(၁၀)နှစ်ကျော်ကြာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေဟာ သင့်ဘ၀အတွက် အရေးပါသူတွေပါ ….

Imdb/TheBigBangTheory

ကိုယ်နဲ့ ခင်တဲ့ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေ ခင်တာ ၁၀ စုနှစ် တစ်စုကျော်ပြီဆိုရင် မိသားစုဝင်တစ်ယောက်လို ညီအစ်ကိုလို၊ မောင်နှမတွေလိုဖြစ်လာတတ်ကြပါတယ်။ တချို့ဆို မိသားစုဝင်တွေလိုမျိုးဖြစ်ပြီး တစ်ယောက်အိမ်တစ်ယောက် ဝင်ထွက်စားလောက် သွားလာတတ်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဘာကြောင့် ခင်တာ ၁၀ နှစ်ကျော်သွားတဲ့ သူငယ်ချင်းတွေက သူငယ်ချင်းထက် ပိုသွားရတဲ့ အကြောင်းအရင်းတချို့ရှိပါတယ်။ အဲဒါတွေကတော့-

– သူတို့က မင်းရဲ့ အစစ်အမှန်ကိုသိတယ်

ခင်တာ ၁၀ နှစ်ကျော်သွားပြီဆိုရင်တော့ ကိုယ့်အကြောင်းကို အသိဆုံးသူကတော့ မိဘတွေအပြင် သူငယ်ချင်းဆိုတဲ့ လူတွေက အသိဆုံးပါပဲ။ အဲဒီလူတွေက မင်းရဲ့ စိတ်ကိုကောင်းကောင်းဖတ်တတ်တဲ့သူတွေလည်းဖြစ်ပြီး မင်းကို နားလည်မှုပေးနိုင်တဲ့လူတွေလည်းဖြစ်လာခဲ့ပါတယ်။ တစ်ခါတစ်ခါ မင်း ဘာဖြစ်နေတယ်ဆိုတာကို သူတို့က အလိုလို သိနေတတ်တာမျိုးတွေလည်း ကြုံရမှာပါ။ ဘယ်လိုမှ သူတို့ရှေမှ သွားလိမ်လို့မရတော့ပါဘူး။

Imdb/Friends

– အကွာအဝေးတွေက ခင်မင်မှုကို မဖျက်ဆီးနိုင်ပါဘူး

ဘဝအခြေအနေအရ အလုပ်ကိစ္စဖြစ်စေ၊ တခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ တစ်နေရာဆီကို ဝေးကွာသွားတဲ့အချိန်မှာတောင်မှ သူငယ်ချင်းသံယောဇဉ်က ပျက်ပျယ်မသွားပါဘူး။ ခင်တာ ၁၀ နှစ်ကျော်ပြီဖြစ်တဲ့ သူငယ်ချင်းတွေ မတွေ့ရတာ ကြာလို့ ပြန်တွေ့တဲ့ reunion ဆိုတာကလည်း အလွန်ကို တန်ဖိုးရှိတဲ့ အချိန်တွေဖြစ်လာမှာပါ။ ကိုယ့်အကြောင်းကို အသိဆုံးသူက ကိုယ်ဖြစ်နေပြီး သူ့အကြောင်းကိုလည်း အသိဆုံးဆိုတဲ့ လူက ကိုယ်ဆိုတော့ ဘယ်လောက်နေရာတွေ ဝေးဝေး မပြောင်းမလဲဖြစ်နေတတ်တာမျိုးပေါ့။

– စကားတွေ အများကြီးပြောစရာမလို

READ
မသိမသာနဲ့ စိတ်ဖိဆီးမှုအကြီးအကျယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာ ၆ မျိုး

ခင်တာ ၁၀ နှစ်ကျော်သွားပြီဆိုရင်တော့ ကိုယ့်ရဲ့ မိသားစုဝင်တစ်ယောက်လိုဖြစ်လာခဲ့ပြီး တစ်ခုခုဆိုရင် စကားတွေအများကြီးပြောဖို့ မလိုအပ်တော့တာမျိုးပါပဲ။ မတွေ့ရတာ ဘယ်လောက်ကြာကြာ၊ စကားမပြောရတာ ဘယ်လောက် ကြာကြာ တွေ့လိုက်၊ မြင်လိုက်၊ ကြည့်လိုက်တာနဲ့ ဒီကောင်ဘာဖြစ်နေတယ်ဆိုတာလောက်တော့ ရိပ်မိကြတာကလည်း ဒီ သူငယ်ချင်းတွေပါပဲ။

Instagram/SofiaTurner

– တစ်ယောက်လျှို့ဝှက်ချက် တစ်ယောက်သိတယ်

၁၀ စုနှစ်တစ်စု ကြာအောင် ခင်ခဲ့တဲ့သူတွေဆိုတော့လည်း အချိန်ရဲ့ တိုက်စားမှုကို ကြံကြံခိုင်ပြီး ခင်မင်နေတတ်တဲ့ သူငယ်ချင်းဆိုတာ ရှားပါးလှပါတယ်။ ဒီလို သူငယ်ချင်းမျိုးရထားရင်တော့ တန်ဖိုးထားသင့်တာ အမှန်ပါပဲ။ တစ်ခုခုဆို သွားလိမ်လို့မရဘူးဆိုတာကလည်း ဒီ သူငယ်ချင်းတွေပါပဲ။ ကိုယ့် ဘာတွေ ကြိုက်တယ်။ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုဖြစ်တတ်တယ်။ ဘယ်လိုဖြစ်နေရင် စိတ်အဆင်မပြေနေတာမျိုးတွေကိုလည်း သူငယ်ချင်းဆိုတဲ့ လူတွေက အသိဆုံးပါပဲ။ ကိုယ့်အကြောင်းကို အတွင်းကျကျ သိတဲ့ လူတွေပေါ့။ 

– မင်းရဲ့ အကောင်းဆုံးတွေကိုလည်း သူသိသလို၊ အဆိုးဆုံးဆိုတာတွေကိုလည်း သိတယ်

READ
မိသားစုထဲမှာ အငယ်ဆုံးတွေဟာ အပျော်တတ်ဆုံးသူတွေဖြစ်ကြောင်း သိရ

သူငယ်ချင်းဆိုတဲ့ လူတွေက သင်ရဲ့ အကြောင်းကို သိနေတဲ့ လူတွေပါပဲ။ ၁၀နှစ်လောက် ခင်မင်လာခဲ့တော့ မင်း အတိတ်ကဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွေကိုလည်း သူ သိနေမှာဖြစ်ပြီး မင်းဘယ်နေရာမှာ တော်လဲ၊ ဘယ်နေရာမှာ ဘယ်လိုထူးချွန်လဲဆိုတာလည်း သိသလို မင်းရဲ့ အားနည်းချက်တွေကိုလည်း သိနေသူတစ်ယောက်ပါပဲ။ တစ်ခါတစ်ရံမှာတော့ ကိုယ်လိုအပ်တဲ့ အကြံဥာဏ်မျိုးတွေကိုလည်း ပေးနိုင်တာကလည်း ဒီ သူငယ်ချင်းတွေပါပဲ။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို သိနေသူတစ်ယောက်ဆိုတော့ ဒီလို သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားရင်တော့ ကံကောင်းတဲ့ လူတစ်ယောက်ပါပဲ။

Ye Yint Kyaw

SHARE