လိုအပ်နေတဲ့ အရာပါ။ဂျပန်ကုမ္ပဏီမှာပဲ လုပ်လုပ်၊တရုတ်ကုမ္ပဏီမှာပဲ  လုပ်လုပ် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ English စကား၊Business English အရေး အပြောက မဖြစ် မနေကို လိုအပ် တာမို့ သေချာ ပေါက် သင်ယူလေ့လာ ထားစေချင်ပါတယ်။ကိုယ်က ဂျပန် ကုမ္ပဏီမှာ လုပ်နေတယ်ဆိုရင်တော့ အင်္ဂလိပ် အပြင် ဂျပန် စကားကိုပါ ကျွမ်းကျင်ထားရင် တော့ အကောင်းဆုံးပါ။

Digital Marketing

ဒါကတော့ လက်တလောမှာ အရမ်းကို ရေပန်းစားနေတဲ့  Career တစ်ခုပါ။ကိုယ်တိုင်က Marketing ပိုင်းကို စိတ်ဝင်စားသူ ဆိုရင်တော့ Digital Marketing နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်သင့်ပါတယ်။ အခုခေတ်က ဒစ်ဂျစ်တယ်ခေတ် မို့ ဒစ်ဂျစ်တယ် Market ing  အလုပ်က တော့ တော်တော်လေးကို ရေပန်းစားနေပါတယ်။

HR(Human resources)

Image:Shutterstock(by By TRMK)

ဘယ်ကုမ္ပဏီမှာပဲ ဖြစ်ဖြစ် HR ဆိုတာက မဖြစ် မနေကို လိုအပ် ပါတယ်။HR Field ထဲကတော့ မိန်းကလေး အများစု ရွေးချယ် ကြတဲ့ Field ပါ။ကိုယ်တိုင်ကလည်း တကယ်လို့ ရုံးပိုင်း Human resources ပိုင်းကို သွားဖို့ စိတ်ကူးရှိတယ်၊Management ပိုင်းကို ၀ါသနာ ပါတယ်ဆိုရင်တော့ HR နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို  သေချာ ပေါက် ရွေးချယ် သင့်ပါတယ်။

READ
အလုပ်မှာ တက်ကြွမှုမရှိဘဲ ပျင်းရိနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲ

IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေ

IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ရော  အလုပ်အကိုင်တွေ ပါ တော်တော်လေး ရေပန်းစားလာပါတယ်။IT ကတော့ အရမ်းကို ကျယ်ပြန့် ပါတယ်။သင်ယူလေ့လာ စရာတွေက လည်း အများကြီးပါ။ကိုယ်တိုင်က IT ဘက်ကို စိတ်ဝင် စားတယ်ဆိုရင်တော့ IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို တက်ရောက်သင့်ပါတယ်။

Image :Shutterstock (by By vectorfusionart)

Finance & Accounting

လစာ ကောင်းကောင်းရတဲ့ အလုပ်တွေထဲက တစ်ခုပါ။  ဘယ် ခေတ်ပဲ ရောက်ရောက် လစာကောင်းတဲ့ အလုပ်တွေ ထဲမှာ Finance and Accounting က ထိပ်ဆုံးကလို့ ပြောလို့ရပါတယ်။ကိုယ်တိုင်လည်း ငွေ ကြေး စီမံ ခန့်ခွဲ ရတာ  ကြိုက်တယ်ဆိုရင်တော့ Finance and Accounting သင်တန်းတွေကို လည်း တက်ရောက်ထားသင့်ပါတယ်။

#SHWEMOM

SHARE