Photographer တစ်ယောက်ကို ဘာကြောင့်လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တာလဲ

ဓာတ်ဆရာ တစ်ယောက် နဲ့ တခြားယောကျာ်းလေးတစ်ယောက် အမြင်ချင်းကွာခြားတယ်။ ဓာတ်ဆရာတိုင်း အရာအရာကို အနုပညာခံစားချက်နဲ့ ကြည့်တယ်။ ဓာတ်ဆရာတွေက စွန့်စားရတာကြိုက်တယ်။ စိတ်ရှည်တတ်တယ်။ သတ္တိရှိကြတယ်။ ဓာတ်ပုံရိုက်တာဟာ သူ့တို့အတွက် အနုပညာတစ်ခုပါ။ ပျိုမေတို့အတွက် ဓာတ်ဆရာတစ်ယောက်ကို ရည်းစားတော်သင့်တဲ့ အကြောင်းရင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

(၁) စိတ်ရှည်တတ်တယ်

ဓာတ်ဆရာတွေဟာ သူတို့လုပ်နေတဲ့ အနုပညာဖန်တီးမှုပေါ်မှာ စိတ်ရှည်တတ်ကြတယ်။ ပုံကောင်းကောင်း တစ်ပုံထွက်လာဖို့ ဘယ်လိုတွေ စိတ်ရှည်ရတယ် ဆိုတာ သူတို့ကိုယ့်တိုင်ပဲသိကြတယ်။ ဓာတ်ဆရာအများစုက စိတ်ရှည်တတ်ကြပါတယ်။ အဲ့ဒါကြောင့် သင့်အပေါ်မှာလည်း စိတ်ရှည်မှာပါ။ သင့်အလှပြင်လို့ တစ်နာရီကြာနေရင်တောင် စိတ်ရှည်တတ်ပါတယ်။

(၂) သင် ဓာတ်ပုံအရိုက်ခံဖို့ပြင်ထားပါ

နှစ်ယောက်အတူ အပြင်ထွက်လည်ရင် သင့်ကို အလှဆုံးဓာတ်ပုံရိုက်ပေးမှာပါ။ အမြဲတမ်း ရိုက်ပေးနေမှာမို့ ပိုစ်ပေးတတ်ဖို့ ပြင်ထားပေတော့နော်။ သူက ဓာတ်ပုံရိုက်ရတာကို ၀ါသနာပါနေတဲ့အတွက် သင့်ရဲ့ လူပ်ရှားမှုတိုင်းကို ဓာတ်ပုံရိုက်ပြီး သိမ်းထားနေမှာပါ။ သင့်လှုပ်ရှားမှုတိုင်းက သူ့အတွက် အရမ်းကိုလှနေလို့ပါ။ သူ့ရိုက်ထားခဲ့တဲ့ သင်ရဲ့ ပုံတစ်ပုံကိုတောင် ဖျက်ပစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်နဲ့ ပတ်သက်တဲ့ အရာတွေက သူ့အတွက် တန်ဖိုးရှိနေလို့ပါ။

READ
ပညာရှင်တွေအကြံပေးထားတဲ့ သင်လက်ထပ်သင့်တဲ့ လက်တွဲဖော်ရဲ့ပုံစံ

(၃) ရိုးရှင်းတဲ့အရာကိုတောင် အလှတရားလို့မြင်တတ်တယ်

ဓာတ်ဆရာတွေရဲ့မျက်လုံးထဲမှာ ရှိသမျှအရာတွေဟာ အနုပညာတွေပါ။ သူနဲ့ အပြင်သွားလို့ သူက ညိုးနေတဲ့ပန်းလေးကို ဓာတ်ပုံလှမ်းရိုက်လိုက်ရင် မအံ့သြပါနဲ့။ ညိုးနေတဲ့ ပန်းလေးက သူ့အတွက် အရမ်းကိုလှနေတဲ့ အနုပညာတစ်ခုပါ။ အဲ့လိုပဲ သင့်ဆံပင် ပွနေရင်တောင် သူ့အတွက်တော့ သင်ဟာ ဘယ်လိုပဲနေနေ အရမ်းကိုလှနေတာမျိုးပါ။ သူ့မျက်စိထဲမှာ သင်ဟာ အလှဆုံးကောင်မလေးလို့ပဲမြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ကလွဲပြီး ကျန်တာတွေကို မမြင်တော့လို့ပါနော်။

(၄) သင့်ကို လှပတဲ့နေရာ၊ ရှုခင်းတွေဆီ ခေါ်သွားတတ်တယ်

ဓာတ်ဆရာတွေ တော်တော်များများ က ဓာတ်ပုံရိုက်ဖို့အတွက် လှတဲ့နေရာတွေကို ရောက်ဖူးတတ်ကြတယ်။ သင် ဓာတ်ဆရာတစ်ယောက်ကို ရွေးချယ်သင့်တဲ့ အချက်ထဲမှာ ဒီအချက်လည်း အဓိကကျတယ်။ သင်ကို လှတဲ့နေရာ၊ ရှုခင်းတွေ ရှိတဲ့ဆီ ခေါ်သွားမယ်။ မြို့တစ်မြို့ရဲ့အလှဟာ ဘယ်လိုမျိုးလဲဆိုတာ သင်သိအောင် ရှင်းပြမယ်။ Sunset ရဲ့အလှကို ခံစားတတ်အောင်လည်း သင်ပေးနေလိမ့်မယ်။ သင်နဲ့အတူ အမှတ်တရတွေရှိနေချင်လို့ ဘယ်နေရာရောက်ရောက် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်တတ်ပါတယ်။

READ
ရည်းစားစကားပြောဖို့ အသင့်တော်ဆုံး အချိန်များ

(၅) သင်ကို ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး သင်ပေးတတ်တယ်

သူအရမ်းချစ်ရတဲ့ သင့်ကို သူ့အရမ်းမြတ်နိုးတဲ့ ဓာတ်ပုံပညာကို သင်ပေးလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ကို အနုပညာကိုခံစားတတ်စေချင်လို့ပါ။ သူ့မြတ်နိုးအရာကို သင်ကိုလည်းသိစေချင်လို့ပါ။  ဓာတ်ပုံကို ဘယ်လိုအနေထားမျိုးနဲ့ ဘယ်လိုရိုက်တာ ဆိုပြီး သင်ကို မမောတမ်းပြောပြနေလိမ့်မယ်။ သူ့ဝါသနာကို သူအရမ်းမြတ်နိုးသလိုမျိုးပဲ သင့်ကိုလည်း ထပ်တူ ချစ်တတ်မှာ သေချာပါတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE