Influencer အမည်ခံတွေဟာ ခေတ်သစ်သူတောင်းစားတွေလို့ ဖောင်းထုခဲ့တဲ့ အမျိုးသား

အင်တာနက်ဟာ စီးပွားရေးလုပ်ငန်းအများအပြားအတွက်တော့ ပရိုမိုးရှင်းဆင်းလို့ကောင်းတဲ့ နေရာပါ။ အွန်လိုင်းအသုံးပြုပြီး ကုန်ပစ္စည်းကြေညာတာက လူပိုသိပြီး ပိုထိရောက်တဲ့အပြင် အခြားကြော်ငြာနည်းတွေနဲ့ ယှဉ်လိုက်ရင်လည်း သင့်တင့်လျောက်ပတ်တဲ့ ကုန်ကျစရိတ်သာ ရှိတာကြောင့် လုပ်ငန်းရှင်တွေက စိတ်ဝင်စားကြပါတယ်။ ဒီအချက်ကို အသုံးချပြီး ကိုယ့်ကိုကိုယ် Influencer လို့ သမုတ်ထားတဲ့ လူတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေကို လိမ်ညာလှည့်ဖြားဖို့ အသင့်ဖြစ်နေတတ်ပါတယ်။

Influencer တွေဟာ အွန်လိုင်းဆယ်လီတွေဖြစ်ပါတယ်။ သူတို့ရဲ့ နောက်မှာ follower ပေါင်း သောင်းချီ၊ သိန်းချီရှိတဲ့အတွက် follower တွေရဲ့ အကူအညီနဲ့ မာကတ်တင်းကမ်ပိန်းတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အချို့လူတွေက အင်စတာဂရမ်ပေါ်မှာ follower (၂,၀၀၀) လောက် ရှိရုံနဲ့တင် သူတို့ကိုယ်သူတို့ Influencer ဆိုပြီး သမုတ်ပါတယ်။ ပြီးတဲ့အခါ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေကို နေ့တိုင်း အီးမေးလ်တွေပို့ပြီး အလုပ်တောင်းပါတယ်။ အီးမေးလ်တွေထဲမှာတော့ သူတို့ဟာ Influencer ပါ၊ လုပ်ငန်းကို သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ ကြော်ငြာပေးပါ့မယ်၊ အလဲအထပ်အနေနဲ့ သူတို့ကို ဟိုတယ်မှာ စရိတ်ငြိမ်းနေထိုင်ခွင့်ပေးပါဆိုပြီး ရေးသားထားကြတာပါ။

READ
ငယ်စဉ်ကတည်းက ဝံပုလွေတွေမွေးစားခံခဲ့ရတဲ့ အမျိုးသားကြီး၊ လူလောကကို ငြီးငွေ့မိဟုဆို
rvcj

ဒါတွေကို သည်းမခံနိုင်တော့တဲ့ ဖိလစ်ပိုင်က White Banana Beach Club မှာ အလုပ်လုပ်နေတဲ့ ပိုင်ရှင်မန်နေဂျာ ဂီယန်လူကာ ကတော့ သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားတင်ခဲ့ပါတယ်။

Facebook

“…ကူညီကြပါဦး။ ကျွန်တော်တို့ ဟိုတယ်အနေနဲ့ ဆိုရှယ် Influencer လို့ ဆိုတဲ့ လူတွေဆီက စာတွေ အများကြီးရပါတယ်။ စာတွေကတော့ ကျွန်တော်တို့ ဟိုတယ်နဲ့ ပူးပေါင်းအလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ စာတွေပါ။ ဒါပေမယ့် White Banana အနေနဲ့ မေတ္တာရပ်ခံချင်တာက Influencer လို့ ကိုယ့်ကိုကိုယ် အမည်တပ်ထားတဲ့သူတွေနဲ့ ပူးပေါင်းအလုပ်လုပ်ဖို့ လုံးဝစိတ်မ၀င်စားပါဘူး။ ဒါကြောင့် အခြားနည်းလမ်းတွေနဲ့ အလကား စားသောက်လို့၊ အိပ်လို့ရအောင် ကြိုးစားကြပါ။ ဒါမှမဟုတ်ရင်လည်း တကယ်အလုပ်လုပ်ကြပါ…”

မန်နေဂျာဂီယန်ကတော့ ဘာရယ်မဟုတ်ပဲ အခုပို့စ်ကို အွန်လိုင်းပေါ် တင်ခဲ့တာပါ။ ဒါပေမယ့် သူ့ပို့စ်ကို ဖတ်သူ၊ ရှဲသူ အမြောက်အမြားရှိလာခဲ့ပြီး အားလုံးက သူ့ဘက်ကနေ ၀ိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။ အချို့ကလည်း fanbase ထုနဲ့ထည်နဲ့ မရှိပဲ Influencer လုပ်သူတွေကို ခေတ်သစ်သူတောင်းစားတွေဆိုပြီး ခိုင်းနှိုင်းခဲ့ပါတယ်။ Influencer အချို့ကတော့ အခုပို့စ်နဲ့ ပတ်သက်လို့ မကျေနပ်ကြပါဘူး။

READ
ဒေါ်လာ2သိန်းကျော်တန်ကားဝယ်ပြီးနာရီပိုင်းအတွင်း တိုက်မှုဖြစ်ပြီး မီးလောင်ပျက်စီး
Facebook
rvcj

ဒါကြောင့် မန်နေဂျာဂီယန်က Influencer တွေအားလုံး သူ့ကို အမြင်မစောင်းရအောင် ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ အဲဒါကတော့ သူဟာ အရင်တုန်းကလည်း Influencer အချို့နဲ့ လက်တွဲအလုပ်လုပ်ဖူးပြီး သူ့လုပ်ငန်းကို ကြော်ငြာထည့်ဖူးကြောင်း၊ အခုပို့စ်ကတော့ ပရိုဖက်ရှင်နယ် Influencer လည်း မဟုတ်ပဲ ဟိုတယ်တွေဆီမှာ ဖရီးကစ်ရိုက်ချင်တဲ့ အချောင်သမားတွေကိုသာ ရည်ညွှန်းကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: rvcj

SHARE