၂၀၁၉ မတ်လ ၃၁ ရက်နေ့တုန်းကတော့ Facebook ကနေ “Why am I seeing this post?” ဆိုတဲ့ feature သစ်တစ်ခုကို newsfeed မှာ ထည့်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဒီ feature ကတော့ ၂၀၁၄ ကတည်းက Facebook မှာ ရှိခဲ့တဲ့ “Why am I seeing this ad?” ဆိုတဲ့ feature နဲ့ ဆင်တူပါတယ်။ Ad တွေ (ကြော်ငြာတွေ) ဘာကြောင့် မိမိ newsfeed မှာ ပေါ်လာတာလဲဆိုတာကို fb အသုံးပြုသူတွေ သိရှိစေဖို့ ထိုစဉ်တုန်းက စတင်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ၎င်း feature နဲ့အတူ ad တွေ ပေါ်လာမှုကို မိမိစိတ်ကြိုက် ထိန်းချုပ်နိုင်မယ့် option တွေကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။

အခုဆိုရင်တော့ newsfeed မှာ ဘယ်ပို့စ်တွေက ဘာကြောင့်ပေါ်လာလဲဆိုတာပါ အသုံးပြုသူတွေကို သိရှိစေဖို့ update အနေနဲ့ “Why am I seeing this post?” feature ကို အသစ်ထည့်သွင်းလိုက်တာပါ။ လတ်တလော Facebook ပေါ်မှာ ဝါဒဖြန့်ချိရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေက အသုံးပြုသူတွေဆီ ပေါ်ခဲ့ပြီး ပြဿနာအချို့နဲ့ ဆက်နွယ်နေခဲ့တဲ့အတွက် ယခုလို ပို့စ်တွေ ဘာကြောင့် လာပေါ်ရသလဲဆိုတဲ့ feature ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။

အသုံးပြုသူတွေက ပို့စ်ရဲ့ ထောင့်ဘက်က menu မြားလေးကို နှိပ်ကာ ဒီ feauture ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့် သက်ဆိုင်ရာပို့စ်က မိမိဆီ ပေါ်လာလဲဆိုတာကို သိရဖို့ Facebook ရဲ့ အဖြေကို ဝင်ကြည့်နိုင်မှာ ဖြစ်သလို လိုသလိုလည်း ထိန်းချုပ်မှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။ အချက်တွေထဲကမှ-
- ပို့စ်တစ်ခုက ဘာကြောင့်သင့်ဆီလာပေါ်တာလဲဆိုရင် ဥပမာ- ပို့စ်ဟာ သင့် friend list ထဲက လူတစ်ယောက် တင်လို့၊ သင် join ထားတဲ့ group တစ်ခု သို့မဟုတ် Like လုပ်ထားတဲ့ page တစ်ခုခုကနေ တင်လိုက်လို့ စသဖြင့် ရေးထားပါလိမ့်မယ်။
- ဘယ်လိုအချက်အလက်က ပို့စ်ကို လာပေါ်စေဖို့ တွန်းအားအပေးဆုံးလဲဆိုတာနဲ့ ပတ်သက်လို့ ဥပမာအားဖြင့် – သင် Like တာ comment ပေးတာ များတဲ့ page တွေ၊ group တွေ၊ friend တွေဆီက ပို့စ်တွေဖြစ်တဲ့အတွက် အဓိက သင့် newsfeed မှာ တက်လာတယ်၊ လူတွေကြားထဲ ရှဲတဲ့အရေအတွက်များလို့ ပေါ်ပြူလာဖြစ်နေလို့ လာပေါ်တယ် အကြောင်းအရင်းတွေက စသဖြင့်ပါ။

ဒါကြောင့် Facebook ကို update လုပ်ပြီး ဒီ feature ကို အသုံးပြုကြည့်လိုက်ဦးနော်။
Ref: Tech Crunch