မိန်းကလေးတွေက အရပ်ရှည်တဲ့ယောကျာ်းလေးတွကို ပိုကြိုက်ကြတာ ဘာကြောင့်လဲ

မိန်းကလေးတွေအများစု လက်တွဲချင်ကြတဲ့ ယောကျာ်းလေးပုံစံက အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်မျိုးပဲဖြစ်တယ်။ အပေါ်ယံရုပ်ရည်တွေထက် စိတ်ထားကောင်းဖို့အရေးကြီးတယ်ဆိုပေမယ့် မိန်းကလေးတော်တော်များများရဲ့အကြိုက်ကတော့ အရပ်ရှည်တဲ့သူမျိုးပဲ ဖြစ်တယ်။ ဒါကြောင့် မိန်းကလေးတွေက အရပ်ရှည်တဲ့ ယောကျာ်းလေးမျိုးကို ဘာကြောင့်ကြိုက်ကြတာလဲဆိုတာ ဒီအချက်တွေကြောင့်ပဲဖြစ်တယ်။

(၁) ယောကျာ်းပီသတယ်

မိန်းကလေးတွေ ကြိုက်ကြတဲ့ ယောက်ျားလေးပုံစံက အရပ်ရှည်ရမယ်ဆိုတာပါ။ မိန်းကလေးတွေက အရပ်ရှည်တဲ့ယောကျာ်းလေးကို ကြိုက်လိုက်တိုင်း ယောကျာ်းပီသတယ်လို့ ခံစားရလို့ပါ။ အရပ်ရှည်ရှည်နဲ့ယောကျာ်းလေးတွေက ပိုပြီးယောကျာ်းပီသပါတယ်။ အရပ်ရှည်ရင် ရုပ်ပိုဖြောင့်သလို ခြေချောင်း၊လက်ချောင်းလေးတွေကလည်း သွယ်သွယ်လေးဖြစ်လာတယ်။ ဒါကတော့ မိန်းကလေးတွေ အရပ်ရှည်တဲ့ယောကျာ်းလေးတွေကို မြင်ရင် ခံစားရတဲ့ခံစားချက်ပါ။

(၂) လုံခြုံမှုရှိတယ်

မိန်းကလေးတွေက အရပ်ရည်တဲ့ ယောကျာ်းလေးကိုကြိုက်ကြတဲ့အကြောင်းကတော့ လုံခြုံမှုရှိတယ်လို့ခံစားရလို့ပါ။ ကိုယ့်ချစ်သူက အရပ်ရှည်ရှည်နဲ့ဆို ပိုလုံခြုံသလိုခံစားရတယ် ၊ အားပိုရှိတယ်လို့ခံစားတယ် ၊ ဖက်လိုက်ရင်လည်း ရင်ခွင်အကျယ်ကြီးထဲရောက်သလို ခံစားရတော့ လုံခြုံတယ်လို့ခံစားရတာပဲဖြစ်တယ်။ မိန်းကလေးတစ်ယောက်ကို တွဲချင်တဲ့ယောကျာ်းလေးပုံစံကို မေးကြည့်လိုက်ရင် အရပ်ရှည်ရမယ် ဆိုတာကတော့ သတ်မှတ်ချက်အနေနဲ့ပါတတ်ပါတယ်။

READ
ကောင်မလေးကို ချစ်ရေးမဆိုခင် ပြင်ဆင်နည်း(၁၀)ချက်

(၃) ဒေါက်မြင့်စီးရတယ် 

အရပ်ရှည်တဲ့ယောကျာ်းလေးကို ကြိုက်ကြတဲ့မိန်းကလေးတွေက သူမတို့ကိုယ်တိုင် ဒေါက်မြင့်စီးရတာကို ကြိုက်ကြတယ်။ ချစ်သူက အရပ်ရှည်နေရင် ကိုယ်က ဒေါက်မြင့်စီးထားလည်း ကိစ္စမရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်တိုင်ကလည်း ဒေါက်မြင့်စီးရတာကို အကြိုက်တွေ့သူမို့ အရပ်ရှည်ရှည် ယောကျာ်းလေးတွေကို ကြိုက်ကြတာပဲဖြစ်တယ်။

(၄) ကိုယ့်ကိုယ်တိုင်လည်း အရပ်ရှည်လို့ 

အရပ်ရှည်တဲ့မိန်းကလေးတွေက သူတို့ထက် အရပ်ပိုရှည်တဲ့ယောကျာ်းလေးကိုဆို ပိုသဘောကျကြတယ်။ သူတို့နဲ့အရပ်တန်းတူဖြစ်နေရင်တောင် သူတို့ထက်အရပ်ပိုရှည်တဲ့ယောကျာ်းလေးတွေကို ပိုကြိုက်ကြတယ်။ ဒါကတော့ အရပ်ရှည်တဲ့မိန်းကလေးတစ်ယောက်ရဲ့မာနပေါ့နော်။

(၅) ဖက်လိုက်ရင် ရင်ခွင်တန်းရောက်သွားတယ် 

တချို့မိန်းကလေးတွေက သူတို့ကိုယ့်တိုင်သာ အရပ်ပုရင်ပုနေမယ် ၊ သူတို့ကြိုက်ကြတဲ့ယောကျာ်းလေးပုံစံကတော့ အရပ်ရှည်ရှည်ယောကျာ်းလေးပဲ ဖြစ်ရမယ် ဆိုတာမျိုးရှိတယ်။ မိန်းကလေးတွေက အရပ်ရှည်ရှည်နဲ့ချစ်သူကို ဖက်လိုက်ရင် ရင်ခွင်ကျယ်ကြီးထဲ ရောက်သွားပြီး လုံခြုံသလိုခံစားရလို့လည်း ပိုကြိုက်ကြတာပါ။

Hannwe Soe (Shwemom)
SHARE