တရားလွန်ဂိမ်းကစားခြင်းကို ရောဂါတစ်ခုအဖြစ် တရားဝင်သတ်မှတ်လိုက်တဲ့ W.H.O

shutterstock

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လလောက်ကတည်းက WHO (World Health Organization) မှ နိုင်ငံတကာအသိအမှန်ပြူ ကျန်းမာရေးပြဿနာထဲ ဂိမ်းအလွန်အကျွံဆော့ခြင်းကို စိတ်ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ထည့်သွင်းဖို့အတွက် လျာထားခဲ့ပါတယ်။ တစ်နှစ်နီးပါးကြာတဲ့ အချိန်တစ်ခုမှာတော့ ဒီအဆိုပြုချက်ကို အများဆန္ဒကောက်ခံကာ တရားဝင်စိတ်ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် သဘာတူချက်ရရှိကာ ထပ်ပေါင်းကျန်းမာရေးပြဿနာစာရင်းထဲ ထည့်သွင်းခဲ့ကြပါပြီ။

အမြဲတမ်းလိုလို ရောဂါလက္ခဏာအသစ်အသစ်တွေနဲ့ တိုးပွားနေတတ်တဲ့ ICD (International Statistical Classification of Diseases and Related Health Problems) စာရင်းရဲ့ ၁၁ ကြိမ်မြာက်တည်းဖြတ်မှုစာရင်းမှာ “Gaming Disorder” လို့ သုံးနှုန်းထားပြီး စွဲလမ်းခြင်းကြောင့်ဖြေစ်ပေါ်လာတတ်တဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်းထားခဲ့တာပါ။

shutterstock

ICD-11 ရဲ့ ဖော်ပြချက်အရ အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်ရမယ်ဆိုရင်တော လူတစ်ယောက်ဟာ ဂိမ်းဆော့ဖို့အတွက်ကိုပဲ အချိန်ပြည့်စဉ်းစားပြီး တခြားလှုပ်ရှားမှုတွေအပေါ် စိတ်မဝင်စားခြင်း၊ နောက်ဆက်တွဲဆိုးကျိုးတွေကို သိနေသ်ာလည်း စိတ်ထဲမှာ ဥပက္ခပြုပြီး ဂိမ်းဆော့တာကို မလျှော့တာတွေပါဝင်လို့နေပါတယ်။ ဂိမ်းဆိုတဲ့ခေါင်းစဉ်အောက်မှာ အွန်လိုင်းရော အော့ဖ်လိုင်းဂိမ်းရော ပါဝင်နေပြီး ဘယ်အမျိုးအစားရယ်လို့ တိတိကျကျသတ်မှတ်ထားခြင်းမရှိပါဘူး။ ဒါပေမဲ့လည်းအထူးသဖြင့် ဘယ်တော့မှမပြီးဆုံးနိုင်တဲ့ ကစားသူချင်းအချင်းချင်းချိတ်ဆက်ဆော့ရတာမျိုးတွေပါဝင်နေပါတယ်။ အလွန်ကျွံဂိမ်းဆော့ခြင်းကို ထိန်းချုပ်ဖို့အတွက်ဆိုရင်တော့ အနည်းဆုံး ၁၂ လလောက်ကို ပုံမှန်လူမှုပတ်ဝန်းကျင်မှာ ကျင်လည်ရင်း ဂိမ်းမဆော့ဘဲနေခိုင်းရမယ်လို့လည်း ICD-11 ထဲ ဖော်ပြထားပါတယ်။

READ
ဇိမ်ခံမြို့တော်အဖြစ်မှ ပင်လယ်ရေအောက်မှာ နစ်မြုပ်ခဲ့ရတဲ့ ရောမကမ်းခြေ မြို့ကလေး

Gaming Disorder ရဲ့ ကပ်လျက်မှာတော့ လောင်းကစားနဲ့ပတ်သက်တဲ့ Gambling Disorder ကိုလည်း ဖော်ပြထားပြီး တခြားသောစွဲလမ်းမှုဆိုင်ရာ ပြဿနာတွေလည်း ပါဝင်နေပါတယ်။ Gaming Disorder ထက် ပိုဆိုးတဲ့ Hazardous Gaming ဆိုတဲ့ အမျိုးအစားတစ်ခုလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ကျန်းမာရေးအထိပါ ထိခိုက်စေနိုင်တဲ့ အဆင့်မျိုးကိုပဲ ဆိုလိုတာပါ။ ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးအထိပါ ထိခိုက်စေနိုင်တဲ့အဆင့်ပါ။

shutterstock

WHO မှ ယခုလိုထုတ်ပြန်လိုက်တဲ့အပေါ် အမေရိကန်၊ ဥရောပ၊ ကနေဒါ၊ သြစတေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့မှ နိုင်ငံတကာဗီဒီယိုဂိမ်းလောကသားတွေကတော့ ဘဝင်မကျလျက်ရှိနေပါတယ်။ ဒါကြောင့်လည်း အခုလိုမျိုး တရားဝင်မသတ်မှတ်ခင် ယာယီတင်သွင်းထားတဲ့ အချိန်မှာကတည်းကိုက ဂိမ်းစွဲလမ်းခြင်းကို စိတ်ရောဂါနဲ့ ခိုင်းနှိုင်းတာကို ဖြုတ်ချပေးဖို့အတွက် လိုလားနေကြပါတယ်။

ကန့်ကွက်တဲ့နိုင်ငံတွေထဲက တောင်ကိုရီးယားဟာဆိုရင် ကမ္ဘာပေါ်မှာ ချိတ်ဆက်ကာဆော့ရတဲ့ အွန်လိုင်းဂိမ်းတွေနဲ့ နိုင်ငံငံဝင်ငွေကို တိုးပွားအောင်ပြုလုပ်ပေးလျက်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ WHO မှ တရားလွန်ဂိမ်းဆော့တာကို စာရင်းထဲတရားဝင်သတ်မှတ်ထားတာမျိုးမဟုတ်ဘဲ လျာထားတဲ့အချိန်မှာတောင် တောင်ကိုရီးယားအနေနဲ့ ၁ နှစ်မပြည့်ခင်မှာတင် ဒေါ်လာသန်းပေါင်း ၉.၄၅ သန်းလောက် ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကြောင့်ပဲ ၂၀၁၉ ဧပြီလ ၂၉ ရက်နေ့တုန်းက တောင်ကိုရီးယား ယဉ်ကျေးမှုဝန်ကြီးဌာနမှ WHO သို့လိပ်မူပြီး ပြန်လည်သုံးသပ်ပေးဖို့ တရားဝင်စာတင်ခဲ့ပါသေးတယ်။

READ
အသဲယားဖွယ် စူထွက်နေတဲ့ဝမ်းဗိုက်ကြီးနဲ့ ကိုယ်ဝန်(၃)မွှာပူး လွယ်ထားရတဲ့ အမျိုးသမီး

ဂိမ်းအလွန်အကျွံဆော့တာဟာ စိတ်ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ICD-11 ထဲမှာ တရားဝင်သတ်မှတ်လိုက်ပြီဖြစ်သော်လည်း လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာမှာ ကုသရေးလမ်းစဉ်တွေနဲ့တခြားသော ဆက်စပ်လုပ်ဆောင်မှုတွေကို သင်ကြားလေ့လာမှာဖြစ်တယ်လို့လည်း WHO မှာ ဖော်ပြထားပါတယ်။

shutterstock
Penny (ShweMom)
SHARE