မိန်းကလေးတွေ သူတို့ချစ်သူ “ကိုကို” ကို အမြဲရစ်မိနေရတဲ့ အကြောင်းအရင်း (၅)ချက်

တစ်ခါတစ်လေ မိန်းကလေးတွေရဲ့စိတ်က နားလည်ရခက်ပါတယ်။ အခုနေ စိတ်ကြည်နေပြီး ခဏနေရင် စိတ်ကောက်ပြီး ရစ်သွားပြန်ရောပါ။ သူတို့လေးတွေ ချစ်သူ ကိုကို ကိုအမြဲရစ်မိနေရတဲ့ အကြောင်းတွေကတော့ ဒီလိုကြောင့်ပါပဲ။ ဒါကြောင့် မိန်းကလေးတွေ ရစ်ရင် စိတ်မပျက်သွားပါနဲ့နော်။

(၁) ဂရုမစိုက်လို့

သူတို့လေးတွေရဲ့စိတ်ထဲမှာ ချစ်သူက ဂရုမစိုက်သလို ခံစားလာရရင် ရစ်တော့တာပါပဲ။ ရစ်ပြီးဆိုရင်လည်း ဟိုရှေးက ဖြစ်ခဲ့တဲ့ သေးသေးလေးတွေနဲ့ စရစ်တော့တာပါ။ အကြောင်းကတော့ ချစ်သူရဲ့ ဂရုစိုက်မှုတွေ ၊ ဦးစားပေးမှုတွေကို ရချင်လို့ပါ။ ရစ်လိုက်တော့မှ ချစ်သူဆီက ဂရုစိုက်မှုတွေကို ရလာမှာလို့ တွေးမိနေလို့ပါ။

Shutterstock

(၂) အလိုက်မသိလို့

ချစ်သူကိုကိုတွေက အလိုက်မသိကြတာများပါတယ်။ သူတို့လေးတွေ ရစ်ရတာကလည်း ချစ်သူကိုကိုတွေ အလိုက်မသိလို့လည်း ပါပါတယ်။ အမှတ်တရနေ့တွေဆို အလိုက်တသိ surprise မလုပ်ပေးတာမျိုး ၊ သူငယ်ချင်းတွေရှေ့ဆို အလိုက်မသိတတ်တာမျိုးတွေပါ။ မိန်းကလေးတွေ ဘာကြောင့်ရစ်ရတယ်ဆိုတာ ချစ်သူကိုကိုတွေရဲ့ အလိုက်သိမှုပေါ်မှာပဲ မူတည်နေပါတယ်။

READ
စစ်မှန်တဲ့အချစ်တစ်ခုဖြစ်ဖို့ လိုအပ်ချက်များ

(၃) ဖုန်းမဆက်လို့

ဖုန်းမဆက်တာတို့ ၊ ဖုန်းမကိုင်တာတွေကလည်း ရစ်ဖို့ဖြစ်လာတတ်ပါတယ်။ ယောကျာ်းလေးတွေဘက်ကတော့ ဖုန်းမဆက်တာ ၊ ဖုန်းမကိုင်တာတွေ သာမန်ပဲလို့ တွေးတတ်ကြပေမယ့် သူတို့လေးတွေရဲ့ စိတ်ထဲမှာ ပူလောင်နေရပါပြီ။ စိုးရိမ်စိတ်တွေဖြစ်သွားပြီး ဒေါသဖြစ်လာပါတယ်။ ဒေါသစိတ်ကနေ ရစ်မိသွားပြီး ပြသနာတွေ ရှာလာတော့တာပါ။

Shutterstock

(၄) ဆိုးချင်လို့

တချို့မိန်းကလေးတွေကျတော့ ချစ်သူကိုကိုက အစစအရာရာ အလိုလိုက်ပြီး ချစ်ပေးနေတော့ ဆိုးချင်ပြန်တယ်။ ဆိုးချင်တဲ့စိတ်ကနေ တစ်ခုမဟုတ်တစ်ခုကို ရှာကြံပြီး ရစ်တော့တာပါပဲ။ အကြောင်းကတော့ တမင်သက်သက်ဆိုးချင်လို့ ရစ်တာပါ။

(၅) အရမ်းချစ်လို့

ချစ်သူကိုကို ကို အမြဲရစ်မိနေရတဲ့ အကြောင်းကတော့ အရမ်းချစ်လို့ပါ။ သူတို့အပေါ် ဘယ်လောက်ထိချစ်ပြီး သည်းခံလဲ ဆိုတာကိုလည်း သိချင်ကြလို့ပါ။ အရမ်းချစ်တဲ့ မိန်းကလေးတွေက အရမ်းအရစ်ကြမ်းပါတယ်။ ဒါကြောင့် ရစ်တဲ့ ချစ်သူရထားရင် ကိုယ့်ကို အရမ်းချစ်လို့ဆိုတာ ကိုကိုတို့ နားလည်ပေးလိုက်ကြပါနော်။

READ
ရေရှည်တည်မြဲမယ့်အချစ်ရေးဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့နည်းလမ်းကိုကျွမ်းကျင်သူတွေပြော

Hannwe Soe

SHARE