WHO အကြီးအကဲက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို အညီအမျှဖြန့်ချိနိုင်ဖို့ဟာ စွန့်စားရမယ့်ကိစ္စတစ်ခုဖြစ်လာကြောင်း ဆိုခဲ့ပါတယ်။ Tedros Adhanom Ghebreyesus က မကြာသေးခင်က အလျှိလျှိုပေါ်လာကြတဲ့ကာကွယ်ဆေးတွေကြောင့် ကြီးကြီးမားမား စာရိတ္တပျက်ပြားမှုတွေကိုပေါ်ပေါက်စေနိုင်တယ်လို့ သတိပေးခဲ့တာပါ။
View this post on Instagram
ကာကွယ်ဆေးဝယ်ယူတဲ့ဖြစ်စဉ်မှာ ကမ္ဘာနိုင်ငံတွေထဲ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကြား ကွာဟမှုတွေအများကြီး ရှိနေတာပါ။ ကာကွယ်ဆေးတွေထွက်လာတာနဲ့တစ်ပြိုင်နက် ချမ်းသာတဲ့နိုင်ငံတွေက အလုံးအရင်းနဲ့ဝယ်ယူကြတာကြောင့် ကမ္ဘာလုံးအနှံ့ ကာကွယ်ဆေးအညီအမျှရဖို့ဆိုတဲ့ကိစ္စဟာ စိုးရိမ်ဖွယ်ဖြစ်လာတယ်လို့ Tedros က ဆိုတာပါ။
ချမ်းသာတဲ့နိုင်ငံပေါင်း ၄၉နိုင်ငံမှာ ကာကွယ်ဆေးအမျိုးမျိုးအတွက် ၃၉သန်းကျော် ဆေးချိန် ရရှိနေနိုင်ပြီဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ ၂၅ ဆေးချိန်ပဲ ပေးနိုင်ပါသေးတယ်။ Tedros ဟာ ၄င်းရဲ့မိန့်ခွန်းအစမှာတော့ ၂၀၁၉ ခုနှစ်နှောင်းတုန်းက တရုတ်မှာဗိုင်းရပ်စ်ထွက်ပေါ်လာချင်းချင်းပဲ တစ်နှစ်တောင်မကြာသေးခင်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေထွက်လာတဲ့အတွက် ဝမ်းသာကြောင်းဆိုပါတယ်။
View this post on Instagram
ဒါပေမဲ့လည်း ဆင်းရဲတဲ့နိုင်ငံတွေဆီက ကျန်းမာရေးလုပ်သားတွေနဲ့ သက်ကြီးရွယ်အိုတွေမတိုင်ခင် ချမ်းသာတဲ့နိုင်ငံတွေက ငယ်ရွယ်ပြီး ကျန်းမာတဲ့အရွယ်ရောက်ပြီးသူတွေကို အရင်ဆေးထိုးပေးတာ မမှန်ဘူးဆိုတဲ့အကြောင်းလည်း သူကထည့်သွင်းပြောကြားသွားပါသေးတယ်။ Tedros ဟာ နာမည်မတပ်ဘဲနဲ့ COVAX ကိုကျော်လွန်ပြီး နှစ်ဦးသဘောတူအကျိုးအမြတ်အတွက်လုပ်ကိုင်ကြတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေအကြောင်းပါ ပြောပြသွားပါသေးတယ်။
COVAX ကတော့ WHO နဲ့ အပြည်ပြည်ဆိုင်ရာ ကပ်ရောဂါ ကာကွယ်ဆေးတီထွင်ပြင်ဆင်ရေး Gavi တို့ ပူးပေါင်းစီစဉ်ထားတဲ့ အဖွဲ့အစည်းတစ်ရပ်ပဲဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးအတွက် ဆေးကုမ္ပဏီတွေ လိုအပ်တဲ့ အချက်အလက်တွေကို COVAX က ပံ့ပိုးပေးခဲ့တာဖြစ်ပြီး အပြန်အလှန် အနေနဲ့ ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့အခါမှာ ဆေးကုမ္ပဏီတွေက COVAX ကို ကာကွယ်ဆေး မျှဝေပေးရမှာ ဖြစ်ပါတယ်။
Tedros က အမေရိကန်၊ အင်္ဂလန်နဲ့ ဥရောပတို့ကိုလည်း ဆင်းရဲတဲ့နိုင်ငံတွေဆီ ဖြန့်ဝေဖို့အတွက် ကာကွယ်ဆေးအချို့တစ်ဝက်ကို COVAX နဲ့အတူ မျှဝေပေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း cnbc အရ သိရပါတယ်။
ShweMom