မန်ယူကိုရောက်တော့မယ့် Hirving Lozanoဆိုတာဘယ်သူလဲ

မန်ယူအသင်းက လတ်တလော Hirving Lozanoကိုရယူဖို့ အပြင်းအထန်ကြိုးစားနေပြီးရဖို့လည်း ကျိန်းသေသလောက်
ရှိနေပါပြီ။ သူက အသက်၂၀ပဲရှိပါသေးတယ်။ Pachuca အသင်းရဲ့တိုက်စစ်မှုးလည်းဖြစ်ပါတယ်။

Hirving Lozano ဘယ်နေရာမှာကစားလဲ?

Lozano က မက္ကဆီကိုရဲ့အလားအလာအရှိဆုံးလူငယ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူက ရှေ့တန်းမှာ ဘယ်
တောင်ပံ၊ညာတောင်ပံ၊ တိုက်စစ်မှုး ၃နေရာလုံးမှာ ကစားနိုင်ပါတယ်။ ညာသန်ဖြစ်ပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ်
တစ်ယောက်ဖြစ်ပါတယ်။

Hirving Lozano ရဲ့အားသာချက်တွေက ဘာတွေလဲ?

Lozanoဟာ အရမ်းလျှင်မြန်ပါတယ်။ တစ်ဖက်အသင်းရဲ့နောက်ခံလူတွေနဲ့ပြိုင်ပြေးရင် အမြဲလိုလို အနိုင်ရလေ့ရှိပါ
တယ်။ သူက အလိမ်အခေါက်လည်းကျွမ်းကျင်ပြီး ဘောလုံးထုတ်တဲ့နေရာမှာလည်း တစ်ဖက်သားခံစစ်မှုးတွေမခန့်မှန်း
တဲ့ဘက်ကိုထုတ်လေ့ရှိပါတယ်။ အခွင့်အရေးဖန်တီးပေးတဲ့နေရာမှာလည်း တော်တော်လေးထူးချွန်တာတွေ့ရပါတယ်။

Hirving Lozano ကိုဘယ်သူရှာတွေ့ခဲ့တာလဲ?

မန်ယူအသင်းရဲ့ အဓိကကင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့ Jim Lawlor ကရှာဖွေတွေ့ရှိခဲ့တာလို့ယူဆရပါတယ်။
Javier Hernandezနောက် နောက်ထပ်ထူးချွန်လာနိုင်မယ့် မက္ကဆီကန်တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့တာလည်းဖြစ်
ပါတယ်။

READ
၁၉-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

Hirving Lozano ရဲ့ဂိုးသွင်းနှုန်း

သူဟာ Pachuca အသင်းအတွက် ၉၁ပွဲ ပွဲထွက်ခဲ့ပြီး ၂၁ဂိုးသွင်းယူပေးထားပါတယ်။ အသက်ငယ်ငယ်ကစားသမား
တစ်ယောက်အနေနဲ့အထင်ကြီးသင့်တဲ့ ဂိုးသွင်းနှုန်းဖြစ်ပါတယ်။ သူဟာ များသောအားဖြင့် တောင်ပံမှာဆော့လေ့ရှိတဲ့
အတွက် တိုက်စစ်မှုလောက် ဂိုးမများတာတော့ ထည့်ပြောစရာလိုမယ်မထင်ပါဘူး။

lozano

 Hirving Lozano က နိုင်ငံအသင်းအတွက်ကစားဖူးလား

သူက မက္ကဆီကိုအသင်းအတွက် 2016 Copa Americaမှာ ၄ကြိမ်ပွဲထွက်ထားပါတယ်။ နိုင်ငံအသင်းအတွက် U-23 နဲ့ U-20တွေမှာလည်း ပွဲထွက်ဖူးပါတယ်။ နိုင်ငံအသင်းအတွက်တော့ တစ်ဂိုးပဲသွင်းယူရပါသေးတယ်။

Source:Metro

Shwemom

 

 

SHARE