ယောက်ျားလေးတွေချစ်သူအပေါ်လိမ်ရသည့်အကြောင်းအရင်းများ

ချစ်သူစုံတွဲတွေမှာ ယောက်ျားလေ်းတွေအနေနဲ့ သူတို့ရဲ့ မရိုးသားမှုကို အသက်သာဆုံးကာကွယ်ဖို့ လိမ်ပြောခြင်းက ကူညီနိုင်တယ်လို့ယူဆတတ်ကြပါတယ်။ဒါဟာ မှားယွင်းတဲ့ယူဆချက်ဖြစ်ပြီး ချစ်သူတွေကြားမှာ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုကို လမ်းဆုံးရောက်အောင်ပို့လိုက်တာနဲ့အတူတူပါပဲ။ဒါပေမယ့် ယောက်ျားလေးအများစုကတော့ သူတို့လိမ်ရတာ ဒီလိုအချက်လေးတွေကြောင့်လို့ ဆိုကြပါတယ်။ဘယ်လိုအချက်လေးတွေဆိုတာ Shwemomရဲ့ မိန်းကလေးပရိသတ်တွေသိနိုင်ဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)ရိုးသားရမှာကို ကြောက်တယ်

ဒီအချက်ရဲ့ ဆိုလိုရင်းကတော့ အမှားလုပ်ထားတဲ့ လူတစ်ယောက်ကို ဘယ်သူမှ အလွယ်တကူ ခွင့်လွှတ် မပေးနိုင်ကြ ပါဘူး။အဲဒီလိုပဲ ယောက်ျားလေးတစ်ယောက်အနေနဲ့အမှားလုပ်မိတဲ့အခါ သူ့အမှားအတွက် အပြစ်တင်ခံရတော့ မယ်ဆို တာကြိုတင်တွက်ဆထားပြီးဖြစ်ပါတယ်။သူတို့ဟာ လူမှုရေးအရှုပ်အထွေးတွေအတွက် အချိန်လိုပါတယ်။အဲဒီလိုအချိန်အ လုံအလောက်မရတဲ့အခါ သူတို့ရဲ့ခံစားချက်တွေပိတ်မိနေပြီလို့ခံစားရတဲ့အတွက် လိမ်ပြောဖို့နည်းလမ်းကိုရွေး လိုက်ကြ တာပါ။

(၂)ရှက်တတ်ခြင်း

guys-too-embarrassed-to-ask-makeup

ယောက်ျားလေးအများစုက ခံစားချက်တွေထဲမှာ ရှက်ကြောက်ရတဲ့ ခံစားချက်ကို ရွံ့မုန်းတတ်ကြပါတယ်။ဥပမာ   ပမာဏ သိပ်မများတဲ့ သူ့ရဲ့ဝင်ငွေနဲ့ပတ်သက်ပြီး အမှန်အတိုင်းပေးသိဖို့သူတို့အတွက် ခက်ခဲပါတယ်။ချဲ့ကားပြောခြင်းအားဖြင့် သူ့ အပေါ်အထင်ကြီးလေးစားမှုကို ရယူတတ်ကြပါတယ်။သူတို့ဟာ အစစအရာရာ မိန်းကလေးတွေထက်သာ လွန်တယ် လို့ခံယူထားကြတဲ့အတွက် သူတို့ရဲ့ အရှိတရားအတိုင်း မိန်းကလေးတွေကို ပေးမသိခြင်းဖြစ်ပါတယ်။

READ
မသင့်လျော်တဲ့ လုပ်ငန်းခွင်စည်းကမ်းအပေါ် ယဉ်ကျေးစွာ ဆန္ဒပြခဲ့ကြတဲ့ အုတ်စီလုပ်သားများ

 

(၃)သင့်ကိုမနာကျင်စေချင်ဘူး

ဒီလို စိတ်ထားမျိုးရှိတဲ့ယောက်ျားလေးတွေရဲ့အားနည်းချက်ဖြစ်ပါတယ်။သင့်အနေနဲ့ “ဒီဝတ်စုံက လူကိုပို ၀စေသလားလို့” ဆိုတဲ့သင့်ရဲ့မေးခွန်းကို အမှန်အတိုင်းဖြေလိုက်ဖို့ သူတို့မှာ အင်အားမရှိတတ်ကြပါဘူး။ဒါကြောင့် အဆင်ပြေတယ်၊ ၀ တယ်လို့မထင်ရဘူး စသဖြင့်ပြောတာကသူတို့အတွက် လိမ်ပြောမိစေပါတယ်။တကယ်လို့ ကိုယ့်ချစ်သူက ကိုယ့်ကို မလိမ်စေချင်ဘူးဆိုရင်တော့ သင်သူ့ကို ဘယ်လောက်ချစ်ကြောင်း ကြင်ကြင်နာနာအပြုအမူလေးတွေပြသသင့်ပါတယ်။

 

(၄)သင်ခွင့်မပြုတာကို ပိုပြီးလုပ်ချင်ကြတယ်

ဘယ်မိန်းကလေးကမှ ကိုယ့်ချစ်သူ၊ ကိုယ့်ခင်ပွန်းကို ပါတီ၊ ပွဲလမ်းသဘင်တွေမှာ လွတ်လွတ်လပ်လပ်သွားပျော်ပါးနေ တာကို ဖြစ်စေချင်မှာမဟုတ်ပါဘူး။ဒါပေမယ့် မိန်းကလေးတွေကသာ  ကိုယ့်ကိုယ်ဂရုစိုက်လို့၊ ကိုယ့်အတွက်စိုးရိမ်လို့မ သွားစေချင်၊မလုပ်စေချင်တာဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်ချစ်သူ၊ကိုယ့်ခင်ပွန်းက သဘောမကျတဲ့အပြုအမူ၊ ပွဲလမ်းသဘင် မျိုး ကိုရှောင်ကြဉ်တတ်ကြပေမယ့် ယောက်ျားလေးတွေကတော့ သင်မကြိုက်တာပြုလုပ်ပြီး စိတ်တိုဒေါသထွက်စေပြီး  သူတို့ အပေါ်သင့်ရဲ့ဂရုစိုက်မှုကို မြင်ချင်ကြပါတယ်။

 

(၅) လူကောင်းတစ်ယောက်မဟုတ်ဘူး

man-giving-woman-gift-with-ax-in-hand-780x439

နောက်ဆုံးဖြစ်နိုင်ခြေရှိတဲ့အချက်ကတော့ သူက လူကောင်းတစ်ယောက်မဟုတ်တဲ့အတွက်  သူ့ကိုယ်သူကာကွယ် တဲ့အနေနဲ့လိမ်ပြောခြင်းဖြစ်ပါတယ်။သင့်အပေါ်ဖောက်ပြန်တာ၊ သင့်ဆီက သူ့အကျိုးအတွက် တစ်ခုခုရယူတာစသဖြင့် မကောင်းတဲ့အချက်တွေကြောင့် သင့်ကိုလိမ်ပြောခြင်းဖြစ်ပါတယ်။

READ
သင်နှစ်သက်နေတဲ့ကောင်မလေးကို ပြောသင့်သောချစ်စရာစကားလေးများ

သင့်ချစ်သူရဲ့ လိမ်ပြောတာကို မခံချင်ဘူးဆိုရင် သူ့ကိုသက်တောင့်သက်သာဖြစ်စေမယ့် မေးခွန်းတွေကိုမေးပြိး အမှန်တရားကို သူကိုယ်တိုင်ထုတ်ပြောလာနိုင်အောင် လမ်းကြောင်းပေးသင့်ပါတယ်။အရေးကြီးဆုံးကတော့ ချစ် သူတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှု၊ခွင့်လွှတ်ပေးမှုတွေနဲ့ relationship တစ်ခု ကို ခိုင်မြဲအောင်တည်ဆောက်သင့်ပါတယ်။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

source:lovepanky.com

SHARE