ပုရိသတွေချစ်လျှက်နဲ့ ချစ်သူကောင်မလေးကို စွန့်လွှတ်လိုက်ရတဲ့အကြောင်းရင်းများ

ယောက်ျားလေးတွေရဲ့ဘဝမှာ ချစ်ရက်သားနဲ့ မိန်းကလေးတစ်ယောက်ကို စွန့်လွှတ်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ ဒီလိုပါ။

(၁) သူတို့ကိုပြောင်းလဲဖို့ကြိုးစားလို့

ယောက်ျားတစ်ယောက်ဟာ သူ့ကိုယ်သူအားမရတော့ရင်၊ သူ့အပြစ်တွေကကြီးမားလွန်းနေရင် ဒါမှမဟုတ် သူ့ရဲ့ပင်ကိုယ်သဘာဝအတိုင်း နေထိုင်လို့မရတော့ရင် ထွက်သွားဖို့ တံခါးပေါက်ကို ရှာဖွေတတ်ကြပါတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတစ်ယောက်ကို ပြောင်းလဲဖို့ စီမံကိန်းတွေရှိနေတတ်ကြပါတယ်။ ဒါကို မခံနိုင်လို့ ချစ်ရက်နဲပ စွန့်လွှတ်ကြတာပါ။

(၂) အမြဲတမ်းနားပူနားဆာလုပ်လို့

ယောက်ျားလေးတွေဟာ နားပူတာကို လုံးဝမခံနိုင်ကြပါဘူး။ အသေးအဖွဲလေးကအစ တစ်ကျက်ကျက်လုပ်နေလို့ကတော့ သူတို့ သည်းခံနိုင်မှာမဟုတ်ပါဘူး။ ယောက်ျားလေးတွေက တစ်ခါတလေ ကလေးဆန်တတ်ကြပေမယ့် ကလေးတွေမဟုတ်တဲ့အတွက် သူ့ကိုတစ်ချိန်လုံးဆုံးမ၊ တစ်ချိန်လုံး နားသွားမပူပါနဲ့။ သင့်ကိုချစ်လည်း နားပူတာကို မခံနိုင်တော့ရင် သင့်ကိုထားခဲ့မှာပါ။

(၃) မိန်းကလေးက အရမ်းအောင်မြင်နေလို့

ယောကျားလေးတွေဟာ သူတို့ရဲ့ လက်တွဲဖော်ရဲ့ အောင်မြင်မှုက သူတို့ မယှဉ်နိုင်လောက်အောင် ကြီးကျယ်ခမ်းနားနေရင် သူတို့ကိုယ်သူတို့ အရမ်းသိမ်ငယ်တတ်ကြပါတယ်။ သူတို့က တမင်လိုက်ပြိုင်နေတာတော့ မဟုတ်ပေမယ့် ပင်ကိုယ်ကိုက ဒီလိုဖြစ်တတ်တာပါ။ သူ့ရဲ့ရှုံးနိမ်ပမှုတွေနဲ့ သူ့လက်တွဲဖော်ရဲ့ အောင်မြင်မှုကို သွားနှိုင်းယှဉ်လိုက်တဲ့အခါမှာ စွန့်လွှတ်ဖို့အကြောင်းတွေ ဖန်လာပါတော့တယ်။

READ
Disney ကာတွန်းဇာတ်ကောင် မင်းသားတွေရဲ့ သိမ်မွေ့တဲ့ ချစ်ခွင့်ပန်စကားများ

(၄) တခြားယောက်ျားတွေနဲ့နှိုင်းယှဉ်လို့

ဟုတ်ပါတယ်။ ယောက်ျားလေးတွေဟာ သူများနဲ့ နှိုင်းယှဉ်ခံရတာကို အရမ်းမုန်းကြပါတယ်။ အထူးသဖြင့် ရည်းစားဟောင်းနဲ့ နှိုင်းလိုက်မိရင် ဒါဟာ သင်တို့ရဲ့ အဆုံးသတ်တောင်ဖြစ်သွားနိုင်ပါတယ်။ ယောက်ျားလေးတွေဟာ လက်ရှိမှာ သူတို့သာ ဘုရင်ဖြစ်ချင်ကြတာဖြစ်တယ်။ ဒါကြောင့် အရင်လူနဲ့ သွားနှိုင်းယှဉ်မိရင် ချစ်ရက်သားနဲ့လည်း ထားခဲ့နိုင်ပါတယ်။

(၅) မလွတ်လပ်လို့

ယောက်ျားလေးတွေဟာ သူတို့ကိုယ်ပိုင်အချိန် လိုအပ်ကြပါတယ်။ အဲလိုပဲ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ရှိနေချင်ကြပါတယ်။ ဒါကိုသင်က ကလေးလိုသွားထိန်းချင်နေလို့ မရပါဘူး။ ယောကျာ်းလေးတစ်ယောက်က သူ့အပေါင်းအသင်း၊ သူ့ဝါသနာနဲ့ ပတ်သက်ပြီး သူ့ရဲ့လွတ်လပ်မှုတွေကို ဆုံရှုံးသလိုခံစားရရင် သင့်ကိုချစ်ရက်နဲ့လည်း ထားသွားနိုင်ပါတယ်။

Em Em (shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE