ခွေးကျောင်းထွက်တိုင်း တစ်နေ့တစ်မျိုးမရိုးအောင် ၀တ်စားဆင်ယင်နေတဲ့ အမျိုးသား

jackp593

ကမ္ဘာ့နိုင်ငံ နေရာတော်တော်များများမှာ ကိုရိုနာဗိုင်းရပ်စ်ရန်ကြောက်လို့ အိမ်တွင်းအောင်းနေရတဲ့အချိန် လူတွေဟာ အချင်းချင်းပျော်ရွှင်စေဖို့ ထူးထူးခြားခြားနည်းလမ်းတွေကို လုပ်လာကြပါတယ်။ အခုအခါမှာလည်း အင်္ဂလန်နိုင်ငံ ဝေးမောက်သ်မှာနေထိုင်သူ တော်ဝင်ရေတပ်သားဟောင်းကြီးတစ်ဦးဟာ လူတွေပျော်ရွှင်အောင်  အ၀တ်အစားမျိုးစုံကိုဝတ်ပြီး အပြင်ထွက်နေခဲ့တာ ဖြစ်ပါတယ်။ Boredpanda ကတဆင့် သိရတဲ့သတင်းမှာတော့ သူဟာ အပြင်မှာခွေးကျောင်းထွက်တဲ့အခါတိုင်း ဆန်းဆန်းပြားပြားဝတ်စုံတွေကို ၀တ်ဆင်နေခဲ့တယ်လို့ ဆိုပါတယ်။

jackp593

အဆိုပါ အမျိုးသားကြီးဟာ ရောမစစ်သားစလို့ ဗြိတိသျှလင်းနို့လူသားအထိ အ၀တ်အစားမျိုးစုံကို ၀တ်ကာ သူ့ရပ်ကွက်ထဲက လူတွေ ပျော်အောင် ဖျော်ဖြေနေခဲ့တာ ဖြစ်ပါတယ်။ ခွေးကျောင်းထွက်ရင်း ရိုက်ထားတဲ့ သူ့ဓာတ်ပုံတွေကိုတော့ ၄င်းရဲ့ သူငယ်ချင်းဖြစ်သူ ဂျက်ပီက တွစ်တာအကောင့်ပေါ်တင်ပေးခဲ့တာပါ။

ခွေးကျောင်းထွက်နေတဲ့ ဆံတိုမလေး

jackp593

ရောမစစ်သားကြီး ကျွန်တော်

jackp593

ခန့်လွန်းလို့ မွေးထားတဲ့ ခွေးတောင် လည်ပြန်ကြည့်နေရတဲ့ ဦး

jackp593

ပင်လယ်ထဲထိ ခွေးကျောင်းထွက်တော့မယ့် ဓားပြကြီး

jackp593

သိုးမရှိလို့ ရှိတဲ့ခွေးပဲ ကျောင်းနေရတဲ့ အာရပ်တစ်ဦး

jackp593

ကိုဗစ်ကို အမှန်အကန်နှိမ်နင်းတော့မယ့် လင်းနို့လူသား  

jackp593   

ခွေးထိန်း သိုးကြီး

jackp593

ခွေးလည်း ကျောင်းရင်း ဂေါ့ဖ်လည်း ရိုက်ရင်း

jackp593

လင်းလင်း (ShweMom)

SHARE