Forrest Gumpဟာ သူ့အကြိုက်ဆုံး ဇာတ်ကားပါလို့ပြောဆိုခဲ့တဲ့ ဂျက်မား

အလီဘာဘာတည်ထောင်သူ ဂျက်မားဟာ CNBC သတင်းဌာနကို ” သူစိတ်ဓာတ်ကျနေချိန်တိုင်း Forrest Gump ဇာတ်ကားကိုကြည့်တယ် ” လို့ပြောခဲ့ပါတယ်။Forrest gump ဇာတ်ကားဟာ မင်းသားတွမ်ဟန့်ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၉၄ မှာထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကလေးဘ၀ထဲက ခြေထောက်မသန်တဲ့ကောင်လေးတစ်ယောက်ဟာ ကျောင်းမှာအနိုင်ကျင့်ခံရတဲ့အချိန်မှာ ခြေထိန်းတွေပြုတ်သွားတဲ့အထိပြေးတော့မှ သူရဲ့ခြေထောက်ပြန်လည်သန်စွမ်းလာပြီး သူလုပ်သင့်တယ်လို့ထင်တဲ့အရာတွေအားလုံးကို လုပ်ခဲ့ပြီးမှ နောက်ဆုံးမှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သွားတဲ့ Forrest Gump အကြောင်းရိုက်ထားတဲ့ ဟာသဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုဂျက်မားဘာကြောင့်သဘောကျလဲဆိုတာသိရအောင် သူ့အင်တာဗျုးကိုဖော်ပြပေးလိုက်ပါတယ်။ဂျက်မား – ပြီးခဲ့တဲ့ ၁၇ နှစ်လောက်က ကျွန်တော် အမေရိကန်နိုင်ငံကိုရောက်ခဲ့ပြီး ဆီလီကွန်တောင်ကြားဒေသကိုလည်းသွားရောက်တဲ့အချိန်မှာ အဆောက်အဦးအကောင်းစားတွေ၊ကားအကောင်းစားတွေတွေ့ခဲ့တယ်။ကျွန်တော်လည်း တစ်နေ့ဒါတွေပိုင်ဆိုင်ရမယ်ကွလို့ကြုံးဝါးခဲ့ပါတယ်။ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Forrest Gump ပဲ။

Jim Cramer – ဘ၀ဆိုတာ ချောကလတ်တစ်ဘူးလိုပဲဆိုတဲ့ဇာတ်ကားလား။

READ
နိုင်ငံအလိုက် မတူညီတဲ့ယာဉ်ကြော ကြပ်ပိတ်မှုများ

David Faber – အဲ့ဒီဇာတ်ကားက စိတ်ကူးယဉ်ဇာတ်ကားတစ်ကားပါ။

ဂျက်မား – ကျွန်တော်အဲ့ဒီဇာတ်ကားကိုသဘောကျတယ်။အဲ့ဒီရုပ်ရှင်ကားကိုလည်း ၁၀ ခေါက်လောက်ကြည့်ဖြစ်ခဲ့ပါတယ်။စိတ်ဓတ်ကျတဲ့အခါတိုင်း ဒီဇာတ်ကားကိုကြည့်ဖြစ်တယ်။ဘာတွေ ဘယ်လောက်ပဲ ပြောင်းလဲသွား ပြောင်းလဲသွား၊မင်းဟာ မင်းပါပဲ ဆိုတဲ့ သင်ခန်းစာကို ဒီဇာတ်ကားကပေးတယ်။

Lumos(Shwemom)

Ref : business insider

SHARE