အချစ်ဆုံးသူငယ်ချင်းတွေနဲ့ တဖြေးဖြေးဝေးကွာလာပြီလို့ ခံစားနေရရင် ဒီစာကိုဖတ်ပါ..

Pixabay-ollyy

ကျောင်းတုန်းကတပူးပူးတတွဲတွဲနဲ့သိပ်ကိုချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဟာ အခုအချိန်မှာ ကိုယ့်နဲ့ဝေးကွာလာပြီလို့ခံစားနေရပြီလား။ ဒါဟာ လူတိုင်းလိုလိုဖြစ်တတ်တဲ့ ရင်တွင်းခံစားမှုပါ။ အထီးကျန်သလိုခံစားလာရမယ်၊ သူငယ်ချင်းတွေကပဲ ကိုယ့်ကိုဝိုင်းပယ်နေသလိုနဲ့ပေါ့။ ဒါပေမဲ့ ဒါတွေဟာ သင့်အနေနဲ့ အတွေးတွေလွန်ပြီး တစ်ဖက်သက်ခံစားနေရရုံသက်သက်ပါဆိုတာကို နားလည်ဖို့အတွက် အောက်ကစာလေးတွေကို ဆက်ဖတ်ပေးဖို့တော့ လိုပါလိမ့်မယ်။

(၁) ရင့်ကျက်စေချင်

ကျောင်းတုန်းကတော့ သူငယ်ချင်းတွေနဲ့အမြဲတမ်းတပူးပူးတတွဲတွဲဖြစ်နေခဲ့ပေမယ့်လို့ ကျောင်းပြီးသွားကြလို့ ကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ အလုပ်လုပ်သူကလုပ်၊ ကျောင်းတက်သူကတက်နဲ့ တဖြေးတဖြေးဝေကွာတတ်ကြပါတယ်။ ဒါကိုအရင်ဆုံးနားလည်နိုင်အောင်ကြိုးစားပါ။

Pixabay-rawpixels.com

(၂) မနာလိုမဖြစ်ပါနဲ့

ကိုယ့်ရဲ့အခင်ရဆုံး၊ အချစ်ရဆုံးသူငယ်ချင်းတွေမလို့ ကိုယ့်အုပ်စုကလွဲပြီး တခြားဘယ်သူငယ်ချင်းနဲ့မှ မတွဲရဘူးဆိုတဲ့ မနာလိုစိတ်ရှိရင်လည်း အမြန်ဆုံးဖျောက်ပစ်ပါ။ အသက်ကြီးလာတာနဲ့အမျှ အသိမိတ်ဆွေတွေပိုများလာတတ်တာ သဘာဝပါပဲ။ မူလတန်းကလေးတွေလိုမျိုးငါ့ကိုပဲခေါ်ရမယ်၊ ဘာညာဆိုတဲ့စိတ်ကြီးထားနေဦးမှာလား။

(၃) နားလည်စေချင်

ဆက်ဆံရေးတစ်ခု ရေရှည်တည်တံ့ခိုင်မြဲဖို့ဆိုရင် အလိုအပ်ဆုံးက နားလည်မှုပါပဲ။ ကိုယ့်မှာတောင် အလုပ်ကိစ္စ၊ လူမှုရေး၊ သာရေးနာရေးစတဲ့ပုဂ္ဂလိကကိစ္စတွေကြောင့် သူငယ်ချင်းတွေကို အရင်လိုအချိန်ပြည့် မခေါ်မပြောနိုင်တော့ဘူးဆိုရင် ကိုယ့်အတွက်လည်း သူငယ်ချင်းတွေဆိုတာ အမြဲတမ်းအားလပ်နေမှာမဟုတ်ဘူးဆိုတာကို နားလည်နိုင်ပါစေ။ အဓိကသူငယ်ချင်းတွေကြားထဲမှာ ချစ်သူတွေပါလာခဲ့မယ်ဆိုရင် ပိုအနေစိမ်သွားတတ်တာကြောင့် အခင်ရဆုံးသူငယ်ချင်းက ချစ်သူရလာတဲ့အခါမျိုးမှာလည်း နင်ကနင့်ဘဲနဲ့၊ မင်းကမင်းဆော်နဲ့ပဲဆိုပြီး အပြစ်မတင်သင့်ပါဘူး။ ဒီကိစ္စကိုလည်း ကိုယ့်ဖက်ကနားလည်ပေးရပါလိမ့်မယ်။

READ
တပတ်ကို(၂)ကြိမ် မှိုစားပေးခြင်းဖြင့် အသက်ကြီးချိန် မှတ်ဉာဏ်ချို့ယွင်းမှုကို ကာကွယ်နိုင်
Pixabay-rawpixels.com

(၄) ကိုယ်ကဆက်သွယ်နေပါ

အချင်းချင်းကြားထဲမှာ အလုပ်ရှုပ်နေကြလို့ မဆက်သွယ်နိုင်တာကြာနေပြီဆိုရင် ကိုယ်ကစပြီး ဆက်သွယ်ပေးပါ။ ဒီလိုမကြာမကြာဆက်သွယ်ပေးခြင်းဖြင့် သူငယ်ချင်းတွေကြားထဲ သွေးအေးတာမျိုးတွေ၊ အနေစိမ်းတာမျိုးတွေမဖြစ်စေတော့ပါဘူး။

(၅) တွေ့ဖို့ချိန်းပါ

ဘယ်သူကဘယ်လောက်ပဲမအားနေဦး တစ်လမှာအနည်းဆုံး တစ်ရက်လောက်တော့ သူငယ်ချင်းတွေအတွက် အချိန်ဖြုန်းပေးဖို့  ကိုယ်ကိုယ်တိုင်ကိုက မဖြစ်မနေအားလပ်ပေးထားပါ။ ဒီလိုတွေ့ဖြစ်မှလည်း တော်ကာကျတော့မှာကိုး။

Penny

SHARE