ဆရာဝန်ကြီးတစ်ဦးရဲ့ ခွဲခန်းဝင်ကလေးတွေအပေါ်ထားတဲ့ မေတ္တာပြ သင်္ကေတလေးများ

Akron Children’s Hospital

ဒေါက်တာ ရောဘတ်ပါရီဟာ ခွဲစိတ်ဆရာဝန်တစ်ယောက်ထက် ပိုပါတယ်။ သူက တကယ့်ကို လူသားဆန်သူ တစ်ဦးပါ။ ဒေါက်တာ ရောဘတ်က အမေရိကန် အိုဟိုင်းယိုးပြည်နယ် အက်ခရွန်မြို့က အက်ခရွန်ကလေးဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတာပါ။ ဒေါက်တာဟာ ကလေးတွေကို ဆေးကုသတဲ့ နေရာမှာ အလွန်ပဲ စိတ်ရှည်သူပါ။ သူ့ဆီ ဆေးလာကုခံရတဲ့ ကလေးတွေ ကြောက်စိတ်နည်းသွားအောင် စိတ်ပေါ့ပေါပါးပါးဖြစ်သွားအောင် ဒေါက်တာက နည်းလမ်းတစ်မျိုး သုံးလေ့ရှိကြောင်း boredpanda သတင်းအရ သိရပါတယ်။

ဒေါက်တာက သူခွဲစိတ်ခန်းဝင်ပြီးတဲ့အခါကျရင် သူ့ရဲ့လက်သုံး ခွဲစိတ်ခန်းသုံးဓားကို ချပြီး ဘောပင်ကို ကောက်ကိုင်လေ့ရှိပါတယ်။ ခွဲခန်းဝင်ခဲ့ရတဲ့ ကလေးတွေရဲ့ဒဏ်ရာနေရာကို မမြင်ရအောင် သူက ဘောပင်တစ်ချောင်းနဲ့ ကာတွန်းပုံလေးတွေကို ရေးဆွဲပေးတတ်ပါတယ်။

Akron Children’s Hospital
Akron Children’s Hospital

တွေ့ရမယ့် ပုံလေးတွေကတော့ ဒေါက်တာရောဘတ်ရဲ့ ပုံဆွဲလက်ရာလေးတွေပါ။ လူနာလေးတွေကို သေချာကုသပေးတဲ့အပြင် ကလေးတွေ စိတ်သက်သာရာရအောင် ကာတွန်းရုပ်လေးတွေဆွဲပေးနေတဲ့ ဒေါက်တာရောဘတ်ဟာ အခုဆိုရင် အွန်လိုင်းမှာ တော်တော်နာမည်ကြီးနေပါပြီ။ လူနာရှင်လေးတစ်ဦးရဲ့ မိခင်ကလည်း ဒေါက်တာရောဘတ်ရေးဆွဲပေးတဲ့ ပုံလေးဟာ လူနာရှင်တွေရဲ့ဆေးရုံအပေါ် ထင်မြင်ယူဆချက်ကိုပါ ပြောင်းလဲပေးနိုင်တယ်လို့ ဆိုပါတယ်။

READ
နေ့လည်စာဖိုးရဖို့အတွက် ကျောင်းမသွားခင် ဖိနပ်ချုပ်ကြရတဲ့ ကလေးနှစ်ယောက်ရဲ့ဘဝ
Akron Children’s Hospital
Akron Children’s Hospital

“ကလေးနေမကောင်းဖြစ်တဲ့အခါ မိသားစုမှာလည်း စိတ်ဖိစီးမှုတွေဆိုတာ ရှိပါတယ်။ ကလေးက ခွဲစိတ်ရမယ်လို့ ဆိုတဲ့အခါ မိဘတွေအနေနဲ့ သူတို့ရဲ့ ကြောက်စိတ်တွေကို အတတ်နိုင်ဆုံး ဖုံးထားရပါတယ်။ ဆေးရုံစရိတ် မလောက်ငှမှာ၊ တစ်ခုခုအမှားအယွင်း ဖြစ်သွားမှာ စိုးတာမျိုးတွေပေါ့…”

Although the pen may not be mightier than the scalpel, pediatric surgeon Robert Parry always takes a moment to make sure a scar isn't the only lasting memory of a child's surgical procedure. Dr. Parry estimates he has created dressing drawings for more than 10,000 patients.

Posted by Akron Children's Hospital on Saturday, January 21, 2017

Akron Children’s Hospital
Akron Children’s Hospital

“ကျွန်မသမီးလေး မခွဲခင်တုန်းက ဒေါက်တာက ခွဲစိတ်ပြီးသွားရင် သမီးကို အရမ်းချစ်စရာကောင်းတဲ့ လိပ်ပြာလှလှလေး ပေးမယ်ဆိုပြီး ပြောခဲ့တယ်။ သမီးလေးလည်း ခွဲခန်းထဲက ထွက်လာရော လူတွေအကုန်လုံးက ဒေါက်တာက ဘာကိုများ ဆိုလိုတာပါလိမ့်ဆိုပြီး စိတ်လှုပ်ရှားနေကြတာ။ ဒေါက်တာက ပတ်တီးပေါ်မှာ အရုပ်လေး ဆွဲပေးထားတာလေ။ သမီးက ဒေါက်တာဆွဲပေးတဲ့ ပတ်တီးလှလှလေးကို အရမ်းကြိုက်တာ။ သူ့မှာ အမာရွတ်တွေဖြစ်မှာလည်း မစိုးရိမ်တော့ဘူး…” လို့ အဆိုပါမိခင်က ဆိုပါတယ်။

READ
ခွဲခန်းဝင်ရမှာ ကြောက်နေတဲ့ကလေးကို ကြင်နာစွာနှစ်သိမ့်ပေးခဲ့တဲ့ သူနာပြုဆရာမလေး

ဒေါက်တာရောဘတ်ဟာ ၄င်းဆေးရုံမှာ လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်ကတည်းက အလုပ်လုပ်လာခဲ့တာပါ။ ခွဲစိတ်မှုပေါင်း (၁၀၀၀၀) ကျော်ကို ပြုလုပ်ခဲ့ပြီးပါပြီ။ ဒေါက်တာရောဘတ်အတွက် ကာတွန်းရုပ်လေးတွေကို ဖန်တီးရတာ အချိန် (၅) မိနစ်လောက်ပဲ ကြာပါတယ်။ “လူနာတွေအတွက်တော့ အရုပ်လေးတွေက တော်တောေ်လး ထူးထူးခြားခြား ဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီလိုမျိုး ဆွဲပေးရတာ ပျော်ပါတယ်။ ကလေးတွေကတော့ ကာတွန်းရုပ်လေးတွေဆိုတော့ ကြိုက်တာပေါ့ဗျာ…” လို့လည်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE