David Guetta က ဗြိ စ္ဆာရာသီဖွားဖြစ်နေလို့ အပ်ထားတဲ့အလုပ် ပြန်ဖျက်ခဲ့တဲ့ Madonna

instagram/davidguetta instagram/madonna

ဒီဂျေနဲ့ သီချင်းရေးဆရာတစ်ဦးဖြစ်တဲ့ David Guetta က Madonna ဟာ ၄င်းရာသီခွင်ကို မသိသေးခင်အချိန်အထိ သူနဲ့အတူအလုပ်တွဲလုပ်ဖို့ဆန္ဒပြင်းပြခဲ့တယ်လို့ ဆိုပါတယ်။ Asiaone သတင်းစာမျက်နှာအရ David ကို McFly ၊ Carlito တို့ရဲ့ YouTube ရှိုးမှာတွေ့ခဲ့ရစဉ် သူက အခုလိုပြောပြခဲ့တာပါ။

“အရင်တုန်းက Madonna အတွက်လည်း ကျွန်တော် remix လုပ်ပေးဖူးတယ်။ အဲ့ဒီ remix က ဂရမ်မီဆုလည်းရခဲ့တယ်။ နောက်တော့ သူဖုန်းဆက်တယ်။ အဲ့ဒီ remix ကို သူအရမ်းကြိုက်တဲ့အကြောင်းနဲ့ သူ့ရဲ့နောက်အခွေသစ်အတွက် လုပ်ပေးဖို့ပြောတယ်။ ကျွန်တော် သူနဲ့အတူ နေ့လည်စာသွားစားတယ်။”

“နေ့လည်စာစားရင် ထွေရာလေးပါးပြောကြတာပေါ့။ သူ့အခွေနဲ့ပတ်သက်ပြီး သူဘယ်လိုလုပ်ချင်တယ်ဆိုတာရောပဲ။ တော်တော်အဆင်ပြေပါတယ်။ သူနဲ့ကျွန်တော် နှစ်ယောက်တည်းစကားတွေပြောကြတယ်။ ပြောရတာလည်း သက်တောင့်သက်သာရှိတယ်။ အလုပ်ဘယ်တော့ အတူစလုပ်ကြမလဲလို့တောင် ခင်ဗျားတွေးနေလောက်ပြီ။ နောက်တော့ သူ ကျွန်တော့်ရဲ့ ရာသီခွင်ကိုမေးတယ်။ ကျွန်တော်ကလည်း ဗြိ စ္ဆာလို့ပြန်ဖြေတယ်။”

View this post on Instagram

She’s a Bitch. …………………..

A post shared by Madonna (@madonna) on

“ရုတ်တရက်ကြီး သူ့မျက်နှာတည်သွားတယ်။ သူတောင်းပန်ပါတယ်။ ကျွန်တော်တို့အတူ အလုပ်တွဲလုပ်ဖို့မဖြစ်နိုင်ပါဘူးတဲ့။ ပြီးတော့တွေ့ရတာဝမ်းသာပါတယ် ဆိုပြီး နှုတ်ဆက်သွားတယ်။”

READ
Victoria's Secret အိန်ဂျယ်လေးတွေရဲ့ ဂျူတီချိန်ပြင်ပက ဖက်ရှင်များ

ဒါက ထူးခြားတဲ့ Madonna ရဲ့အကျင့်နဲ့ပတ်သက်ပြီး David ပြောပြသွားခဲ့တာပါ။ လတ်တလောမှာတော့ David က သူ့ဆီမှာနောက်ထပ် ၁၀နှစ်တိုင်အောင်လုံလောက်တဲ့ ဂီတအသစ်တွေရှိနေသေးတယ်လို့လည်း အခုလို ဆိုပါတယ်။ “ဒီမှာ ဘာမှမရှိဘူး။ ကလပ်တွေလည်းမရှိဘူး။ ကျွန်တော်လည်း အိမ်ထဲကအိမ်ပြင်မထွက်ဘူး။ အိမ်တွင်းအောင်းပြီး သီချင်းအသစ်တွေဖန်တီးနေတယ်။ ဦးနှောက်တွေအရမ်းလန်းနေတယ်။ တစ်ပုဒ်ပြီးတစ်ပုဒ် ဖန်တီးထားတာ။ အခုဆို နောက် ၁၀နှစ်အတွက်တောင် သီချင်းတွေလုံလောက်နေပြီ။”

လင်းလင်း (ShweMom)

SHARE