မိန်းကလေးသူငယ်ချင်းတွေချည်း မကြာခဏ ခရီးစုထွက်ပေးသင့်တဲ့ အကြောင်းအရင်း

rawpixel/pixabay

ဘဝရဲ့စစ်မှန်တဲ့ အနှစ်သာရတွေကို ကိုယ်တိုင်ကြုံတွေ့ချင်ရင် ခရီးထွက်ပါ။ ခရီးထွက်တဲ့အထဲကမှ လုံးဝစိတ်ပေါ့ပါးလန်းဆန်းစေပြီး ဖိဆီးမှုတွေအားလုံးကို လျော့ကျစေကာ လူအသစ်တစ်ဖန် ပြန်ဖြစ်ချင်ရင်တော့ အရင်းနှီးဆုံးစိတ်တူကိုယ်တူသူငယ်ချင်းတွေနဲ့ ခရီးထွက်ပါလို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ ဟားဗတ်တက္ကသိုလ်မှာရှိတဲ့ ဆေးတက္ကသိုလ်ရဲ့ အမျိုးသမီးကျန်းမာရေးကဏ္ဍမှာ ဖော်ပြချက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခရီးထွက်ဖို့ ရွေးချယ်တဲ့လူနေရာမှာလည်း ခရီးစဉ်တစ်လျှောက် စိတ်အနှောက်အယှက်မဖြစ်ရစေဖို့ အခင်ရဆုံး၊ အရင်းနှီးဆုံးနဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်ဖို့တော့ လိုပါလိမ့်မယ်နော်။ မိန်းကလေးတွေချည်းပဲ ခရီးထွက်ဖူးတဲ့လူတွေဆိုရင် ဒီလိုသီးသန့်ခရီးထွက်တာဟာ ဘယ်လောကတောင် လွတ်လပ်ပြီး ပျော်စရာကောင်းတယ်ဆိုတာ ခံစားဖူးကြမှာပါ။

StockSnap/pixabay

အမျိုးသားနဲ့ အမျိုးသမီးတွေဆိုရင် အမျိုးသမီးတွေဟာ မိသားစုအပေါ်အရာရာစိုးရိမ်ပူပန်ရတဲ့ စိတ်ထားဟာပိုများကြပါတယ်။ ဒီလိုပဲ ခံစားလွယ်တဲ့အမျိုးသမီးများ ဖြစ်လေပြန်တော့ အပြင်လောကရဲ့ လုပ်ငန်းခွင်ဝင်တဲ့အချိန်မျိုးတွေဟာ ဘက်ပေါင်းစုံက ဖိအားတွေကြောင့် အမျိုးသားတွေထက်ပိုပြီး ဖိဆီးမှုဒဉ်တွေ ပိုခံစားစေနိုင်တာသဘာဝပါပဲ။

နောက်ပြီး စိတ်ပညာအရ သူငယ်ချင်းသံယောဇဉ်ကောင်းကောင်းတစ်ခုသာ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် အသက်ရှည်စေနိုင်ပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်ကာ ဖြစ်သမျှကိုယ်ရော စိတ်ရောရဲ့ နာကျင်မှုဒဏ်တွေကို သာမန်လူတွေထက်ပိုပြီး သည်းခံနိုင်ကြပါတယ်တဲ့။ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းနေရရင်ကို oxytocin ဓာတ်တွေကို ပိုထုတ်ပေးခြင်း၊ ကိုယ့်ကိုယ်ကိုလေးစားမှုကို ပိုမြှင့်တင်ပေးခြင်း၊ အကောင်းမြင်စိတ်ရှိခြင်းနဲ့ စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအပြင် ညမှာလည်း ကောင်းကောင်းအိပ်စက်နိုင်တာကိုလည်း တွေ့ရပါတယ်။

READ
အကောင်းမြင်တတ်ခြင်း၏စွမ်းအား

တစ်ဖက်ကပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ အနားမှာ ရင်းနှီးလွန်းတဲ့ သူငယ်ချင်းမရှိသူတွေက စိတ်ဓာတ်ပိုကျလွယ်တယ်၊ မှတ်ဥာဏ်ကျဆင်းတာတွေနဲ့ အရွယ်မတိုင်ခင် အသက်ဆုံးရှုံးခြင်းတို့ ဖြစ်စေနိုင်တာကို ထူးဆန်းစွာလေ့လာခဲ့ရပါတယ်။

StockSnap/pixabay

ဒါပေမဲ့လည်း အခုခေတ်ကြီးထဲမှာ ဘယ်လောက်ပဲ ခင်မင်ရခင်မင်ရ အလုပ်တွေ၊ ကျောင်းတွေနဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် အချင်းချင်းတွေ့ဖြစ်ပြီး လွတ်လွတ်လပ်လပ်အချိန်ဖြုန်းဖို့ဆိုတာ ခဲယဉ်းနေပါပြီ။ ဒါကြောင့် မိန်းကလေးသူငယ်ချင်းအချင်းချင်း ဒိတ်လုပ်ဖို့ဆိုတာ မလွယ်ကူလေတော့ အချိန်သက်သက်ပေးပြီး ခရီးသွားဖို့ကို စီစဉ်ကြည့်ပါ။ ကိုယ့်ရဲ့သူငယ်ချင်းမလေးတွေနဲ့ ခရီးသွားအမှတ်တရလည်း ဖန်တီးရင်း လွတ်လွတ်လပ်လပ်လည်း အချိန်ဖြုန်းနိုင်ပြီမလို့ ခရီးကပြန်လာရင်တော့ သိပ်ကိုအကျိုးထူးတဲ့ ခံစားချက်မျိုး ခံစားရမှာ အသေအချာပါပဲ။

Penny

SHARE