အမျိုးသားတွေ ပြောတဲ့ အိမ်သာဝင်ချိန် အရမ်းကြာရတဲ့ အကြောင်းအရင်း…

Image:brightside /youtubescreenshot

အိမ်သာ ကတော့ ယောက်ျားတွေ ထက် အိမ်သာ ထက်ပိုပါတယ်။Pebble Grey ရဲ့ စစ်တမ်းကောက်ယူမှု တစ်ခု မှာဆိုရင်တော့ ယောက်ျားတွေ ရဲ့ အိမ်သာတက်ချိန်ဟာ တစ်နှစ်ကို (၇)နာရီ လောက်ရှိပါတယ်။ယောက်ျားတွေ ရဲ့  အိမ်သာတက် ချိန် က ဘာကြောင့် ကြာရသလဲ ဆိုတာကို လေ့လာစစ်တမ်းကောက်ယူ ကြတဲ့ အခါမှာ တော့ အမျိုးသား တွေရဲ့ အ ဖြေ တွေ က……….

ရှောင်ပြေးရာနေရာတစ်ခု ဖြစ်နေလို့

Image:/unsplashAndrea Piacquadio

အိမ်သာက သူတို့အတွက် တစ်ခုတည်းသော လွတ်မြောက်ရာ  ရှောင်ပြေးရာ နေရာတစ်ခု ဖြစ်နေလို့ပါ။အိမ်ထောင်ရှင် တွေ ဆိုရင် အိမ်မှာ မိန်းမ က ဘေးက နေ ပူညံပူညံ လုပ်ပြီး တောင်းဆိုတာ၊ခိုင်းတာတွေ၊ ကလေးေ တွရဲ့ ဆူ ညံ သံ တွေ၊ပူဆာ သံ တွေနဲ့ ဝေးတဲ့ သူတို့ အတွက် တစ်ခု တည်းသော နေရာက အိမ်သာ ဖြစ်နေလို့ပါ။အိမ်သာကသာ သူတို့ တွေ အတွက် အေးအေး ဆေးဆေး နားအေး ပါးအေး နေလို့ရတဲ့ တစ်ခုတည်း သော နေရာ ဖြစ်နေလို့ပါ။ယောက်ျား တွေ က နားပူ၊စိတ်ရှုပ်တဲ့ ဒဏ်တွေက ဝေး အောင် အိမ်သာထဲမှာ ပုန်းရှောင် ကြရတာပါ။အိမ်သာက သာလျှင် ဖုန်းဆို ရင်လည်း စိတ်ကြိုက်သုံးလို့ရတဲ့ နေရာတစ်ခု ဖြစ်နေလို့ပါ။(၂၅)ရာခိုင်နှုန်း သော ယောက်ျား တွေ က တော့ အိမ်သာ က သူတို့ အတွက် ပုန်းခို လို့ ရမယ့် နေရာ ဖြစ် နေလို့ပါ လို့ ပြောခဲ့ပါတယ်။

READ
အိမ်ထဲ သီးပင်စားပင်လေးတွေ စိုက်ပျိုးတော့မယ်ဆို သိထားသင့်တဲ့ အချက်လေးများ

လုံခြုံတဲ့ နေရာတစ်ခု ဖြစ်နေလို့..

Image:/unsplash Filios Sazeides

(၂၃)ရာခိုင်နှုန်းသော အမျိုးသားတွေ ကတော့ အိမ်သာ က သူတို့ အတွက် လုံခြုံ တဲ့ နေရာတစ်ခု ဖြစ် နေလို့ပါ လို့ ဖြေ ခဲ့ပါတယ်။တခြားသူတွေ ဆီက နေ လွတ်အောင် ပြေးလို့ ရတဲ့ သူတို့ အတွက် ငြိမ်းချမ်း၊လုံခြုံမှု ပေး တဲ့ နေရာ တစ်ခု ဖြစ် နေလို့ပါလို့ ဖြေခဲ့ပါတယ်။(၁၄)ရာခိုင်နှုန်းသော အမျိုးသားတွေ ကတော့ သူတို့ ဟာ စာအုပ်၊မဂ္ဂဇင်း နဲ့ အစားအစာ တွေ ကိုတောင်မှ အိမ်သာ ထဲမှာ ဖွတ်ထားတတ်တယ်လို့ ဖြေခဲ့ပါတယ်။

နှောင့်ယှက်လို့ မရလို့…

Image:pixabay/sasint

အိမ်သာထဲမှာ နေတာကို လိုက် နှောင့်ယှက် ခံရတဲ့ လူမျိုးတွေ လည်းရှိ  ပါတယ်။ဒါပေမယ့် တစ်ချို့ အိမ် တွေ မှာက အိမ် သာထဲ အထိ လိုက် မ နှောင့်ယှက် ကြေးဆိုတဲ့ စည်းကမ်း ထားထားပါတယ်။အမျိုးသား တွေ အတွက် တော့ အိမ်သာက တော့ တော်ရုံ လူ လိုက် နှောင့်ယှက်လို့ မရတဲ့ သုခဘုံလေးပါ။

READ
သင့်အိပ်မက်တွေဆီကို ရောက်ဖို့အတွက် ဒီနည်းလမ်း(၄)ခုကို သုံးမယ်

ဇိမ်ယူချင်လို့

Image:/ Shutterstock/cunaplus

အိမ်သာထဲဝင်ပြီး ဇိမ်ခံ တယ်လို့ ပြောရင် နှာခေါင်းရှုံ့ တဲ့ သူတွေ ရှိ  ကောင်းရှိပါလိမ့်မယ်။ဒါပေမယ့် ဒါက အမှန်ပါ။ အမျိုးသား တစ်ချို့ အတွက် တော့ အိမ်သာဆိုတာ ဇိမ်ခံတဲ့ နေရာပါ။အိမ်သာထဲကို ၀င်ပြီး ဇိမ်ပြေ န ပြေ နဲ့ စာအုပ် ထိုင်ဖတ်ရတာ၊ဖုန်းသုံးရတာ၊အေးအေး ဆေးဆေး ချီးပါရတာက အမျိုးသားတွေ အတွက် တော့ ဇိမ်ခံ နည်း တစ်ခုပါ။

Image:/Shutterstock/VGstockstudio/

အမျိုးသားတွေ အတွက်ပဲ အိမ်သာဆိုတာ ပုန်းခို လို့ ကောင်းတဲ့ နေရာ တော့ မဟုတ်ပါဘူး။အမျိုးသမီးတွေ အတွက် လည်း အိမ်သာဆိုတာ ခဏလေး အနားရ ပုန်းခို လို့ ကောင်းတဲ့ နေရာပါ။ကလေးတွေ နဲ့ ခဏ ဝေးတဲ့ နေရာ၊ခင်ပွန်း ဆီ က နေ ခဏ ဝေးပြီး  အေးဆေး လေး နေလို့ရတဲ့ ပုန်းခို ရာ လေးပါ။

Ref:/brightside

 

SHARE