ပုရိသတွေဣတ္ထိယတွေကိုချဉ်းကပ်ဖို့ ကြောက်ရသည့်အကြောင်းအရင်းများ

အတောင်သုံးဆယ်ဝတ် မင်းယောက်ျားဖြစ်စေ၊ ပင်နီတိုက်ပုံ ယောပုဆိုးနဲ့၊ ဆံပင်ကြွက်ကိုက် ခပ်မိုက်မိုက်ပုံစံ
ယောက်ျားပဲဖြစ်စေ အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်ဖို့ ၀န်လေးတတ်ကြပါတယ်။ ဒါက သာမန် လူမှုရေးလောကရဲ့ အခြေအနေတစ်ခုမှာပဲ ရှိပါသေးတယ်။ ကိုယ့်စိတ်ထဲမှာ ကြိုက်နှစ်သက်လို့ အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်တော့မယ်ဆိုရင် ကြိုက်လို့သာ ရဲစိတ်မွေးပြီး ချဉ်းကပ်ရတာပါ။ အမှန်တော့ အမျိုးသားတွေဟာ ချစ်စိတ်နဲ့ အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်ဖို့ အတော်ဝန်လေးပါတယ်။ ဘာကြောင့် ပုရိသတွေ ဣတ္ထိယတွေကို ချဉ်းကပ်ဖို့ ၀န်လေးရသလဲဆိုတာကို
Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်ကစပြောရမှန်း မသိခြင်း

ဘယ်လောက်ပဲ သတ္တိရှိပါတယ်ဆိုတဲ့ အမျိုးသားဖြစ်စေ ကိုယ့်မရိုးသားစိတ်နဲ့ အမျိုးသမီးတစ်ယောက်ကို ချဉ်းကပ်တော့မယ်ဆိုရင် မိမိဘာသာ အိမ်မှာ စကားလုံးတွေကို ဘယ်လောက်ပဲ rehearsal လုပ်ထားပါစေ၊ ကတယ်တမ်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတဲ့အခါ စကားလုံးတွေ ပျောက်ရှတတ်ပါတယ်။ တစ်ခါတလေ မနက်ရှစ်နာရီလောက် ရှိသေး Good Evening လို့ အယောင်ယောင်အမှားမှားနဲ့ နှုတ်ဆက်မိတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ခါတလေ ” မနေ့က ထီးဆိုင်မှာ လက်ဖက်ရည်တွေ မေ့ကျန်ခဲ့တာ … အဲဒါ … ဒီမှာ ဒါ သူ့ လက်ဖက်ရည် မဟုတ်လား ….အဲလေ … ယောင်လို့ ဟုတ်ပေါင် … ဟိုဒင်း လက်ဖက်ရည်ဆိုင်မှာ ထီးမေ့ကျန်ခဲ့တာ … ဒါ သူ့ထီးမဟုတ်လား “ဆိုပြီး အယောင်ယောင် အမှားမှား ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒီလို အခြေအနေမျိုးကို ကြောက်ကြပါတယ်။

READ
ကောင်မလေးတွေ စိတ်ဝင်စားအောင်နေထိုင်နည်း

(၂) အကြည့် နက်နက်များ

အမျိုးသားတွေဟာ သိပ်မရင်းနီးသေးတဲ့ အမျိုးသမီးတစ်ယောက်ကို စကားစပြောချိန်မှာ စည်းမှန်ဝါးမှန် ဖြစ်ချင် ဖြစ်နေမှာပါ။ ဒါပေမယ့် ကာယကံရှင်အမျိုးသမီးက အကြည့်နက်နက်နဲ့ အမျိုးသားရဲ့ မျက်ဝန်းတွေကို ဖမ်းယူ ကြည့်လိုက်တဲ့အခါ စကားလုံးတွေ ချက်ချင်း ပျောက်သွားပြီး အိုးနင်းခွက်နင်း ဖြစ်တတ်ပါတယ်။

(၃) ပစ်ပစ်ခါခါငြင်းပယ်မှာစိုးရိမ်ခြင်း

အမျိုးသားတွေ အစိုးရိမ်ဆုံးအရာက ကိုယ့်ကို အမျိုးသမီးတစ်ယောက်က ပစ်ပစ်ခါခါ ငြင်းလိုက်မှာကိုပဲ ဖြစ်ပါတယ်။ တစ်ခါတလေ အမျိုးသမီးတွေစိတ်ဟာ ခန့်မှန်းရခက်ပြီး အပြောင်းအလဲ အရမ်းမြန်ပါတယ်။ နေ့လည်က မျက်လုံးချင်း အဆင်ပြေနေပေမယ့် ညနေကျတော့ စကားလုံးခြင်းတောင် အဆီအငေါ်တည့်ချင်မှ တည့်တာမျိုးပါ။ ဒါကိုလည်း ပုရိသတွေ ကြောက်ကြပါတယ်။

(၄) ဟားတိုက်မှာ စိုးရိမ်ခြင်း

အမျိုးသားတွေဟာ ဖြစ်နိုင်သမျှတော့ သူတို့ချစ်တဲ့ ကောင်မလေးတွေ ရှေ့မှာ တည်တည်တန့်တန့် နေပါတယ်။ စကား
ပြောတဲ့အခါမှာလည်း အတက်နိုင်ဆုံး တည်ငြိမ်အောင်လုပ်ပြီးမှ ပြောပါတယ်။ စောစောကလို အမှားတွေ ဆက်တိုက် ပြုလုပ်မိတဲ့အခါ ကောင်မလေးက ခွက်ထိုးခွက်လှန် ရယ်မှာမျိုးကို ကြောက်ကြပါတယ်။

READ
သင်နှစ်သက်နေတဲ့ကောင်မလေးကို ပြောသင့်သောချစ်စရာစကားလေးများ

(၅) အတွေ့အကြုံမရှိခြင်း

အတွေ့အကြုံရှိတဲ့ အမျိုးသားနဲ့ မရှိတဲ့ အမျိုးသားကို ချက်ချင်းကြီး ခွဲခြားလို့တော့ မရပါဘူး။ တစ်ချို့ ဟန်ဆောင်ကောင်းလွန်းသူများက ရည်းစားငါးယောက်လောက် ထားခဲ့ဖူးတာတောင် ကောင်မလေးရှေ့မှာ မခုတ်တတ်တဲ့ ကြောင်လို နေ
တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်ရိုးသားခြင်း မရိုးသားခြင်းဟာ မိန်းကလေးတစ်ယောက် ဉာဏ်အမြော်အမြင် ကောင်းရင် ကောင်းသလို အနှေးနဲ့အမြန် ပေါ်တာပါဘဲ။ အတွေ့အကြုံမရှိတဲ့ အမျိုးသားရဲ့ ပုံစံကိုလည်း သီးသန့်ရေးပြလို့ မရပါ။ အကြောင်းကတော့ ခုနကလို ဟန်ဆောင်ကောင်းတဲ့ အမျိုးသားတွေ ရှိနေလို့ ဖြစ်ပါတယ်။ အစစ်အမှန်ဆိုရင် အသည်းနှလုံးချင်းက ကြိုတင်နားလည်ထားနိုင်မယ်လို့ ယူဆမိပါတယ်။

နတ်စည်တော် (Shwemom)

sm

SHARE