ကောင်မလေးတွေကြွေတတ်တဲ့ဒီလိုကောင်လေး (၅)မျိုးထဲမှာ သင်အကြိုက်ဆုံးကိုပြောခဲ့ပါ။

မိန်းကလေးတွေဟာ ချောတိုင်းလည်း မကြိုက်တတ်ကြပါဘူး။ ဒါပေမယ့် သူတို့ကြိုက်တဲ့ ပုံစံလေးနဲ့ ကောင်လေးကိုတော့ တဖြုတ်ဖြုတ်ကြွေတတ်ကြပါတယ်။ ကောင်မလေးတွေ တော်တော်များများ ကြိုက်တတ်တဲ့ ကောင်လေးတွေရဲ့ ပုံစံလေးတွေကို ဖော်ပြပေးမယ်နော်။ သင်ရော ဘယ်လို ကောင်လေးမျိုးလေးကို ကြိုက်လဲ ကြည့်ကြည့်လိုက်ပါဦး။

(၁) ရယ်လိုက်ရင် မျက်လုံးမှိတ်သွားတဲ့ကောင်လေး

ကောင်မလေးတွေဟာ မျက်ရစ်မရှိတဲ့ ကောင်လေးတွေကို ကြိုက်တတ်ကြပါတယ်။ အထူးသဖြင့် ရယ်လိုက်ရင် မျက်လုံးမှိတ်သွားတဲ့ ကောင်လေးတွေကို ခိုက်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မျက်လုံးလေးကပါလိုက်ပြုံး နေသလိုဖြစ်တာကြောင့် ကြည့်ရတာ အရမ်း စိတ်ကြည်နူးစရာကောင်းလို့ပါ။

(၂) သွားလှတဲ့ကောင်လေး

အချို့ မိန်းကလေးတွေဟာ သွားလေးတွေဖြူဖွေးပြီး ညီညာနေတဲ့ ကောင်လေးတွေကို ကြိုက်တတ်ကြပါတယ်။ ဒီလိုယောက်ျားလေးတွေ အားရပါးရရယ်တဲ့ အခါမှာ အရမ်းကို ရင်ခုန်ပြီး ပျော်လည်း ပျော်ကြပါတယ်။ သူတို့ရယ်လိုက်တိုင်း သူတို့ရဲ့ အပြုံးတွေ ကူးစက်သွားပြီး နွေးထွေးမှုကို ခံစားရလို့ဖြစ်ပါတယ်။

READ
အနာဂတ်ခင်ပွန်းလောင်းကို တွေ့ထားပြီးပြီဆိုတာ သေချာစေတဲ့အချက်များ

(၃) စတိုင်ကျတဲ့ကောင်လေး

ကြည့်လိုက်တာနဲ့ ခေါင်းအစ ခြေအဆုံး စတိုင်ကျပြီး၊ တွဲဖက်ဝတ်ဆင်မှုတွေ အားလုံး ဖက်ရှင်ကျနေတဲ့ ကောင်လေးတွေကိုလည်း ကောင်မလေးတွေက ကြွေတတ်ကြပါတယ်။ သန့်ပြန့်ပြီး စတိုင်ကျအောင် ဝတ်တတ်တဲ့ကောင်လေးတွေဟာ မျက်စိထဲမှာ အေးချမ်းပြီး ဆွဲဆောင်မှုလည်း အရမ်းရှိကြပါတယ်။

(၄) Gentleman

မိန်းကလေးတွေဟာ နူးညံ့ပြီး ကြင်နာတတ်တဲ့ ယောက်ျားလေးတွေကို အထူး နှစ်သက်ကြပါတယ်။ သိပ်မချောရင်တောင် အလိုက်သိပြီး မိန်းကလေးတွေကို ငဲ့ညာတတ်တဲ့ ကောင်လေးတွေဟာ ကောင်မလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ နေတတ်ထိုင်တတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ အမူအရာအပြောအဆိုလေးတွေကြောင့် ကောင်မလေးတွေ တဖြုတ်ဖြုတ်ကြွေနေရတာဖြစ်ပါတယ်။

(၅) ဂစ်တာတီးတတ်ပြီးသီချင်းဆိုကျွမ်းကျင်သူ

မိန်းကလေးတွေဟာ ဂစ်တာကောင်းကောင်း တီးပြီး သီချင်းဆိုနိုင်တဲ့ ကောင်လေးတွေကို အရမ်းကြွေကြပါတယ်။ သူတို့ မျက်လုံးထဲမှာ ဂစ်တာတီးကျွမ်းကျင်တဲ့ ကောင်လေးတွေဟာ အရမ်းကို ဆွဲဆောင်မှုရှိတဲ့အပြင်ကို အသံပါကောင်းတယ်ဆိုရင်တော့ လုံးဝကို ပြီးပြည့်စုံတယ်လို့ ခံစားရပြီး အရမ်းကို ကြွေတတ်ကြပါတယ်။

READ
ကိုယ်ထက်အသက်ကြီးတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်း (၅)ချက်

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE