သင်မသိသေးတဲ့ တေလာဆွဖ်ချစ်သူ မင်းသား Joe Alwyn အကြောင်း

Twitter / Insider

အမေရိကန်ပေါ့ပ်အဆိုတော်မလေးတေလာဆွဖ်ရဲ့လက်ရှိချစ်သူ ကတော့ မော်ဒယ်နဲ့သရုပ်ဆောင်Joe Alwyn ဆိုတာ အားလုံးသိရှိပြီးသားဖြစ်မှာပါ။

သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်နှောင်းပိုင်းလောက်ကစပြီး ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ တေလာဆွစ်ဟာ သူမအရင်ချစ်သူTom Hiddleston နဲ့ပြတ်သွားပြီးမကြာခင် Alwyn နဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။

Alwyn ဟာလည်း တေလာဆွစ်လိုပဲ မီဒီယာကို သူ့ကိုယ်ရေးကိုယ်တာတွေသိပ်ဖော်ပြလေ့မရှိသူပါ။ အေးအေးဆေးဆေးနဲ့သိုသိုသိပ်သိပ်နေတတ်သူတစ်ဦးဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က အင်တာဗျူးတစ်ခုမှာ “The Favourite,” “Mary Queen of Scots,” and “Boy Erased”ဇာတ်ကားနဲ့ပတ်သက်တဲ့သူ့သရုပ်ဆောင်အခန်းကဏ္ဍကိုပဲ အဓိကပြောပြပေမယ့်၊ သူ့အချစ်ရေးအကြောင်းအသေးစိတ်ကိုတော့ သိုဝှက်ထားဖို့ သတိထားနေပုံပါပဲ။ ကဲ ဗြိတိန်မင်းသားချော Joe Alwyn အကြောင်းလေးတွေကို ဖော်ပြပေးလုက်ပါတယ်နော်။

#သရုပ်ဆောင်ကောင်းသူတစ်ယောက်

အနုပညာမျိုးရိုးကဆင်းသက်လာသူပီပီ သရုပ်ဆောင်ကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Alwyn ဟာ Ang Lee’s 2016 follow-up to “Life of Pi.ဇာတ်ကားမှာ မပါဝင်ခင် လန်ဒန်ရဲ့ပြဇာတ်ရုံမှာ နှစ်အတော်ာကြာ သရုပ်ဆောင်လုပ်ခဲ့သူပါ။ ၂၀၁၇ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့”The Sense of an Ending,” ဒရမ်မာကားမှာ Alwyn ရဲ့သရုပ်ဆောင်ချက်တွေကို တုန့်ပြန်ချက်ကောင်းတွေရရှိခဲ့ပြီး သူ့ကိုဝိုင်းဝန်းချီးကျုးခဲ့ကြပါတယ်။

#သာမန်ဘ၀ တက်လာသူ

READ
အိပ်နေရင်းယောင်ပြီး ထူးဆန်းတဲ့အပြုအမူတွေ လုပ်ခဲ့တဲ့မိခင်ကို ဗီဒီယိုရိုက်ကူးခဲ့တဲ့ အမျိုးသား

Alwynဟာ တေလာနဲ့ချစ်သူတွေဖြစ်တဲ့သတင်းမထွက်ခင် အရင်က သူ့တွစ်တာအကောင့်မှာ followers သုံးထောင်ပဲရှိပါတယ်။ အဲဒီတွစ်တာအကောင့်ကိုလည်း “Billy Lynn’s Long Halftime Walk.”ဇာတ်ကားကို ပရိုမိုးရှင်းလုပ်ဖို့သာ အသုံးပြုခဲ့တာပါ။ တွစ်တာတင်မဟုတ် Instagramကိုလည်း တစ်ခါတလေမှသာ အသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် တေလာနဲ့ချစ်သူဖြစ်ပြီးနောက်ပိုင်း လက်ရှိမှာ followers နှစ်သိန်းကျော်ရှိနေပါပြီ။၂၀၁၈ခုနှစ်အထိ သူ့မိဘတွေနဲ့အတူနေထိုင်တယ်လို့သိရပေမယ့် တေလာနဲ့ချစ်သူဖြစ်ပြီးနောက်မှာတော့ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို သိုဝှက်ထားပါတော့တယ်။

#မိဘတွေကြောင့်အနုပညာကိုချစ်ခင်တတ်လာသူ

Alwyn ဟာ အနုပညာမျိုးရိုးက ဆင်းသက်လာသူလို့ဆိုရင်မမှားပါဘူး။ သူ့ရဲ့ဖခင်က “crisis zonesဇာတ်ကားကို ဖန်တီးခဲ့တဲ့ မှတ်တမ်းရိုက်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်။ မိခင်က စိတ်ရောဂါကုပညာရှင်တစ်ဦးဖြစ်ပြီး မိဘနှစ်ဦးကပဲ Alwynကိုရုပ်ရှင်နဲ့ပြဇာတ်လောကထဲ ပို့ဆောင်ပေးခဲ့တဲ့အဓိကဇာတ်လိုက်တွေပါ။

#Alwyn ကို ရည်ရွယ်ထားတဲ့ မကြာသေးမီကထွက်ရှိလာတဲ့ Swift ရဲ့”Lover”သီချင်းအယ်ဘမ်

 တေလာဆွစ်ဟာအချစ်သီချင်းတော်တော်များများရေးသားခဲ့ပြီး၊ သူ့ဘ၀မှာတွေ့ကြုံခဲ့သူတွေအကြောင်းကို အချစ်သီချင်းတွေအဖြစ် ဖန်တီးတတ်သူရယ်လို့ ပရိတ်သတ်တော်တော်များများက သိကြပါတယ်။ဘဲတွေကိုခုတုံးလုပ်ပြီး ကုန်ကြမ်းရှာတယ်လို့ Hater တွေရဲ့အပြောခံရသူပါ။

အခုလက်ရှိမှာ သူမက  Alwyn နဲ့ ဒိတ်နေတာကြောင့် သူမရဲ့ Reputation အယ်လ်ဘမ်က သီချင်းစာသားတွေမှာ Alwynကိုရည်ရွယ်လေအုံးမလားဆိုပြီး fansတွေက အာရုံစိုက် စောင့်ကြည့်ခဲ့ကြပါတယ်။

ဖန်တွေထင်တဲ့အတိုင်းပါပဲ “Reputation” albumက  “Gorgeous” သီချင်းစာသားတွေဟာ Alwynအပေါ်ထားရှိတဲ့သူမရဲ့အချစ်အကြောင်းကိုရည်ညွှန်းထားခဲ့တာပါ။

Swiftရဲ့နောက်ဆုံးအယ်ဘမ်ဖြစ်တဲ့ “Lover”ကတော့ (၂၀၁၉)သြဂုတ်လမှာထွက်ရှိခဲ့ပြီး၊ဖန်တွေထင်တဲ့အတိုင်း  British မင်းသားAlwynကို တထစ်ချရည်ရွယ်ထားပြန်ပါတယ်။ သီချင်းစာသားထဲမှာ ရာသီသုံးရာသီလုံးမင်းကိုချစ်တယ်၊ ဟန်နီ ဆိုပြီး အရိုတစ်လိုင်း ဖန်တီးထားပါတယ်။

Khaing

READ
မျက်လုံးတွေ ကျွတ်ကျသွားအောင် ဖမ်းစားလိုက်ပြန်တဲ့ Demi Rose

Source : insider , wiki , twitter

SHARE