လိင်ကိစ္စ မပါတဲ့ လက်ထပ်ခြင်း တွေနဲ့ Single တွေ ဂျပန်မှာ ဘာကြောင့် ပိုများလာတာလဲ..?

Image:freepik.com/jcomp

အခုနောက်ပိုင်းမှာတော့ ဖွံ့ဖြိုးပြီး တစ်ချို့နိုင်ငံတွေမှာ လူဦးရေ တိုးပွားမှု နည်းပါးလာတာ၊အသက်ကြီးတဲ့ လူဦးရေ တွေ များ ပြား လတာ က ပြဿနာကြီး တစ်ခုလို ဖြစ်နေပါတယ်။ဂျပန်လို နိုင်ငံမျိုးမှာဆိုရင် ဒီလို ပြဿနာ မျိုးနဲ့ ရင်ဆိုင်နေရပါတယ်။အခု ကိုဗစ် ကာလ ဆိုရင် ပိုပြီး တော့ တောင်ဆိုးလာပါတယ်။ဂျပန်မှာ တော့ အခုနောက်ပိုင်းမှာ လိင် ကိစ္စ မပါတဲ့ လက်ထပ် ခြင်း တွေ၊ Single အဖြစ် ပဲ နေဖို့ ရွေးချယ်လာကြတာတွေ ပိုများလာပါတယ်။ဘာကြောင့် ဒီလို မျိုးတွေကို ရွေးချယ်လာကြလဲ ဆိုတာကိုတော့ SCMP မှာ အခုလို ဖော်ပြထားပါတယ်။

Image:freepik.com/tzido

Yoko ဆိုတဲ့ မိန်းကလေးကတော့ သူမရဲ့ Sex Life အတွက် စိတ်ပူနေပါတယ်။ကလေး လို ချင် ပေမယ့် လည်း ခင်ပွန်း နဲ့ သူမ ဆက်ဆံ ရေး ကြားမှာက လိင်မှု ကိစ္စ တွေ ဘယ်တုန်းကမှ မရှိတဲ့ အနေ အထားမျိုး ဖြစ် နေပါတယ်။ခင်ပွန်း ဖြစ်သူကလည်း sex ကိစ္စ ကို လုံးဝ စိတ်မ၀င်စားပဲ ဗီဒီယိုဂိမ်း၊အစားအသောက်တွေ ကိုပဲ စိတ် ရောက် နေပါတယ်။ဒီလို အခြေအနေ မျိုးနဲ့ ကြုံ နေရတာက သူမ တစ်ယောက် တည်း တော့ မဟုတ်ပါဘူး။ဒီလို စုံတွဲ တွေများလာ လို့ လည်း လူဦးရေ တိုးပွားနှုန်း နည်းလာတာ၊အသက်ကြီး တဲ့ လူဦးရေ တွေ များပြားလာတာပါ။ဒါတင် မဟုတ်ကပါဘူး။ဂျပန်မှာရှိတဲ့ လူငယ်လူရွယ် တွေ ကလည်း Single Life ကိုပဲ ရွေးချယ် လာကြပါတယ်။ဂျပန်မှာရှိတဲ့ ဒီကနေ့ လူငယ်လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်း လောက်က Single ဘ၀ ကို ပဲ ရွေးချယ်ပြီး လက်မထပ် တော့ ဘူး ဆိုတဲ့ အတွေး မျိုးတွေ ရှိ နေကြ တယ်လို့ Chuo တက္ကသိုလ် မှ ပါမောက္ခ Masahiro Yamada က ပြောပါတယ်။

Image:freepik.com/jcomp

Single ဦးရေ က တော့ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်းမှာကို ပိုပြီး များပြားလာခဲ့တာပါ။လက်မထပ်တော့ပဲ မိဘ တွေနဲ့ အတူတူ နေသွားဖို့ ကိုပဲ လူငယ် တွေ က ရွေးချယ် လာ ကြပါတယ်။လက်ထပ်ပြီးတဲ့ စုံတွဲ တွေ ကြားမှာလည်း sex-free marriage ဆိုတာကြီး က ပေါ် ပေါက်လာခဲ့ပါတယ်။၂၀၁၅ တုန်းက တိုကျို တက္ကသိုလ် ရဲ့ လေ့လာမှု တစ်ခုမှာ ဆိုရင်တော့ အမျိုးသမီး လေးယောက်မှာ တစ်ယောက်၊အမျိုးသား သုံးယောက်မှာ တစ်ယောက်က အသက် ၃၀ နှောင်း ပိုင်း အထိ Single ဘ၀ နဲ့ ရပ်တည်နေကြပါတယ်။သူတို့ထဲက တစ်ဝက် လောက်က ဆန့်ကျင်ဘက် လိင်ကို စိတ်မ၀င်စားတာ. အလွယ်ပြောရရင် တော့ အိမ် ထောင်ပြု မိန်းမယူ၊ယောက်ျားယူ တာမျိုးတွေကို စိတ်မ၀င်စားကြဘူး လို့ လေ့လာမှု မှာ ဖော်ပြထားပါတယ်။ဂျပန်မီဒီယာတွေ ရဲ့ ဖော်ပြချက် အရ လူငယ် တွေ ကြားမှာ လည်း လိင်ဆက်ဆံမှု တစ်ခါ မှ မပြု ရသေးတဲ့ လူငယ်တွေ၊Sex နဲ့ date လုပ်ဖို့ ကို လုံးဝ စိတ်မ၀င်စားသူ တွေ ပို များလာပါတယ်။

READ
ခွေးမလေးကို သမီးအရင်းလိုချစ်ပြီး ပေါင်(၁,၀၀၀)ဖိုးလက်ဆောင်ဝယ်ပေးတဲ့သခင်
Image:.freepik.com/oneinchpunch

မြန်မာ အတွေး မြန်မာ အမြင်နဲ့ ကြည့်ရင်တော့ ဒီလို sex ကိစ္စ၊date ဖို့ ကိစ္စ၊ sex-free marriage ဆိုတာ ကြီး တွေက ထူးဆန်းကောင်း ထူး ဆန်း နေ ပါလိမ့်မယ်။ဒါပေမယ့် ဒီလို အဖြစ် တွေ က ဂျပန်မှာ တကယ်ပဲ ရှိနေတာပါ။နောက်ဆက်တွဲ အနေနဲ့ ကလေးမွေးဖွားနှုန်းတွေ လျော့ကျ လာတာနဲ့ ပတ်သက်ပြီး သု တေသီတွေ က တော့ ဒီကိစ္စ က ထင်ထားတာထက် ပိုရှုပ် ထွေး တယ်၊အရင်ကဆိုရင်တော့ အမျိုးသားတွေက စီးပွားရှာ၊အမျိုးသမီးတွေ က အိမ်ထောင် ကို ထိန်းသိမ်း၊ကလေးကို စောင့်ရှောက် ဆိုတာ က ဂျပန် လူမျိုးတွေ အတွက် အစဉ်အလာ တစ်ခုလို ဖြစ်ခဲ့တယ်။၁၉၉၀ ၀န်းကျင်လောက်က ဆိုရင် အမျိုးသမီး တွေ အနေနဲ့ လစာကောင်းကောင်းရတဲ့ ယောက်ျား တစ်ယောက်ကို ရှာ ပြီး လက်ထပ်ဖို့ က လွယ်တယ်၊ဒီနေ့ ခေတ်ကျ တော့ စီးပွားရေးက ခက်ခဲ လာ တော့ ဒီလောက် မလွယ်တော့ဘူး လို့ Yamada ဆိုတဲ့ စာရေးသူက ပြောခဲ့ပါတယ်။

READ
အက်ရှ်လေကိုးလ်က Date လုပ်ဖို့ တောင်းဆိုခံခဲ့ရဖူးတဲ့ တော်ဝင်မင်းသားရဲ့ ဇနီးလောင်း
Image:freepik.com/mkitina4

မိန်းကလေး တွေ ကလည်း သူမ တို့ ဘ၀ အတွက် သင့်တော်တဲ့ ပါတနာကို မိဘ တွေနဲ့ အတူ နေပြီး အေးဆေးပဲ စောင့်ဆိုင်းလာကြတယ်လို့ ဆိုပါတယ်။ခက်ခဲပြီး စိန်ခေါ်မှုတွေ များလာတဲ့ စီးပွားရေး ကြောင့် လူငယ်တွေက ပိုပြီး ရုန်းကန် ကြိုးစားလာရတဲ့ အတွက် ကြောင့် Date တာ ၊ လိင်ကိစ္စ အပေါ် စိတ်ဝင်စားမှု နည်းပါး လာပြီး ကလေးမွေးဖွားနှုန်းတွေကျ လာရတာလို့ ဆက်စပ် ထောက်ပြ ခဲ့ပါတယ်။၂၀၁၅ တုန်းက တိုကျို တက္ကသိုလ်ရဲ့ လေ့လာမှု မှာဆိုရင် ၁၉၉၂ နဲ့ နှိုင်းယှဉ်ရင် အသက် ၁၈ နဲ့ ၃၉ ကြား လူငယ်တွေမှာ Single အမျိုးသမီး (၂.၂)သန်း၊အမျိုးသား(၁.၇) သန်း ပိုများလာခဲ့တယ်လို့ ဆိုပါတယ်။

Image:freepik.com/tawatchai07

လူငယ် တွေ အတွက် ကလ ည်း လိင်မှု ကိစ္စကို စိတ်ဖြေရာသာယာမှု သေးသေးလေး အဆင့်လောက်ပဲ သဘောထားလာကြပါတယ်။သူတို့ရဲ့ တဒင်္ဂ စိတ် သာယာ မှု အတွက် အိမ်ထောင်ပြု၊ရည်းစားထားတာမျိုးတွေကို အလုပ်ရှုပ်ခံ လုပ်မနေ တော့ပဲ maid café တွေ၊နိုက်ကလပ် မောင်တွေ၊မယ်တွေ ဆီသွားတာ၊လိင် ကိစ္စပါ ၀န် ဆောင်မှု ပေးတဲ့ အနှိပ်ခန်း..အစရှိတဲ့ နေရာမျိုးတွေကိုပဲ သွားပြီး ဖြေရှင်းလာကြပါတယ်။အမျိုးသမီးတွေကြားမှာဆိုရင်လည်း လိင်စိတ်ဖျော်ဖြေမှု ပေးတဲ့ ပစ္စည်း ၀ယ်လို အားတွေ က အရင်က ထက်ပိုပြီး မြင့်တက်လာခဲ့ပါတယ်။တစ်ချို့သော လူတွေ အတွက်က တော့ စိတ်ခံစားမှုတွေ နှစ်မြှုပ် ထားရမယ့် relationship တွေ အတွက် အချိန် မပေးနိုင်တာတွေ ကြောင့်လည်း ဒီလို ရွေးချယ်မှုတွေကို လုပ်လာကြတာပါ။လက်ထပ်ထားပြီးသား စုံတွဲတွေ ဆိုရင်လည်း ပိုပြီးရုန်းကန်ကြိုးစားလာရတဲ့ ဒီနေ့ လို ခေတ်ကြီး မှာ လိင်ကိစ္စ ကြီး အပေါ် ဒီ့လောက် အလေးမထားကြတော့သလို ၊လက်ထပ်ထားပေမယ့်လည်း တစ်သီးတစ်သန့် နေတာ ၊ကလေးယူဖို့ ကိစ္စ ကို လည်း အရင်ထက် ပိုပြီး တွေဝေ လာ ကြတာပါ။

#SHWEMOM

SHARE