အမျိုးသမီးတွေ ဖောက်ပြန်ရတဲ့ အကြောင်းအရင်းကို မဒီလေး(Shwemom) ရေးသွားတော့ ကျွန်တော်က အမျိုးသားတွေ
ဖောက်ပြန်ရတဲ့ အကြောင်းရင်းဆောင်ပါးကို အင်တာနက်ကနေ ရှာပြီး Shwemom ရဲ့ အမျိုးသားပရိသတ်ကြီး ဗဟုသုတရစေရန် ရည်ရွယ်ကာ တင်ဆက်လိုက်ပါတယ်။
(၁) အတွေ့အကြုံရချင်လို့
ဒီလိုအတွေ့အကြုံမျိုးဆိုတာ မတမ်းတစကောင်းပါဘူး။ ဒါပေမယ့် ငွေစကြေးစရွှင်တဲ့ အမျိုးသားတွေဟာ အခြားသူတွေရဲ့
မြှောက်ပင့်ပေးမှုလည်း ပါချင်ပါနိုင်သလို၊ ကိုယ်တိုင်လည်း အပျော်သဘောသက်သက်ဆိုတဲ့သဘောနဲ့ အမြှောင်မယား
ထားတတ်ကြပါတယ်။
(၂) စိတ်ရှုပ်ထွေးလွန်းလို့
နောက်တစ်ခုကတော့ လူမှုရေး စီးပွားရေးကိစ္စရပ်တွေ ခေါင်းထဲမှာ ရှုပ်ထွေးလွန်းတဲ့အခါ ထွက်ပေါက်ကလေးများ ရမလား
ဆိုတဲ့သဘောနဲ့လည်း နောက်မီးလင်းတတ်ပါတယ်။
(၃) ညည်းငွေ့လို့
လက်ရှိအိမ်ထောင်ဘက်ရဲ့ ပစိပစပ်နိုင်မှုကြောင့် တဖြည်းဖြည်း အကြောမတည့်ဖြစ်လာတဲ့အခါ နောက်မယားငယ် ယူ
တတ်ပါတယ်။
(၄) အိမ်ထောင်ရေးသုခမပြည့်ဝလို့
အမျိုးသမီးက ရောဂါသည်ဆိုရင်လည်း ဒီလို အိမ်ထောင်ရေးသုခ မပြည့်ဝတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လင်သားနဲ့
ဇနီး အနေအရမ်းဝေးတဲ့အခါမျိုးမှာလည်း ဒီလို ဖြစ်တတ်ပါတယ်။
(၅) လက်ရှိအိမ်ထောင်ရေးကို အဆုံးသတ်ချင်လို့
ဒါကတော့ ပြင်းထန်လွန်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ ညှိမရတဲ့အခါ ကောက်ခါငင်ကာ နောက်မယား
ကောက်ယူသွားတတ်ပါတယ်။
(၆) လက်စားချေချင်လို့
မိန်းမကို လက်စားချေချင်တာလည်း ဖြစ်နိုင်သလို၊ မယားငယ်အထားခံရတဲ့ အမျိုးသမီးကို အကြောင်းအမျိုးသော အညှိုးနဲ့
လက်စားချေချင်တာလဲ ဖြစ်နိုင်ပါတယ်။
နတ်စည်တော် (Shwemom)
source : mandecoder.com