ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုတတ်သူတွေဟာ ဒီလိုလူမျိုးတွေပါ

YoloStock/Shutterstock

သင်ဟာ အဆိုတော်တစ်ယောက်တော့မဟုတ်ဘူး၊ ဒါပေမယ့် ရေချိုးခန်းထဲမှာ သီချင်းဆိုနေတဲ့အချိန်တွေဆိုရင်တော့ လုံးဝကို ဂီတပညာရှင်ကြီးတစ်ယောက်လို ခံစားနေရတယ်။ အဲဒီလို အချိန်မျိုးတွေ ရှိဖူးလား??

အများစုကတော့ ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုနေတတ်သူတွေကို ပေါတောတော တွေလို့ သတ်မှတ်တတ်ကြပါတယ်။ အပြင်ကလူတွေ ဘယ်လိုပဲထင်နေနေ သူတို့က ဂရုမစိုက်တတ်ကြဘူးကိုး။ ဒီတော့ ရေချိုးခန်းထဲမှာ သီချင်းအော်ဆိုတတ်တဲ့သူတွေဟာ ဒီလိုစိတ်ထားမျိုးတွေ ပိုင်ဆိုင်ထားကြသူတွေဖြစ်တယ်ဆိုတာ သူတို့သိအောင်ပြောပြလိုက်ရအောင်။

(၁)။ အကောင်းမြင်တတ်တဲ့သူ

ရေချိုးခန်းထဲမှာ သီချင်းဆိုတတ်တဲ့သူတွေဟာ အကောင်းမြင်တတ်သူတွေပါတဲ့။ သူတို့က ဘယ်လောက်ပဲ စိတ်ညစ်စရာရှိလာတဲ့နေ့တွေကို ကြုံရ ကြုံရ ရေချိုးခန်းထဲမှာတော့ သီချင်းအော်ဆိုဖို့ မမေ့တတ်ကြဘူး။ ဒီလို ဆိုလိုက်ခြင်းအားဖြင့်လည်း သူတို့စိတ်ညစ်စရာတွေ ပျောက်သွားလိမ့်မယ်လို့ ထင်နေတတ်ကြတယ်။ ကဲ…ဘယ်လောက်များအကောင်းမြင်တတ်ကြသလဲလို့…။

Luis Molinero/Shutterstock
(၂)။ ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူ

အပြင်မှာ ဧည့်သည်တွေရှိနေလား ၊ လူကြီးတွေ ထမင်းစားနေလား ဘာပဲဖြစ်ဖြစ် မသိဘူး။ သူတို့ကတော့ အော်နေတာပဲ။ ရေချိုးခန်းထဲမှာ။ အဲဒီလို လူမျိုးက ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူမျိုးတွေပါ။ ကျန်တဲ့အချိန်တွေမှာသာ အေးအေးဆေးဆေးနေချင်နေပေးမယ် ရေချိုးနေတဲ့အချိန်မှာတော့ လာမပြောနဲ့ ၊ ဂရုမစိုက်ဘူးဆိုတဲ့ လူစားမျိုးတွေ။ အဲဒီလို စိတ်သဘောထားမျိုးရှိတဲ့သူတွေက အပြင်လောကမှာလည်း ဘာကိုမှ ဂရုမစိုက်တတ်တဲ့သူမျိုးတွေဖြစ်ပြီး သူတို့ယုံကြည်ရာကိုသာ လုပ်တတ်ကြသူတွေပါ။

READ
မီးဖိုချောင်သုံးပစ္စည်းများဖြင့် အသုံးပြုနိုင်တဲ့ ဖြတ်လမ်းနည်းများ
(၃)။ ဖိအားတွေကို တွန်းလှန်နိုင်စွမ်းရှိသူ

ရေချိုးခန်းထဲမှာ သီချင်းဆိုလေ့ရှိသူတွေက ဖိအားတွေကို တွန်းလှန်နိုင်စွမ်းရှိသူတွေပါတဲ့။ ဒါကိုတော့ scienceabc.com ကနေ ဖော်ပြထားတာပါ။ အဲဒီလို လူမျိုးတွေဟာ သူတို့ရဲ့တစ်နေ့တာ လုပ်ငန်းခွင်တွေကို အောင်အောင်မြင်မြင်ပြီးမြောက်နိုင်ကြပြီး သူတို့အပေါ်မှာ ရှိနေတဲ့ ဖိအားတွေကို အမြန်ဆုံးပျောက်သွားအောင် စွမ်းဆောင်နိုင်ကြသူတွေပါတဲ့။

YoloStock/Shutterstock
(၄)။ ဥာဏ်ရည်မြင့်သူတွေ

ရေပန်းအောက်မှာ ဘာကိုမှ မတွေးပဲ သီချင်းဆိုနေတဲ့အချိန်မှာ ဦးနှောက်ကနေ Dopamine လို့ခေါ်တဲ့ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့ ဟိုမုန်းတွေကို ထုတ်ပေးလိုက်ပြီး အပန်းပြေစေပါတယ်တဲ့။ scienceabc.com ကဖော်ပြချက်အရတော့ ရေချိုးနေရင်း သီချင်းဆိုတဲ့သူ (၁၀၀)မှာ (၇၅)ရာခိုင်နှုန်းလောက်က ဥာဏ်ရည်မြင့်သူတွေဖြစ်ပြီး ကမ္ဘာကြီးရဲ့အလှတရားတွေကို ခံစားနိုင်စွမ်းရှိသူတွေလို့ ရေးသားဖော်ပြထားပါတယ်။

Linn

Source : scienceabc.com

SHARE