ကိတ်မစ်ဒယ်တန်နဲ့ ဘုရင်မကြီးလိုမဟုတ်ပဲ သရဖူဆောင်းတာ မတွေ့ရတဲ့ မီဂန်မာကယ်

instagram/meghanmarklesource

မီဂန်မာကယ်ဟာ မင်းသားဟယ်ရီနဲ့ (၂၀၁၈) ခုနှစ်မှာ လက်ထပ်ခဲ့ကာ အင်္ဂလန်ရဲ့ မင်းသမီးတစ်ပါးဖြစ်လာပါတယ်။ လက်ထပ်စဉ်မှာတော့ ဆော့ဆက်စ်မြို့စားကတော်အဖြစ် မီဂန်ဟာ သရဖူဆောင်းခဲ့ပါတယ်။ ဒါပေမယ့် မီဂန်ကို အဲ့ဒီတစ်ကြိမ်သာ သရဖူနဲ့တွေ့ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းတော့ သူမကို သရဖူဝတ်ဆင်တာ မတွေ့ရတော့ပါဘူး။

တော်ဝင်မင်းသမီးအဖြစ် မွေးဖွားလာသူ သို့မဟုတ် တော်ဝင်မိသားစုဝင်တွေကို လက်ထပ်ကြသူတွေဟာ နန်းတွင်းစည်းကမ်းအရ သရဖူဝတ်ဆင်နိုင်ပါတယ်။ မြို့စားကတော်တွေကြားထဲမှာတော့ သရဖူဟာ ထင်ရှားတဲ့ အဆင်တန်ဆာတစ်မျိုးလည်း ဖြစ်ပါတယ်။ ဥပမာ ကိတ်မစ်ဒယ်တန်ဆိုရင် ဒိုင်ယာနာမင်းသမီးရဲ့ သရဖူကို ပွဲတော်တော်များများမှာ ၀တ်ဆင်လေ့ရှိပါတယ်။ မကြာသေးခင်ကလည်း သူမဟာ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံတဲ့ မိတ်ဆုံစားပွဲတစ်ခုမှာ သရဖူဝတ်ဆင်ခဲ့ပါသေးတယ်။

ကိတ်မစ်ဒယ်တန်လိုပဲ ဘုရင်မကြီးဟာလည်း အခမ်းအနားတော်တော်များများမှာ သရဖူဝတ်ဆင်လေ့ရှိပါတယ်။ ဘုရင်မကြီးနဲ့ ကိတ်တို့က သရဖူတွေ မကြာခဏထုတ်ဝတ်ကြပေမယ့် မီဂန်ကိုကျတော့ ဘာလို့ ၀တ်တာမတွေ့ရလည်းဆိုတော့ မီဂန်မှာ အခွင့်အရေးမရလို့ ဖြစ်တယ်လို့ နန်းတော်အကြံပေးအရာရှိ ရစ်ချက်ဖစ်ဇ်ဝီလျံက ဆိုပါတယ်။

ရစ်ချက်က “မီဂန်က သင့်တော်တဲ့ အခမ်းအနားတွေမှာဆိုရင်တော့ သူ သေချာပေါက် သရဖူဝတ်မှာပါ။ သရဖူဝတ်၊ မ၀တ် ဆိုတာကလည်း သူတို့ယူထားရတဲ့ တာဝန်ပေါ်မှာ မူတည်ပါတယ်…” လို့ ပြောပါတယ်။ မီဒီယာတွေကတော့ မီဂန်ဟာ ပြီးခဲ့တဲ့နှစ် ဖီဂျီနဲ့တွန်ဂါမှာ ကျင်းပတဲ့ ညစာစားပွဲကို တက်ရောက်ရာမှာလည်း သရဖူမ၀တ်ခဲ့ဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ ချားလ်စ်မင်းသားကိုယ်တိုင် သရဖူမ၀တ်ဆင်ခိုင်းတာဖြစ်ပြီး သရဖူဝတ်သွားရင် ၀ါကြွားတယ်လို့ အများက ထင်မှာစိုးတဲ့အတွက် ဖြစ်တယ်လို့လည်း insider အရ သိရပါတယ်။

READ
အရက်နာကျခြင်းဟာ နာမကျန်းမှုတစ်ခု ဖြစ်ကြောင်း ဂျာမန်တရားရုံး သတ်မှတ်

လင်းလင်း (ShweMom)

SHARE