အလုပ်လုပ်တဲ့ မိခင်တွေကမွေးတဲ့ ရင်သွေးတွေဟာ ပိုမိုပျော်ရွှင်အောင်မြင်နိုင်ကြောင်း သိရ

မိသားစုတစ်စုမှာ မိခင်အလုပ်လုပ်ရင် ကလေးငယ်တွေဟာ မိခင်မေတ္တာအပြည့်အ၀ ရနိုင်ဖွယ်မရှိဘူးဆိုတဲ့ အချက်ကို လူတွေဟာ နှစ်ပေါင်းများစွာကတည်းက လက်ခံလာခဲ့တာပါ။ မိခင်တွေအနေနဲ့လည်း ဒီအဆိုဟာ မှန်နေမလားဆိုတာ ဝေခွဲရခက်လှပါတယ်။ ဒါပေမယ့် သိပ္ပံပညာကတော့ ရင်သွေးကို ပြုစုစောင့်ရှောက်ရင်းနဲ့ပဲ အလုပ်လုပ်နေရတဲ့ မိခင်တွေရဲ့ သားသမီးတွေဟာ ကလေးနားမှာ အချိန်ပြည့်နေပေးတဲ့ မိခင်တွေရဲ့ သားသမီးတွေနည်းတူ ပျော်ရွှင်ကြောင်းနဲ့ အရွယ်ရောက်လာတဲ့အခါ ပိုမိုအောင်မြင်နိုင်ဖွယ်ရှိကြောင်း သိရပါတယ်။

အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်ရဲ့ သားသမီးတွေဟာ သူတို့နဲ့ရွယ်တူတွေလိုပဲ ပျော်ရွှင်ကြတယ်

instagram

အချို့တော့ အလုပ်လုပ်နေကြတဲ့ မိခင်တွေရဲ့ အဖြစ်ကို အခုလို ထောက်ပြကြပါတယ်။ ကလေးက မိခင်နဲ့ ပူးပူးကပ်ကပ်နေချင်ပေမယ့် မနေရ၊ မနက်ဆို အလုပ်သွားပြီး ညနေမှ ပြန်ရောက်လာတဲ့ အမေတစ်ယောက်ဟာ ကလေးကို နွေးထွေးမှုမပေးနိုင်ဘူးလို့ ဆိုကြပါတယ်။ ဒါဟာ ကလေးတစ်ဖက်နဲ့ အလုပ်လုပ်နေရတဲ့ မိခင်တွေကို စိန်ခေါ်လိုက်တာပါပဲ။ လေ့လာချက်တွေအရတော့ မိခင်အလုပ်လုပ်တာနဲ့ ကလေးရဲ့ ပျော်ရွှင်မှုဟာ မသက်ဆိုင်ဘူးဆိုတာ သိရှိရပါတယ်။ ဒါ့အပြင် ကလေးတွေဟာ အလုပ်လုပ်တဲ့မိခင်ဆီကနေ အကျိုးကျေးဇူးရတာတွေလည်း ရှိပါတယ်။

(၂၀၁၅) ခုနှစ်တုန်းက နိုင်ငံပေါင်း(၂၉) နိုင်ငံက အမျိုးသား၊ အမျိုးသမီးဦးရေ (၁) သိန်းကို လေ့လာခဲ့တဲ့ ပရောဂျက်မှာတော့ အလုပ်လုပ်နေတဲ့မိခင်ကို ပိုင်ဆိုင်ထားရတဲ့ ကလေးတွေဟာ သူတို့ရဲ့ ပျော်ရွှင်မှုတွေ ၊ အောင်မြင်မှုတွေ ဆုတ်ယုတ်မသွားဘူးဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့လေးတွေဟာ ရှုထောင့်အမျိုးမျိုးကနေ သုံးသပ်နိုင်သူတွေ ဖြစ်လာကြတယ်လို့လည်း သိရပါတယ်။

READ
သင့်အသက် (၂၅)နှစ် တိုင်ခင်မှာ ထိပ်ပြောင်ပြီး ဆံပင်တွေ ကျွတ်နေရတာ ဘာကြောင့်လဲ ?

မိခင် အလုပ်လုပ်တဲ့ အိမ်ထောင်စုက သမီးမိန်းကလေးတွေဟာ ပိုအောင်မြင်နိုင်ခြေများပြီး ၀င်ငွေပိုကောင်းနေတာကို တွေ့ရတယ်

instagram

ကတ်သလင်းမက်ဂ်ဂျင်းရဲ့ ဆာဗေးမှာတော့ အလုပ်လုပ်တဲ့မိခင်တွေရဲ့ သမီးတွေဟာ အလုပ်နေရာကောင်းကောင်း ရနိုင်တဲ့အပြင် ကြီးကြပ်စီမံခန့်ခွဲရတဲ့ နေရာလိုမျိုးမှာ အလုပ်ရတတ်ကြောင်း သိရပါတယ်။ ယှဉ်ကြည့်တဲ့အခါ အလုပ်လုပ်တဲ့မိခင်တွေရဲ့ သမီးတွေဟာ အိမ်မှာပဲနေပြီး အလုပ်မလုပ်တဲ့မိခင်တွေရဲ့ သမီးတွေထက် သာလွန်ကာ တစ်နှစ်ကို ဒေါ်လာ(၁,၈၈၀) လောက် ရှာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလုပ်လုပ်တဲ့မိခင်တွေဟာ တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့သားသမီးတွေကို အလုပ်လုပ်ရင်းနဲ့လည်း ကလေးတွေကို ကြီးပြင်းအောင် မွေးမြူနိုင်တယ်ဆိုတဲ့ အယူအဆကိုပါ ရိုက်သွင်းပေးပြီးသား ဖြစ်သွားပါတယ်။

အလုပ်လုပ်တဲ့မိခင်တွေက မွေးတဲ့သားတွေဟာ မိသားစုကို ပိုအချိန်ပေးသူတွေ ဖြစ်လာတယ်

© Maryland Farms Chiropractic / Facebook

များသောအားဖြင့် အိမ်ထောင်စုတစ်စုမှာ အမျိုးသားတွေကပဲ အလုပ်လုပ်တာများတာကြောင့် အလုပ်လုပ်တဲ့ အမေနဲ့ သားကြားမှာ ဘယ်လိုလေးနက်တဲ့ဆက်နွယ်မှုရှိမလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် လေ့လာချက်တစ်ခုမှာတော့ မိခင်က အလုပ်လုပ်တာကို မြင်ခဲ့ရတဲ့ သားတွေဟာ သူတို့အိမ်ထောင်ပြုတဲ့အခါမှာ ဇနီးသည်ကို ကူညီဖေးမပေးဖို့ ပိုတာဝန်ယူစိတ်ရှိကြကြောင်း သိရပါတယ်။ ဒီလိုသားတွေဟာ ရက်သတ္တပတ်တစ်ပတ်တာမှာ အချိန်အပို(၁) နာရီလောက်ပေးပြီး ဇနီးကို ကူညီတာနဲ့ အခြားမိသားစုဝင်တွေကို စောင့်ရှောက်တာတွေကိုပါ ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။

READ
အမေရိကန် ပြည်နယ်အသီးသီးက ချစ်စရာကောင်းတဲ့ မြို့တော်ဝန်လေးများ

မိသားစုနဲ့ လူနေမှုဘ၀ကို အချိုးကျကျ တည်ဆောက်တတ်သူတွေ ဖြစ်လာမယ်

© Universal Pictures

နောက်တစ်ခုအရေးကြီးတဲ့ အချက်ကတော့ မိခင်ရော ဖခင်ပါ ၀င်ငွေရှာနိုင်တဲ့ မိသားစုက ကြီးပြင်းလာတဲ့ ကလေးတွေဟာ ကျားမ ကွဲပြားမှုနဲ့ ပတ်သက်လို့ တစ်ဖက်စောင်းနင်းအမြင်တွေ မရှိတော့ပါဘူး။ အလုပ်လုပ်တဲ့ မိခင်က မွေးဖွားလာတဲ့ သားတွေဟာ အလုပ်လုပ်တဲ့ ဇနီးသည်တွေကိုပဲ ရွေးချယ်လေ့ရှိပြီး အလုပ်ခွင်မှာလည်း သာတူညီမျှဆက်ဆံတတ်တဲ့ စိတ်ထားရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်လုပ်တဲ့ မိခင်က မွေးဖွားလာတဲ့ သမီးတွေဟာလည်း မိခင်က အလုပ်လုပ်တဲ့အခါ သားသမီးတစ်ယောက်အနေနဲ့ ဘယ်လိုတွေ့ကြုံခံစားရမယ်ဆိုတာကို သိနေပါပြီ။ ဒါ့အပြင် မိခင်ဘ၀နဲ့ အလုပ်ကြားမှာ ဘယ်လိုသဟဇာတဖြစ်အောင် နေထိုင်ကျင့်သုံးရမလဲဆိုတာတွေကိုပါ သဘောပေါက်နားလည်နေပြီ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: brightside

SHARE