အပျိုစစ်/မစစ်သိရှိနိုင်ဖို့ “လက်နှစ်ချောင်း”အသုံးပြု စစ်ဆေးမှုကို WHO ကို ပိတ်ပင်မယ်

Twitter "P Baldez"

WHO (World Health Organisation) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဟာ နိုင်ငံပေါင်း (၂၀)ကျော်မှာ ပေါ်ပေါ်ထင်ထင် ကျင့်သုံးနေတဲ့ Two-Finger Testing စနစ်ကို ပိတ်ပင်ဖို့ဆန္ဒရှိနေကြောင်း သိရပါတယ်။ အဆိုပါစနစ်ဟာ အပျိုစစ်မစစ်ဆိုတာ သိရဖို့ အပြည့်အဝ မှန်ကန်နိုင်ခြင်း မရှိသော်လည်း၊ တော်တော်များများက လက်ခံကျင့်သုံးနေကြတာပါ။

အမျိုးသမီးတစ်ယောက် အပျိုစစ်ခြင်းမစစ်ခြင်းဆိုတာကို သိရဖို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေအချင်းချင်းမှာတောင် အငြင်းပွားမှုတွေ ကွဲလွဲမှုတွေရှိနေခဲ့ရာ၊ အခုလို ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေဟာ လက်တွေ့အမှန်တရားနဲ့လည်း အတော်လေး အလှမ်းဝေးပါတယ်။ ပြီးခဲ့တဲ့နှစ်လောက်ကလည်း အင်ဒိုမှာ အမျိုးသမီးရဲမေတွေကို ဒီစနစ်နဲ့ အပျိုစစ်မစစ် စစ်ဆေးဖို့ ပြင်ဆင်ခဲ့လို့ ဝေဖန်မှုတွေ ပြင်းထန်စွာ ခံခဲ့ရဖူးပါတယ်။

 

ရေရာမှုမရှိတဲ့ ဒီစစ်ဆေးမှုဟာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို သက်သက် နာကျင်စေရုံသာဖြစ်ပြီး၊ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ နောက်ပြီး အမျိုးသမီးငယ်တွေကို တမင်ချိုးနှိမ်သလို ဖြစ်စေပြီး၊ စမ်းသပ်ခံရသူကို ကြောက်ရွံ့မှု၊ စိတ်ဒဏ်ရာ ရစေမှုတွေတောင် ဖြစ်စေနိုင်တယ်လို့ WHO က ယုံကြည်ပါတယ်။

READ
ဆစ်ဒနီမြို့ထဲကို မျောက်လွှဲကျော်တွေဝင်လာခဲ့လို့ ရဲတွေအလုပ်ရှုပ်

ဒီနည်းစနစ်ကို အရှေ့အာရှနိုင်ငံတစ်ချို့မှာ မိဘတွေအများစုက ကိုယ်တိုင်အသုံးပြုကြပြီး၊ အထူးသဖြင့် မိခင်ဖြစ်သူက သူမရဲ့သမီးကို အပျိုစစ်မစစ် သိချင်လို့ပါ။ ဒီလို စစ်ဆေးမှုအာမခံချက်မှ မလုပ်ဘူးဆိုရင် တစ်ချို့အမျိုးသမီးတွေဟာ အိမ်ထောင်ဘက်က ငြိုငြင်တာကို၊ ဒါမှမဟုတ် ယောက်ျားမရသည်အထိ ဖြစ်စေတယ်လို့ သိရပါတယ်။

ဒီလိုပဲ သူမတို့ရဲ့ အနာဂတ်ခင်ပွန်းလောင်းကလည်း အပျိုစစ်/မစစ် သိနိုင်ရေးဟာ အသက်တမျှ အရေးပါသလောက်ရှိပြီး၊ ဒီနည်းအားဖြင့် Two-Finger Testing စနစ်က တွင်ကျယ်နေသေးတာ ဖြစ်ပါတယ်။ တစ်ချို့စမ်းသပ်သူတွေက ယောနိကို သေချာစိုက်ကြည့်ရုံနဲ့ စစ်/မစစ် သိနိုင်ပေမယ့်၊ စိတ်တိုင်းမကျရင် ဒီစနစ်ကို စမ်းသပ်ပါတယ်တဲ့။

READ
ဆီသယ်ယာဉ်တစ်စင်းကနေ စတင်ခဲ့တဲ့ ဘိုလော့ဂ်နာရဲ့ ကြောက်စရာ ပေါက်ကွဲမှုကြီး

WHO က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဒေါက်တာတွေအနေနဲ့ ဒီစနစ်ကို တစ်နည်းတဖုံ ထောက်ခံခြင်း၊ ဒါမှမဟုတ် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း၊ အပျိုစစ်မစစ်ကို တစ်နည်းနည်းဖြင့် ထောက်ခံခြင်း၊ စစ်ဆေးပေးခြင်း စတာတွေမပြုလုပ်ကြဖို့ တားမြစ်ထားကြောင်း သိရပါတယ်။

လင်းသုတ

SHARE