ရင်သားခွဲစိတ်မှုနဲ့အတူ၊ အသားရောင် အဖြူမှအမည်းသို့ ခွဲစိတ်ပြောင်းလဲခဲ့တဲ့ မော်ဒယ်

တစ်ချို့သူတွေကတာ့ အသားဖြူချင်ကြပါတယ်။ အသားမည်းတဲ့သူတွေဟာ ဒေသအသီးသီးမှာ အနှိမ်ခံ၊ အသားရောင် ခွဲခြားခံရတဲ့ ဓလေ့ဆိုးတွေ ယခုထက်ထိ ရှိနေပါသေးတယ်။ ဒီတော့ တော်တော်များများက ဖြစ်နိုင်ရင် ရှိရင်းစွဲ အသားရည်ထက် ပိုဖြူလိုကြပါတယ်။ ဒါပေမယ့် Mirror မှာ ဖော်ပြထားတဲ့ သတင်းကတော့ ပြောင်းပြန်လို့ ဆိုရမှာပါ။

Barcroft Media

အသက် 28 နှစ်အရွယ် မော်ဒယ် Martina Big ကတော့ သူမရဲ့ အရေပြားအောက်မှာ အသားမည်းစေတဲ့ Injection အလုံးပေါင်း 50 အထိ ထိုးသွင်းမှု ခံယူခဲ့သူပါ။ ဒါကြောင့် သူမဟာ အသားရေမည်းတဲ့သူတစ်ယောက် ဖြစ်သွားပါတယ်။ သူမက “မည်းတဲ့ အသားရေကို ပိုင်ဆိုင်ရလို့ ကျမ ဂုဏ်ယူပါတယ် “လို့ ဆိုပါတယ်။

Barcroft Media

ဒါအပြင် Big ဟာ ပေါင် 5 သောင်းအထိ အကုန်အကျခံပြီး ရင်သားခွဲစိတ်မှု ပြုလုပ်ခဲ့ကာ အခုအခါမှာဆို ဧရာမရင်သား 32S အရွယ်အစားနဲ့ လိုက်ဖက်တဲ့ အသားရေ မည်းမည်းကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။ Big ဟာ ဗြိတိန်ရုပ်သံတစ်ခုဖြစ်တဲ့ Maury Show အစီအစဉ်မှာ သူမရဲ့ သဘောထားကို ပြောခဲ့ပါတယ်။

READ
အဓမ္မကျင့်မယ့်သူကို HIV ရောဂါပိုးရှိကြောင်း လိမ်ပြောခဲ့လို့ သက်သာရာရခဲ့တဲ့ အဖွားအို
Barcroft Media

Big က ” မည်းတဲ့အသားရေကို ပိုင်ဆိုင်ရလို့ ကျမ ဂုဏ်ယူပါတယ် … သူတို့က ဒါ ပေါ်ပင်လုပ်တာလားလို့ မေးလာရင် ကျမက ဒီထက်တောင် ပိုမည်းချင်သေးတာလို့ ဖြေမိမှာပါ … အမည်းရောင်ဖြစ်ရတာ ကောင်းပါတယ် … ဒီထက် စိတ်ထဲက ခံစားရတဲ့ ခံစားမှုက ပိုကောင်းပါတယ် “လို့ ပြောခဲ့ပါတယ်။

Barcroft Media

Big ဟာ ယခင်က ဂျပန်လေကြောင်းလိုင်းတစ်ခုမှာ လေယာဉ်မယ်ဖြစ်ပြီး၊ သူမခန္ဓာကိုယ်ရဲ့ 80% ကို အမည်းရောင် ပြောင်းလဲခဲ့သူပါ။ ဒီအတွက် ခင်ပွန်းကိုယ်တိုင်က လိုလိုချင်ချင် ကူညီခဲ့ပြီး၊ သူကိုယ်တိုင်လည်း အသားမည်းဖို့ ဆေးထိုးခဲ့သူလို့ သိရပါတယ်။

Barcroft Media

Big 2012 ခုနှစ်မှာ ပထမဆုံး ခွဲစိတ်မှုခံယူခဲ့ပြီး ထိုစဉ်က သူမဟာ ဘာဘီရုပ်နဲ့တူချင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာရင်သားအကြီးဆုံးအလှမယ်အဖြစ် စံချိန်တင်နိုင်အောင် ကြိုးစားဦးမှာဖြစ်ကြောင်း ဆိုပါတယ်။ သူမရဲ့ ရင်သားအရွယ်အစားဟာ ယခင်က 26.8 လက်မ ရှိခဲ့ပြီး အခုဆို 49.6 လက်မ ရှိနေပါပြီ။

READ
ကမ္ဘာ့ဖလားမှာ ထူးထူးခြားခြား လက်ပစ်ဘောမြှောက်ဖို့ ကြိုးစားခဲ့တဲ့ အီရန်နောက်ခံလူ

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE