ဗိုက်သားပြင်ကို တို့ထိတဲ့အခါ ဘာလို့ထူးဆန်းတဲ့ ယားယံမှုကို ခံစားရတာလဲ ?

လူတွေဟာ ဗိုက်သားနဲ့ သို့မဟုတ် ခါးစသည်တို့ကို တို့ထိတဲ့အခါ သို့မဟုတ် ဂလိထိုးတဲ့အခါ ထူးဆန်းတဲ့ ယားယံမှုကို ခံစားရပြီး၊ မနေတက်မထိုင်တက် ဖြစ်တတ်ပါတယ်။ ဒီလိုခံစားမှုမျိုးကို သင်တစ်ယောက်တည်း ခံစားရတာမျိုး မဟုတ်ဘဲ၊ တစ်ခြားသူတွေလည်း ခံစားရတယ်ဆိုတာ တိုက်ဆိုင်မှုတစ်ခုခုတော့ ရှိနေလို့ပါ။

Pixabay

Mirror မှာတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အကြောင်းပြချက်များစွာကို ထုတ်နှုတ်တင်ပြထားပါတယ်။ ဗိုက်ကို တို့တဲ့အခါ တစ်ခါ ဆီးသွားချင်သလို၊ အိမ်သာတက်ချင်သလိုလိုလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သူငယ်ချင်းအချင်းချင်း စနောက်ဂလိထိုးတဲ့အခါ ပိုပြီးအခံရခက်ပါတယ်။

Pixabay

ဘာကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာ ဆေးပညာအရ အကြောင်းပြချက် ရှိပါတယ်။ NYC Surgical Associates အဖွဲ့မှ ဒေါက်တာ Christopher Hollingsworth ရဲ့ ပြောကြားချက်က ရှင်းလင်းပြီး ထိမိပါတယ်။ ဒေါက်တာက Christopher ရဲ့ ပြောပြချက်အရ ကျနော်တို့ ဗိုက်သားထဲမှာ Parietal peritoneum ဆိုတဲ့ အလွှာရှိပါတယ်။

READ
ရှားရှားပါးပါးမွေးရာပါအမှတ်အသားများနဲ့ လူသားများ
Pixabay

အဲဒီအလွှာထဲမှာ အာရုံခံနိုင်တဲ့ ဆံချည်မျှင်သွေးကြောလေးတွေ ရှိနေပြီး၊ ကျောရိုးမကြီးထဲက အာရုံကြောမကြီးနဲ့ ဆက်သွယ်နေပါတယ်။ တို့မိထိမိရုံနဲ့ အာရုံခံစားမြှုမန်ဆန်ပါတယ်။ အဆိုပါသွေးကြောလေးတွေဟာ ဆီးအိတ်နဲ့ ဆီလမ်းကြောင်းဆီကို တစ်ဆင့်ဖြတ်သန်း သွားရတာမို့ ဦးနှောက်ဆီကို သတင်းပို့လွှတ်တဲ့အချိန်မှာတော့ နှောင့်နှေးမှု ဖြစ်ပါတယ်။

Pixabay

အချိန်အနည်းငယ်ကြာမှ ဒီနေရာကို ထိခြင်းတို့ခြင်းဟာ သက်တောင့်သက်သာမဖြစ်စေဘူးဆိုပြီး ဦးနှောက်က လက်ခံလိုက်တာဖြစ်ပြီး၊ ထိုအခါကျမှ ဆီးသွားလိုစိတ် ဖြစ်ပေါ်လာစေတာလို့ ဒေါက်တာ Christopher က ဆိုပါတယ်။ ဒါ့အပြင်သာမကပဲ ဒီနေရာကို ထိလိုက်တာနဲ့ အာရုံခံစားမှုမြန်ဆန်ပြီး ကြက်သီးမွေးညှင်များ ထသည်အထိ ယားယံတာမျိုးလည်း ရှိတတ်ပါကြောင်း။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE