Black Panther မင်းသား Chadwick Boseman တစ်ယောက် ပြီးခဲ့တဲ့ အပတ်တုန်းက နေအိမ်မှာပဲ အူမကြီးကင်ဆာအဆင့် ၅ နဲ့ ဆုံးပါးသွားခဲ့တာ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်။
View this post on Instagram
ဒါပေမဲ့ ထူးခြားတာတစ်ခုက Chadwick Boseman ဟာ ကင်ဆာခံစားနေရပေမယ့်လို့ ရုတ်တရက်လူ့လောကကြီးကို နှုတ်ဆက်သွားသလိုဖြစ်နေတာပါပဲ။ နှစ်နဲ့ချီပြီး ဖြစ်တတ်တဲ့ ကင်ဆာဝေဒါနာကိုတောင် Chadwick Boseman ဟာ တစ်လျှောက်လုံး သူ့ရဲ့ မိသားစုအရင်းတွေကလွဲရင် ဘယ်သူ့ကိုမှ ပေးမသိခဲ့တာ တော်တော်လေးတော့ အံ့သြဖို့ကောင်းနေခဲ့ပါတယ်။
View this post on Instagram
ဘာကြောင့် ဒီလိုဖုံးကွယ်ထားတာလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Chadwick Boseman ရဲ့ agent Michael Greene က US Magazine ကို အခုလိုပဲပြောပြခဲ့ပါတယ်။ အဓိကကတော့ Chadwick Boseman ရဲ့ မိခင်ကြောင့်ပါတဲ့။ သူမဟာ ငယ်ငယ်ကတည်းက Chadwick Boseman ကို ကိုယ့်အပူတွေကို သူများကို မပေးရဘူးဆိုတဲ့ စကားလေးကို တွင်တွင်ပြောခဲ့တာကြောင့် Chadwick Boseman ဟာ သူ့ရဲ့ဝေဒနာတွေကို အနီးဆုံးလူတွေကလွဲရင် ဘယ်သူ့ကိုမှ မပြောပြခဲ့တာပါတဲ့လေ။
View this post on Instagram
တကယ်လည်း Chadwick Boseman ဟာ သူ့ရဲ့ အလှူအတန်းသတင်းတွေ၊ လှုပ်ရှားမှုတွေ စတဲ့ စိတ်ချမ်းသာစရာ သတင်းတွေကိုပဲ အပြင်ကိုပေးသိပြီး လူတွေကို စိတ်ချမ်းသာစေခဲ့တာပါ။ အဆင်မပြေမှုတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေကို ဘယ်တော့မှ အပြင်ကို ထုတ်ဖော်မပြောခဲပပါဘူးတဲ့။ ကင်ဆာဖြစ်နေလို့လည်း Chadwick Boseman ဟာ သူလုပ်ရမယ့် ကိစ္စတွေကို ဘယ်တော့မှ အကြောင်းပြချက်မပေးဘဲ ရှေ့ကိုပဲ ခြေလှမ်းတွေ အဆက်မပြတ်လှမ်းနေခဲ့ပြီး အလုပ်တွေကို သာမန်လူကောင်းတစ်ယောက်အတိုင်း ကြိုးစားလုပ်ကိုင်လျက်ရှိနေတယ်ဆိုလည်း agent က ပြောခဲ့ပါတယ်။
အိမ်မှာ Chadwick Boseman တစ်ယောက် အခြေအနေမကောင်းတော့ဘူးဆိုကာမှ Marvel ရဲ့ president Kevin Feige ကို မိသားစုကနေ ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားခဲ့တာကြောင့် Black Panther ရိုက်ကူးရေးလုပ်နေတုန်း Chadwick Boseman နေမကောင်းနေခဲ့ဘူးဆိုတာ Disney ရော Marvel က တာဝန်ရှိသူတွေကတောင် ဘယ်သူမှမသိခဲ့ကြပါဘူးတဲ့။ လက်ရှိအချိန်မှာတော့ Disney ဟာ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားခဲ့ပေမယ့် လာမယ့် Black Panther ရုပ်ရှင်တွေအတွက် T’challa နေရာမှာ ဘယ်သူ့ကို အစားထိုးမယ်ဆိုတာတော့ မရေရာမသေချာဖြစ်နေခဲ့ပါတယ်။
View this post on Instagram
penny