စက်လှေကားဘေးက အမွှေးတွေက ဘာလုပ်ဖို့ထားထားသလဲဆိုတာ သိကြလား

amazon.com

စက်လှေကားစီးရင် ဘေးနားက အမွှေးလေးတွေကို သတိထားမိကြတယ်ဟုတ်… တခါတလေ ဘွတ်တွေ၊ ရှူးတွေ၊ ဒေါက်တွေ နဲ့ဖုန်ပေလာတဲ့နေ့ဆိုရင် ဖုန်သုပ်ဖို့ထားတားတဲ့အတိုင်း သွားပြီး ထိလိုက်ကြသေးတယ်မလား… မငြင်းနဲ့နော်…

koei/unsplash

 

တကယ်တော့ အဲဒီအမွှေးလေးတွေထားထားရတဲ့ ရည်ရွယ်ချက်က အဲဒါထက်အများကြီးပိုပါတယ်။ တကယ်တော့ အဲဒီအမွှေး လေးတွေဟာ စက်လှေကားတွေအတွက် မရှိမဖြစ်အရေးပါတဲ့ အရာလေးတွေပါ။ သူတို့ဟာ စီးနှင်းသူတွေရဲ့ ခြေထောက်တွေ ညပ်ခြင်းကနေ ကာကွယ်ပေးသလို၊ စက်လှေကား ပေါက်ကွဲခြင်းရဲ့ ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။

နားရှုပ်သွားပါသလား.. စက်လှေကားပေါက်ကွဲခြင်းဆိုတော့ မှားများရေးထားသလားလို့… မမှားပါဘူး။ စက်လှေကားပေါက်ကွဲ ခြင်းဟာ တကယ်ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက လန်ဒန်မြေအောက်ဘူတာရုံတခုမှာ စက်လှေကားပေါက်ကွဲခဲ့လို့ လူ (၃၁)ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ် တကယ်ဖြစ်ပွားခဲ့ဖူးပါတယ်။

wikimedia commons

ဖြစ်ပွားရတဲ့အကြောင်းရင်းက ဘာကြောင့်လဲဆိုတော့ စက်လှေကားရဲ့ စက်ပစ္စည်းတွေထဲကို အမှိုက်တွေ၊ ဖုန်တွေ ဝင်နေတာ အဆမတန်များပြားလာပြီး ပွတ်တိုက်မှုတွေဖြစ်ပွားရာကနေတဆင့် ဖြစ်ခဲ့ တာလို့ စစ်ဆေးမှုတွေအရ သိရပါတယ်။ ဒါကြောင့် အဲဒီဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းထဲက စက်လှေကားရဲ့ ဘေးဘက်တွေကနေ ဖုန်တွေ၊ အမှိုက်တွေ မဝင်နိုင်အောင် အခုလို အမွှေးလေးတွေ တပ်ဆင်ထားခဲ့တာပါတဲ့။

ဒါ့အပြင် အဖြစ်အများဆုံး စက်လှေကားမတော်တဆမှုတွေမှာ ခြေထောက်ညပ်တာတွေက အများဆုံးပါပဲ။ ဒါကြောင့် ရွေ့လျား နေတဲ့စက်လှေကားရဲ့ ဘေးဘက်နံရံထဲကို ခြေထောက်မညှပ်သွားစေဖို့အတွက်လည်း ဒီအမွှေးတွေကို ထည့်ပေးထားတာပါတဲ့။

KYM

READ
သမိုင်းတစ်လျှောက် တွေ့ရှိရတဲ့ ထူးထူးဆန်းဆန်း အိမ်မွေးသတ္တ၀ါများ

Ref : wikipedia

SHARE