အခြားတစ်ယောက်သန်းဝေတာမြင်ရုံနဲ့ ကိုယ်ပါလိုက်သန်းရခြင်း အကြောင်းရင်း

သမ်းဝေတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ အောက်ဆီဂျင်နည်းနေတဲ့အခါ အလိုအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ပျင်းနေတယ်၊ ပင်ပန်းနေတယ်ဆိုရင် အသက်ရှူနှေးသွားပါတယ်။ အဲဒီအခါ ခန္ဓာကိုယ်က အောက်ဆီဂျင်အရနည်းသွားတာကြောင့် အောက်ဆီဂျင်ပိုရဖို့ သမ်းဝေခြင်းနဲ့ အချက်ပြလိုက်တာပါ။ ဒါ့အပြင် သမ်းဝေခြင်းဟာ သင့်ဦးနှောက်ကို အပူလျော့စေတယ်လို့လည်း ဆိုပါတယ်။

လူတော်တော်များများဟာ ဆောင်းရာသီထက် နွေရာသီတွေမှာ ပိုသမ်းဝေကြောင်း ပညာရှင်တွေကဆိုထားပါတယ်။ သမ်းဝေတဲ့အခါမှာ နှလုံးသွေးခုန်နှုန်းမြန်ဆန်လာတယ်၊ မျက်နှာကြွက်သားတွေကို အသုံးပြုရတယ်။ ဒီအချက်တွေက သင့် ဦးနှောက်ကိုအပူလျော့စေပါတယ်။

နောက်တခုထူးခြားတာကတော့ သမ်းဝေခြင်းဟာ ကူးစက်တတ်ပါတယ်။ တစ်ယောက်ယောက်သမ်းဝေတာမြင်တဲ့အခါမှာ၊ သမ်းဝေတဲ့အကြောင်းပြောသံကြားတဲ့အခါမှာ လူအများစုက အလိုအလျောက် လိုက်လံပြီးတော့ သမ်းဝေလေ့ရှိကြပါတယ်။ ဒီဖြစ်ရပ်ကို ချင်ပန်ဇီတွေမှာစမ်းသပ်ကြည့်တဲ့အခါ သူတို့တွေမှာလဲ တစ်ကောင်သမ်းဝေတာမြင်တဲ့အခါ ကျန်တဲ့အကောင်တွေဟာ လိုက်လံသမ်းဝေလေ့ရှိပြီး အိမ်မွေးခွေးတွေကလည်း သူတို့သခင်သမ်းဝေတာမြင်တဲ့အခါမှာ လိုက်သမ်းဝေတတ်ကြောင်း တွေ့ရှိရပါတယ်။ အချို့ကျတော့လည်း သမ်းဝေတာဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်သွယ်နေမှုကြောင့်လို့ဆိုကြပြီး အချို့ကျတော့ နာ့ဗ်ကြောတွေရဲ့လှုံ့ဆော်မှုကြောင့် တစ်ဦးရဲ့အပြုအမူကို တစ်ဦးက လိုက်လံပြီး အတုခိုးတာဖြစ်တယ်လို့ ဆိုကြပါတယ်။

READ
မနက်ခင်းတိုင်းမှာ ခံတွင်းရနံ့သင်းစေဖို့ ဒီနည်းလမ်းလေးတွေသုံးကြမယ်

သမ်းဝေခြင်းကူးစက်မှုဟာ အသက်(၄၊ ၅)နှစ်ဝန်းကျင်လောက်ကနေ စတင်ဖြစ်ပွားပါတယ်။ အဲဒီအသက်အရွယ်ဟာဆိုရင် လူတစ်ယောက်အတွက် တစ်ဖက်သားရဲ့ စိတ်ခံစားချက်နဲ့ နားလည်လက်ခံနိုင်ခြင်းနဲ့ သက်ဆိုင်တဲ့အပြုအမူတွေ ဖွံ့ဖြိုးတဲ့အချိန်ပါ။ တကယ်လို့ သမ်းဝေတဲ့သူဟာ ကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့သူဖြစ်မယ် ၊ ကိုယ်နဲ့ ဆွေမျိုးမကင်းထဲကသူဆိုရင် ကိုယ်က သူတို့ကိုကြည့်ပြီး လိုက်သမ်းဝေဖို့ဖြစ်နိုင်ခြေ အတော်များပါတယ်။

နောက်ထပ်အတွေးအခေါ်တစ်ခုကတော့ သမ်းဝေခြင်းကူးစက်တာဟာ ပုံရိပ်မှန်အာရုံကြောဆဲလ် (Mirror Neuron) တွေကြောင့်လို့လည်း ဆိုကြပါတယ်။ အဲဒီအာရုံကြောတွေက သတ္တ၀ါတစ်ကောင်ဟာ အခြားသတ္တ၀ါရဲ့ ပြုမူလှုပ်ရှားပုံကိုမြင်တဲ့အခါ လိုက်လံပြုမူအောင် လုပ်ဆောင်ပေးပါတယ်။ တစ်ယောက်ယောက်သမ်းတာမြင်တဲ့အခါ Mirror Neuron တွေဟာ ကိုယ့်ရဲ့စိတ်မှာ အလားတူပုံစံမျိုးလိုက်လုပ်ဖြစ်အောင် လှုံ့ဆော်ပေးတတ်ပါတယ်။ ဒါ့ကြောင့်ပဲ သမ်းဝေသူဟာ ကိုယ်နဲ့ ရင်းနှီးဆက်နွယ်နေသူများဖစ်ခဲ့ရင် သူသမ်းတဲ့အခါ လိုက်သမ်းဝေကြတာပဲဖြစ်ပါတယ်။ သို့ပေမယ့် Autism လို အာရုံကြောဖွံ့ဖြိုးမှုနှေးကွေးတဲ့ ဝေဒနာရှိတဲ့လူတွေ၊ နောက်ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတွေ၊ စိတ်ကစဉ့်ကလျားဝေဒနာရှိတဲ့ လူတွေအတွက်တော့ သမ်းဝေခြင်းဟာ မကူးစက်နိုင်ပါဘူး။

READ
သင်ဟာဘဝရဲ့အချိန်တွေကိုဖြုန်းတီးနေမိကြောင်း ပြနေတဲ့သင်္ကေတများ

ကျောရိုးရှိတဲ့သတ္တ၀ါတွေအားလုံးက သမ်းဝေတတ်ကြပါတယ်။ ပင်ဂွင်းတွေဆိုရင် မိတ်လိုက်တဲ့အခါ၊ မြွေတွေဆိုရင်တော့ သူတို့အစားစားပြီးတဲ့အခါ မေးရိုးတွေပြန်လည်ချိန်ညှိဖို့နဲ့ ပူးကောင်လေးတွေမှာဆိုရင်တော့ ဒေါသထွက်တဲ့အခါ သမ်းဝေလေ့ရှိပါတယ်။ ဒါ့အပြင် ကလေးတွေဟာလည်း မိခင်ဗိုက်ထဲမှာ (၄)လသားလောက်ကစပြီး သမ်းဝေတတ်ကြကြောင်းသိရပါတယ်။

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE