သင် ဘယ်တော့မှ စဉ်းစားမိမှာမဟုတ်တဲ့ ဓာတ်ပုံသမားတွေရဲ့ အိုင်ဒီယာများ

ဓာတ်ပုံကောင်းကောင်းတစ်ပုံဆိုတာ ခဏလောက်ကြည့်ပြီး ပြီးသွားတာမျိုးဖြစ်ပေမယ့် အဲဒီ ဓာတ်ပုံကောင်းကိုရဖို့ စီမံရတာကတော့ မလွယ်လှပါဘူး။ အချိန်ပေးရမယ်၊ ကျွမ်းကျင်ရမယ်၊ ကံကောင်းရမယ်၊ သတ္တိရှိရမယ်၊ စွန့်စားရဲရမယ် စတဲ့အချက်တွေ လိုအပ်တာပေါ့။ ကမ္ဘာအနှံ့မှာတော့ အဲဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဓာတ်ပုံဆရာတွေ တော်တော်များများရှိပြီး သူတို့ရဲ့ ရိုက်ကွင်းအိုင်ဒီယာတွေက သင်မစဉ်းစားမိတာမျိုး ဖြစ်မယ်ဆိုတာ ကျိန်းသေပေါက်ပြောရဲပါတယ်။

ကဲ…. သူတို့ ဘယ်လိုနေရာတွေမှာ၊ ဘယ်လိုတွေ ရိုက်ကူးဖို့ ရွေးချယ်ခဲ့ကြသလဲ။ အောက်က ပုံတွေကိုကြည့်လိုက်ဦးနော်…။

(၁) ။ မြေခွေးပေါက်စလေး စိတ်ဝင်စားနေတဲ့ နှင်းတောထဲက ကင်မရာသမား

မြေခွေးတွေကို ဓာတ်ပုံရိုက်ဖို့အတွက် နှင်းတောထဲမှာ ပုန်းအောင်းနေခဲ့တဲ့ ကင်မရာသမားရဲ့ မြင်ကွင်းထဲကို မြေခွေးပေါက်စလေးတစ်ကောင် ၀င်ရောက်လာခဲ့တာပါ။ ကံကောင်းချင်တော့ မြေခွေးပေါက်စလေးဟာ ကင်မရာ မှန်ဘီလူးကို အထူးအဆန်းတစ်ခုလို လာကြည့်နေလေရဲ့။

animalworld.com.ua

(၂)။ ချော်ရည်ချော်ခဲတွေကြားက သက်စွန့်ဆံဖျား ဓာတ်ပုံဆရာ

မီးတောင်တစ်ခုရဲ့ ချော်ရည်တွေ၊ ချော်ခဲတွေကြားမှာ မတ်တပ်ရပ်နေဖို့မပြောနဲ့ မီးတောင်နားကိုရောက်တယ်ဆိုရင်ပဲ အပူဒဏ်ကို ခံစားရမှာပါ။ ဒါပေမယ့် ဒီဓာတ်ပုံဆရာကတော့ စီးထားတဲ့ဖိနပ်မှာ မီးလောင်နေတာတောင် ဓာတ်ပုံကောင်းကောင်းရဖို့ ကြိုးစားခဲ့ပါတယ်။

READ
ရေချိုးခန်းထဲမှာဖုန်းအားသွင်းလို့ ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ကောင်မလေး
Kawika Singson

(၃)။ ၀က်ဝံကြီးကို ဓာတ်ပုံရိုက်ဖို့ကြိုးစားရင်း အသက်လုခဲ့ရသူများ

ကြည့်ရတာတော့ သဘာဝအလှကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေရင်း ၀က်ဝံကြီးတစ်ကောင်ထွက်လာလို့ တချိုးတည်း ပြေးခဲ့ရပုံပါ။ ၀က်ဝံကို ရိုက်ဖို့ ကြိုးစားတယ်ဆိုရင် အလင်းရောင်ကိုထိန်းညှိဖို့ နေကာပြားတွေ ယူသွားဖို့မလိုဘူးလေ..။ ကင်မရာကိုတောင် ထားပြီးပြေးခဲ့ရတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့…။

boredpanda

(၄)။ ဘဲငန်းအယောင်ဆောင်နေတဲ့ ရေထဲက ဓာတ်ပုံဆရာ

ရေကန်ထဲက ဘဲငန်းတွေကို ဓာတ်ပုံရိုက်ချင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ကတော့ ဘဲငန်းတစ်ကောင်လိုမျိုး အယောင်ဆောင်ပြီး ရေထဲမှာ နေခဲ့ရပါတယ်။ သူ့ရဲ့အနားကို ဘဲငန်းတွေ ယုံယုံကြည်ကြည်နဲ့ ကပ်လာဖို့ မျှော်လင့်တယ် ထင်ပါရဲ့။

reddit.com

(၅)။ ဖားလေးတစ်ကောင်ကိုရိုက်ဖို့ ရေထဲမှာ အချိန်ယူခဲ့ရတဲ့တစ်ယောက်

ဖားလေးတစ်ကောင်ရဲ့ပုံများ ဒီလောက်အထိ ဒုက္ခခံရသလား လို့ပြောချင်ပြောကြမှာပါ။ ဒါပေမယ့် ဒီဓာတ်ပုံဆရာကတော့ အသက်ဝင်တဲ့ အနီးကပ်ပုံလေးတစ်ပုံအတွက် တစ်ကိုယ်လုံးရေစိုတဲ့အထိ ကန်ထဲဆင်းခဲ့ပါတယ်။

Jason Friesen

(၆)။ သေနတ်ပြောင်းကိုတောင် မကြောက်ခဲ့တဲ့ ဓာတ်ပုံသမား

ဆန္ဒပြသူတွေကြား၊ ဘာဖြစ်မယ်ဆိုတာ မသိရတဲ့အနေအထားမှာ သေနတ်ပြောင်းရှေ့ကိုသွားပြီး ရဲရဲဝံ့ဝံ့ဓာတ်ပုံရိုက်ရဲတဲ့ ကင်မရာသမားရဲ့ သတ္တိကတော့ ချီးကျူးစရာပါပဲ။

Adek Berry

(၇)။ ကံကောင်းပြီးခေါင်းပေါ်ရောက်လာတဲ့ငှက်ကလေးကို အရရိုက်ဖို့ ကြိုးစားနေသူ

ကံကောင်းတဲ့ဓာတ်ပုံသမားလို့ ပြောရမှာပါ။ ဒီလိုချစ်စရာ ငှက်ကလေးတစ်ကောင် ခေါင်းပေါ်ရောက်လာဖို့၊ ပြီးတော့ ကင်မရာမြှောက်လိုက်တဲ့အထိ ထပျံမသွားဖို့ဆိုတာ တော်တော်ခက်ခဲတယ်လို့ ပြောရပါလိမ့်မယ်။ ကံကောင်းလွန်းတဲ့ ဓာတ်ပုံလေးပေါ့။

READ
အိန္ဒိယလူထုကို ဒေါသထွက်စေခဲ့ပြန်တဲ့ (၅)နှစ်ကလေးမလေး အဓမ္မကျင့် သတ်ဖြတ်ခံရမှု
2daysdailyfunny.blogspot.com

(၈)။ တမံကိုကျော်ဖို့ ကြိုးစားနေတဲ့ ရေတွေကိုမကြောက်ပဲ ဓာတ်ပုံရိုက်ဖို့ ပြင်နေခဲ့တဲ့သူတစ်ယောက်

ရေတွေက တမံကိုကျော်ပြီး အထဲကို ၀င်ဖို့ ကြိုးစားနေကြပါပြီ။ ဒါပေမယ့် ဓာတ်ပုံသမားကတော့ တည်တည်ငြိမ်ငြိမ်ပဲ သူလုပ်စရာရှိတာကို လုပ်လို့နေခဲ့ပါတယ်။ တကယ်လို့သာ ရေတွေ သူ့ဆီရောက်လာခဲ့ရင် မတွေးရဲစရာပါပဲ။

Veselin Malinov

(၉)။ မိကျောင်းကိုတောင် မကြောက်မရွံ့ဓာတ်ပုံရိုက်ရဲသတဲ့

ကလေးတစ်ယောက်အနေန့ဲမိကျောင်းတစ်ကောင်ရဲ့ရှေ့မှာထိုင်ပြီး ဓာတ်ပုံရိုက်ဖို့ဆိုတာ အန္တရာယ်များလှပါတယ်။ ဒါပေမယ့်လည်း ကလေးလေးကတော့ မိကျောင်းကို မကြောက်မရွံ့ဓာတ်ပုံရိုက်လို့နေခဲ့တယ်။

thehiddenpersuader-english.blogspot.com

(၁၀)။ ကံကောင်းလွန်းတဲ့ ဓာတ်ပုံဆရာ

ပြေးလမ်းကြောင်းကိုချော်ပြီး ရောက်လာတဲ့ ကားတစ်စီးကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ရဲ့ပုံဟာ ပြုပြင်ထားတဲ့ဓာတ်ပုံတစ်ပုံလားဆိုတာ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ တကယ်လို့သာ ကားပြိုင်ပွဲထဲကိုရောက်နေတဲ့ ဓာတ်ပုံဆရာဆီ တိုးဝင်လာတဲ့ ကားတစ်စီးဆိုရင်တော့ အဲဒီ ဓာတ်ပုံဆရာ ကံကောင်းခဲ့တယ်လို့ပဲ ပြောရမှာပါ။

nokiagang.com

Linn

Source : boredpanda.com

 

SHARE