ဆိုရှယ်မီဒီယာပေါ်မှာ လွှမ်းမိုးမှုအရှိဆုံး ကမ္ဘာအနှံ့က တော်ဝင်မိသားစုတွေ

Instagram

ဒီဖက်ခေတ်တွေမှာတော့ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုတွေအနေနဲ့ ကိုယ့်တိုင်းပြည်ထဲမှာပဲ သြဇာလွှမ်းမိုးနေရုံနဲ့ မရတော့ပါဘူး။ သူတို့ရဲ့ ပုံရိပ်ကို ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် မျှဝေပြီး ပိုလို့ နာမည်ကျော်ကြားအောင် လုပ်ဖို့လည်း လိုနေပါပြီ။

သူတို့က နိုင်ငံတွင်းမှာ နာမည်ကျော်သူတွေဖြစ်တာနဲ့အညီ သူတို့ရဲ့ ပုံရိပ်တွေကလည်း မြင်သူတိုင်းက အားကျမှု၊ လေးစားမှုတွေရသွားစေဖို့ လိုနေတာပါ။ တချို့ကလည်း တော်ဝင်မိသားစုဝင်တွေဖြစ်ကြပေမယ့် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေကြတဲ့ ပုံရိပ်တွေနဲ့ သူတို့ရဲ့ဘ၀နေနည်းကို မျှဝေလေ့ရှိကြပြီး၊ တချို့ကလည်း အများက လေးစားရသူတစ်ယောက်ဖြစ်အောင် သူတို့ကိုယ်သူတို့ တည်ဆောက်ကြတာပါ။

ကဲ….ကမ္ဘာအနှံ့မှာရှိတဲ့ တော်ဝင်မိသားစုဝင်တွေထဲမှာ ဆိုရှယ်မီဒီယာပေါ် အစိုးမိုးနိုင်သူစာရင်းကို ကြည့်လိုက်ရအောင်။

 

View this post on Instagram

 

Happy Birthday to The Duke of Sussex – 35 today! #HappyBirthdayHRH 🎉 📸 Press Association

A post shared by The Royal Family (@theroyalfamily) on

(၁)။ ဗြိတိန်ရဲ့တော်ဝင်မိသားစု

အင်စတာဂရမ်မှာတော့ ဗြိတိန်ရဲ့ တော်ဝင်မိသားစုတွေကို ဘယ်တော်ဝင်တွေကမှ မယှဉ်နိုင်ကြပါဘူး။ ဘုရင်မကြီးရဲ့ပုံရိပ်ကိုသုံးပြီး ဖွင့်ထားတဲ့ “British royal family” ဆိုတဲ့အကောင့်မှာ ပရိသတ် (၆.၇)သန်း ရှိပါတယ်။ မင်းသားဝီလီယံနဲ့ ကိတ်တို့ဖွင့်ထားတဲ့ အင်စတာဂရမ်အကောင့်မှာတော့ ပရိသတ် (၁၀)သန်းကျော်ရှိနေပြီး ၊ မင်းသားဟယ်ရီနဲ့မီဂန် တို့ရရဲ့ အင်စတာဂရမ်အကောင့်မှာ ပရိသတ် (၉.၄)သန်းကျော်ရှိပါတယ်။

 

View this post on Instagram

 

It was great catching up with you! @cristiano I wish you the best of luck.

A post shared by Fazza (@faz3) on

(၂)။ ရှိတ်မိုဟာမက် ဘင် ရာရှစ်

READ
ကမ္ဘာပေါ်မှာသရဲအခြောက်ဆုံး ဟိုတယ်(၃)ခု

ဖက်ဇာ လို့ လူသိများကြတဲ့ အသက် (၃၆)နှစ်အရွယ် ဒူဘိုင်းတော်ဝင်မင်းသားကလည်း အင်စတာဂရမ်မှာ နာမည်ကြီးသူတစ်ယောက်ပါ။ သူက အင်စတာဂရမ်ပရိသတ် (၈.၅)သန်းအထိ ပိုင်ဆိုင်ထားပြီး သူ့ရဲ့ကြွယ်ဝချမ်းသာတဲ့ ဘ၀နေထိုင်နည်းတွေက လူအများစုကို သဘောကျစေခဲ့ပါတယ်။ သူက ကဗျာဆရာတစ်ယောက်လည်းဖြစ်၊ လေဟုန်စီးရတာကိုကြိုက်သူတစ်ယောက်လည်းဖြစ်သလို မြင်းစီးချန်ပီယံတစ်ယောက်လည်းဖြစ်ပါတယ်။

(၃)။ အယ်လ်ဟူစိန်ဘင်အက်ဘ်ဒူလာ (ဂျော်ဒန်)

ဂျော်ဒန်ရဲ့တော်ဝင်မင်းသား အယ်လ်ဟူစိန် တစ်ယောက်ကလည်း အင်စတာဂရမ်မှာ ပရိသတ် (၂)သန်းကျော် ရှိသူပါ။ သူက ချစ်စရာကောင်းတဲ့ မိသားစုဘ၀ ပုံရိပ်တွေနဲ့ ဆိုရှယ်မီဒီယာပရိသတ်တွေကို ဖမ်းစားဖို့ ကြိုးစားသူဖြစ်ပြီး ဆွံ့အနားမကြားကလေးငယ်တွေအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ကာ ကူညီပေးသူပါ။

 

View this post on Instagram

 

It’s been a blast, thank you Philippines!

A post shared by Mateen (@tmski) on

(၄)။ အက်ဘ်ဒူ မာတင် (ဘရူနိုင်း)

READ
ကမ္ဘာပေါ်မှာ ရှိလိမ့်မယ်လို့ သင်ထင်ထားမှာ မဟုတ်တဲ့ အံ့ဖွယ်အမျိုးသမီးများ

ဘရူနိုင်းရဲ့တော်ဝင်မင်းသားလေး မာတင် ကတော့ အင်စတာဂရမ်ပရိသတ် (၁)သန်းကျော်ရှိသူဖြစ်ပြီး ယောင်္ကျားပီသတဲ့ပုံစံကြောင့် နာမည်ကြီးတဲ့သူပါ။ အသက် (၂၈)နှစ်အရွယ် မင်းသားဟာ ပိုလိုကစားရတာကို ၀ါသနာပါသူဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်ဝင်စားမှုကို ခံရသူတစ်ယောက်ပါ။

 

View this post on Instagram

 

Stay confident with the amazing Tak Bongkod @bong_kod_tak and her special #SIRIVANNAVARI Blue choker.

A post shared by SIRIVANNAVARI BANGKOK OFFICIAL (@sirivannavari_shop) on

(၅)။ ဆရီဗန်နာဗာရီ (ထိုင်း)

ထိုင်းနိုင်ငံရဲ့ မင်းသမီးလေး ဆရီဗန်နာဗာရီ နာရီရက်တာနာ ကတော့ ထိုင်းတော်ဝင်မိသားစုက သမီးတော်လေးပါ။ အသက် (၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူမ မှာ အင်စတာဂရမ်ပရိသတ် (၂)သိန်းကျော်ရှိပြီး အားကစားနဲ့ဖက်ရှင်ပိုင်းမှာ လူသိများပါတယ်။ အထူးသဖြင့် သူ့ရဲ့ ဖက်ရှင်လုပ်ငန်းက ထိုင်းနိုင်ငံတွင်းမှာ လျှင်လျှင်မြန်မြန်ပဲ အောင်မြင်နေပြီး အမျိုးသမီးပရိသတ် များစွာကို ပိုင်ဆိုင်ထားသူပါ။

 

View this post on Instagram

 

A post shared by TPJ (@tunku_abdul_rahman) on

(၆)။ တန်ကူ အက်ဘ်ဒူ ရာမန် (မလေးရှား)

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရဲ့ မင်းသား တန်ကူ ကတော့ အင်စတာဂရမ်ပရိသတ် (၄)သိန်းခွဲလောက် ပိုင်ဆိုင်ထားသူပါ။ သူက ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသမား တစ်ယောက်ဖြစ်ပြီး မြင်သူတိုင်းက အားကျစေမယ့်ဘ၀မျိုးကို ပိုင်ဆိုင်ထားတဲ့သူပါ။

Linn

SHARE