Mamamoo ဟာ ဘာကြောင့် တစ်ခြား K-Pop Girl Band တွေနဲ့ ကွဲထွက်နေရတာလဲ …

Instagram- @mamamooofficial

Mamamoo ဟာ ၂၀၁၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တုန်းက Moobyul, Solar, Wheein နဲ့ Hwasa တို့ လေးယောက်တို့နဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အခုဆိုရင် ၆ နှစ်တောင် ရှိလို့နေခဲ့ပါပြီ။

သူတို့လေးတွေ ဖြတ်သန်းခဲ့ကြရတဲ့ အတွေ့အကြုံတွေဟာလည်း အများကြီးရှိနေခဲ့တာပါ။ အထူးသဖြင့် သူတို့ Mamamoo ရဲ့ ရပ်တည်မှုပုံစံတွေကြောင့်ကတော့ အဓိကပေါ့။

တော်တော်များများ K-Pop Girl Band တွေဆိုရင် cute ဖြစ်တယ်ဆိုတဲ့  ခေါင်းစဉ်အောက်မှာ အကုန်လုံး နီးပါးဝင်နေခဲ့တာ အားလုံးလည်း သိကြမှာပါ။ ဒါပေမဲ့ အဲဒီအထဲကမှ လက်တဆုတ်စာ အောင်မြင်နေတဲ့ girl band တချို့ကတော့ international ဆန်စွာ ခပ်ကြမ်းကြမ်းခပ်မိုက်မိုက်ပုံစံမျိုးတွေ ပရိတ်သတ်တွေကို ချပြလေ့ရှိပါတယ်။

READ
စီးပွားရေးကျပ်နေချိန်မို့ အခန်းငှားခ တွေကို ဈေးလျှော့ပေးခဲ့တဲ့ ကိုရီးယားဆယ်လီများ

Mamamoo ဆိုရင် အချိန်ပြည့်တိုင်းနီးပါး sexy ဆန်နေမှုတွေ၊ အတွင်းခံမပါဘဲ ဖက်ရှင်ဆန်ဆန်ဝတ်စားဆင်ယင်မှုတွေ၊ အသားဖြူခြင်းကို သိပ်ပြီးအလေးမထားတာမျိုးတွေ အထူးသဖြင့် Hwasa ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အနုပညာတွေကြောင့် လူတွေရဲ့ဝေဖန်ခြင်းကို အပြင်းအထန်ကို ခံခဲ့ရတာပါ။ ဒီအပြင် SCMP ရဲ့ဖော်ပြချက်အရ လူတွေကြားထဲ ဝေဖန်မှုတွေနဲ့ ကျော်ကြားသွားခဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါသေးတယ်။

ဥပမာပြောရရင် ဝတ်စားဆင်ယင်မှုအပိုင်းပေါ့။ Hwasa ဝတ်သမျှအဝတ်အစားတိုင်းဟာ k-popper တို့အတွက် အရမ်းကို ရိုင်းလွန်းတယ်လို့ ထင်မြင်နေကြတာတွေ..

Solar ရဲ့ Spit If Out comeback တုန်းက ဝတ်ခဲ့တဲ့ အဝတ်အစားဟာ အတွင်းပိုင်းကို ဖောက်ထွင်းမြင်နေရပြီး ပုံစံကိုခြုံကြည့်လိုက်မယ်ဆိုရင် ကလေးသူငယ်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာအရ နှိုးဆော်နေသလိုဖြစ်နေယ်ဆိုတာမျိုးတွေအပြင်

Bruno Mars ရဲ့ Uptown Frank ကို ဆိုတုန်းကလည်း လူမည်းအမျိုးသမီးတွေရဲ့ ဖက်ရှင်ပုံစံ ဝတ်စားဆင်ယင်မှုတွေကြောင့်လည်း ဝေဖန်ခံခဲ့ရပါသေးတယ်။

READ
FB ပေါ်မှာ ဂယက်ထသွားခဲ့တဲ့ ဘန်နီဖြိုးရဲ့ Status

Penny

 

SHARE