အအေးမိခြင်းဝေဒနာတွေကို သက်သာစေမယ်ဆိုတဲ့ ဝီစကီတစ်ပက်ရဲ့အစွမ်း

Pixabay- Mojpe, PublicDomainPictures

ဝီစကီဆိုရင် ကျွန်တော်တို့ဟာ အရက်သေစာလို့ပဲမြင်နေတတ်ကြတယ်မဟုတ်လား။ ဒါပေမဲ့ Bolde မှ ဖော်ပြချက်အရ ဝီစကီဟာ အေးအမိခြင်းကို သက်သာစေနိုင်တယ်ဆိုတာ သင်သိပြီးပြီလား။

Pixabay- blickpixel

အအေးမိတဲ့ဝေဒနာကလည်း သေစေနိုင်လောက်တာမဟုတ်ပေမယ့်လို့ အခြေအနေဆိုရင် တော်တော်လေးကို နေရထိုင်ရခက်တတ်ပါတယ်။ နှာခေါင်းထဲက နှာရည်တွေအဆက်မပြတ်ကျ၊ ခေါင်းတွေတဒုန်းဒုန်းကိုက်၊ မျက်လုံးတွေပူပြီး အာခေါင်တွေခြောက်၊ လည်ချောင်းတွေနာပြီး ဘာမှလည်းမလုပ်နိုင်၊ မစားနိုင်နဲ့လေ။ ဒီလိုဝေဒနာတွေကို သက်သာစေဖို့ ဝီစကီကကူညီပေးတယ်ဆိုတော့ ဝီစကီကို ဘယ်လိုသောက်ရမှာလဲဆိုတာ သိချင်နေကြပြီလို့ထင်မိပါတယ်။

ပထမဆုံးကတော့ ပူပူရှိန်းရှိန်းဝီစကီဆေးလေးပါပဲ။ ဒါကိုပြုလုပ်ဖို့အတွက်ဆိုရင်တော့

(၁) ဝီစကီ

(၂) ပျားရည်

(၃) သံပုရာရည်

(၄) ရေနွေးဖြူတို့ပဲလိုအပ်ပါတယ်။

ရေနွေးပူပူထဲကို ဝီစကီတစ်ပက်ရော၊ ပျားရည်ကို ထမင်းစားဇွန်း ၁ သို့မဟုတ် ၂ ဇွန်းခန့်ထည့်၊ ပြီးရင် သံပုရာသီးတစ်လုံကို ညှစ်ချလိုက်ပါ။ နှံ့အောင်မွှေပြီးသောက်ပေးရုံနဲ့တင် အအေးမိဝေဒနာတွေမှ သက်သာစေနိုင်မှာပါ။ ဒီနည်းလမ်းကတော့ အရက်သိပ်မများပါဘူး။ ဒါမှမဟုတ် ဝီစကီချည်းပဲ တစ်ပက်ရဲ့တစ်ဝက်လောက် မော့ချလိုက်ရုံနဲ့လည်း အဆင်ပြေစေမှာပါတဲ့။

READ
ကမ္ဘာ့အဆိုးရွာဆုံး Tattoo ပုံတွေကို the sun သတင်းစာက စုစည်းဖော်ပြခဲ့

ဝီစကီနဲ့ အအေးမိဝေဒနာတို့ ဆက်စက်ပုံကိုတော့ ABC သတင်းဌာနနဲ့ Dr. William Schaffner တို့ရဲ့ အင်တာဗျူးဗီဒီိယိုအရ သိခဲ့ရတာပါ။ အရက်ဟာ ခန္ဓာကိုယ်ထဲ ရောက်ရောက်ပြီးချင်း သွေးကြောတွေကို အနည်းငယ်ကျယ်စေတဲ့အတွက် သွေးကြောပွင့်သွားစေပါတယ်တဲ့။ ဒီလိုပွင့်သွားတဲ့အခါ အအေးမိခြင်းကို ဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ရာမှာ အဓိကကျတဲ့ ခန္ဓာကိုယ်ထဲက အမှေးပါးတွေရဲ့ လုပ်ဆောင်မှုကိုပိုမြှင့်တက်စေပါတယ်တဲ့။

ဒါပေမဲ့ ဝီစကီသောက်လို့ အအေးမမိဘူး၊ အအေးမိတာ ပျောက်ကင်းစေတယ်လို့မဟုတ်ပါဘူးနော်။ အအေးမိချိန် ခံစားနေရတဲ့ ဝေဒနာကိုပဲ သက်သာအောင် ပြုလုပ်ပေးနိုင်တာပါ။ ဒါကြောင့်အအေးမိတိုင်း ဆေးမသောက်ဘဲ ဝီစကီသောက်ပျောက်တော့ လုပ်လို့ရမှာမဟုတ်တာကိုတော့ သတိထားပေးကြပါ။

Pixabay- Mojpe

Penny

SHARE