ဂျပန်အမျိုးသမီးတွေ ဘယ်တော့မှ မ၀ပဲ အသက်ရှည်ကြတာ ဘာကြောင့်လို့ သင်ထင်လဲ …..

ဂျပန်လူမျိုးတွေရဲ့ Lifespan ဘယ်လောက်လို့ သင်ထင်ပါသလဲ။ (၈၄)နှစ်ပါ။ ဂျပန်နိုင်ငံက အမျိုးသမီးတွေက ဘာလို့ နုပျိုပြီး အသက်ရှည်ရှည်နေနိုင်ရတယ်ဆိုတဲ့ လျှိုဝှက်ချက်ကို ဖော်ပြပေးသွားမှာပါ။ သူတို့ရဲ့ LifeStyle ကတော့ အရမ်းကို အတုယူစရာ ကောင်းပါတယ်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ စားတယ်
ဂျပန်လူမျိုးတွေက ကျန်းမာတဲ့ အစားအသောက်နဲ့ အိမ်လုပ်အစားအစာတွေကို ယုံကြည်ကြတယ်။ သူတို့တွေရဲ့ ရိုးရာအစားအစာကတော့ ငါးနဲ့ထမင်း ၊ Miso ဟင်းရည်နဲ့ အသီးအရွယ် ၊ Green Tea တို့ပဲဖြစ်တယ်။ အချိုတွေ မစားဘူး ၊ အဲ့အစား အသီးတွေကို ပိုစားတတ်ကြတယ်။

(၂) ပမာဏ နည်းနည်းပဲစားကြတယ်

Stylecraze

ဂျပန်စားသောက်ဆိုင်တွေ သွားဖူးရင်သိမှာပါ။ ဂျပန်စားသောက်ဆိုင်းမှာဆို လာချပေးတဲ့ ဆူရှီအလိပ်ပမာဏက နည်းပါတယ်။ ဂျပန်လူမျိုးတွေရဲ့အဓိကဟင်းက ဆူရှီ နဲ့ ငါးပဲဖြစ်ပါတယ်။ သူတို့ ပန်းကန်ထဲကိုလည်း အပြည့်အသိပ်ထည့်စားလေ့မရှိကြပါဘူး။

READ
အရေပြားကင်ဆာကို ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်း(၈)ခု

(၃) ကျန်းမာမယ့် မနက်စာမျိုးကိုပဲ စားတယ်

Stylecraze

ဂျပန်လူမျိုးတွေက မနက်စာကို နေ့လည်စာ ၊ ညစာတွေထက် ပိုအရေးကြီးတယ်လို့ ယူဆထားကြတယ်။ မနက်စာက အရေးကြီးဆုံးပါ ၊ ဒါကြောင့် မနက်တိုင်း Miso ဟင်းရည် တစ်ခွက်သောက်လေ့ရှိကြတယ်။

(၄) အစားစားရင် ဖြေးဖြေးစားတယ်

Stylecraze

ဂျပန်လူမျိုးတွေက အစားစာရင်ဖြေးဖြေးစားတတ်ကြတယ်။ ဒါက မင်ဝိတ်ချတာမျိုးမဟုတ်ဘဲ ငယ်စဉ်ကတည်းက အစားကို ဖြေးဖြေးစားရမယ် ၊ အစားအသောက်ကို တန်ဖိုးထားရမယ် ဆိုပြီးသင်လာခဲ့ကြရတာကြောင့်ပါ။ ကျန်းမာတဲ့အစားအသောက်အပြင်ကို ကိုယ်လက်လေ့ကျင့်ခန်းတွေလည်းလုပ်ပါတယ်။

(၅) ပေါင်မုန့်မစားကြဘူး
ဂျပန်လူမျိုးတွေက ပေါင်မုန့်တွေအစား ထမင်းကို ပိုစားကြတယ်။သူတို့ တစ်နေ့တာကို ထမင်းနဲ့ပဲပြီးဆုံးတတ်ကြတယ်။ ပေါင်မုန့်တွေမှာ ပါတဲ့ တချို့သော ပါဝင်ပစ္စည်းတွေက ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အခုခေတ် လူတွေတော်တော်များများ ပေါင်မုန့်အစား ထမင်းကို ပိုစားလာကြတယ်။

READ
သလဲသီးရဲ့ အကျိုးအာနိသင်(၉)မျိုး

Hannwe Soe

SHARE