မိန်းကလေးတွေရဲ့ရင်သားကို အမျိုးသားတွေ စိတ်ဝင်စားရတဲ့အကြောင်းအရင်း

youtube

ယောက်ျားအများစုဟာ မိန်းကလေးတွေရဲ့ ရင်သားကို သဘောကျတတ်ကြပါတယ်။ ယောက်ျားစစ်မှန်ရင် အားလုံးလိုလို
သဘောကျတတ်ကြပါတယ်။ ဒါ့ကြောင့် အခုနောက်ပိုင်း မိန်းကလေးတွေကလည်း ယောက်ျားတွေငေးအောင် ဖော်လာ
ကြပါတယ်။ ဒါပေမယ့် ဘာလို့များ ယောက်ျားတွေဟာ မိန်းကလေးတွေရဲ့ အခြားအစိတ်အပိုင်းထက် ပေါက်စီကိုပဲပိုကြည့်
ကြတာပါလဲ။ ဒါဟာအခုမှ ကြိုက်ခဲ့တဲ့အရာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိတည်ရှိ
နေတဲ့အမှန်တရားပါ။ မျက်လုံး၊ဦးနှောက်နဲ့ ရင်သား ဘယ်လိုတွေဆက်စပ်နေပါသလဲ?

shutterstock/By Roman Samborskyi

မိန်းကလေးတွေမှာလည်း အထင်ရှားဆုံးက ရင်သားဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ တင်လည်းဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ ယောက်ျားတွေဟာ မဖော်တဖော်လုပ်ထားတဲ့ နေရာဆိုအမြဲလိုလိုကြည့်ချင်တတ်ကြပါတယ်။ ဘယ်
လောက်ပဲ သိက္ခာကောင်းတဲ့သူဖြစ်ဖြစ် မျက်လုံးက အော်တိုရောက်သွားတတ်ပါတယ်။ ဘယ်လို ဆက်နွယ်မှုမျိးများရှိ
နေလို့ပါလဲ။

ဘာကြောင့်လဲ?

 

၂၀၀၉ ခုနှစ်မှာ နယူးဇီလန်က Willington တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူတို့လုပ်ခဲ့
တာက ယောက်ျားလေးတွေရှေ့မှာ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၆ခုလောက်ရဲ့ဓာတ်ပုံတွေကို
တစ်ပြိုင်နက်ထဲ ချပြခဲ့ပြီး ဘယ်ဟာကိုအရင်ကြည့်လဲ တိုင်းတာခဲ့တာပါ။ ၄၇%က ရင်သားကိုအရင်ကြည့်ခဲ့ပါတယ်။
၃၅%လောက်က ခါးနဲ့တင်ကိုကြည့်ခဲ့ပြီး ကျန်တာကတော့ မျက်နှာကိုကြည့်ခဲ့ပါတယ်။ ဒီလေ့လာမှုရဲ့အဆုံးမှာ သိခဲ့
ရတာကတော့ ယောက်ျားတွေဟာအရွယ်အစား ကြီးသည်ဖြစ်စေ၊ငယ်သည်ဖြစ်စေ ပေါက်စီကို သဘောကျတတ်ကြ
တာပါပဲ။

READ
ခင်ပွန်းသည်ရဲ့ ကိုယ်ဝန်ကို ထပ်မံလွယ်နိုင်ခဲ့ပြီဖြစ်သည့် လိင်ပြောင်းအမျိုးသား

သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ ဦးနှောက်ထဲက အလှအပတရားကိုဖတ်တဲ့ အရာနဲ့ဆက်စပ်
နေတယ်လို့ဆိုပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ရင်သားပုံစံဟာ ယောက်ျားတစ်ယောက်ရဲ့ဦးနှောက်ထဲမှာ လှပတဲ့
အရာအဖြစ် ဘာသာပြန်ခြင်းခံရပါတယ်။ ဒါ့ကြောင့် ယောက်ျားတွေဟာ အခြားအစိတ်အပိုင်းထက် ထိုနေရာကိုပဲ ပိုအာ
ရုံစိုက်ကြခြင်းဖြစ်ပါတယ်။

pinterest/Ibuzz Us

၂၀၁၂ခုနှစ်မှာ လေ့လာခဲ့တဲ့ စိတ်ဆရာဝန် Larry Youngရဲ့ သီအိုရီကတော့ မတူပါဘူး။ သူပြောတာကတော့ယောက်ျား
တွေလူ့လောကထဲစဝင်လာတဲ့အချိန်မှာ မိခင်နို့ချိုသုံးခဲ့ရလို့စိတ်ပိုင်းဆိုင်ရာအရာ ပထမဆုံး ကြိုက်နှစ်သက်တဲ့အရာဖြစ်ခဲ့
တယ်လို့ဆိုပါတယ်။ နားထောင်ရတာ တစ်မျိုးဖြစ်ပေမယ့် သူရဲ့သီအိုရီကလည်း မှန်ကောင်းမှန်နိုင်ပါတယ်။ ကလေးတစ်
ယောက်နို့ဆာတဲ့အချိန်မှာ မိခင်နို့ကိုသောက်ရပြီး ဦးနှောက်ထဲမှာ ကျေနပ်မှုကိုခံစားစေရပါတယ်။ ဒီကတစ်ဆင့်အသက်
ကြီးလာတဲ့အခါမှာ မသိစိတ်ရဲ့ထောင့်တစ်နေရာမှာ ကပ်ငြိနေတာဖြစ်တယ်လို့ Larryက ဆိုပါတယ်။

ဒါဆိုရင်ယောက်ျားတွေအားလုံး ပေါက်စီကြိုက်ကြတာလား?

အပေါ်ယံအားဖြင့်တော့ ဟုတ်တယ်လို့ ထင်ကောင်းထင်ပေမယ့် တကယ့်တကယ်တမ်းမှာတော့ မဟုတ်ပါဘူး။ မိန်းက
လေးတွေရင်သားကို လွတ်လပ်စွာဖော်ထားပြီး လမ်းမှာလျှောက်သွားနေတဲ့ အာဖရိကအချို့နိုင်ငံတွေက ယောက်ျားတွေ
ဟာ ရင်သားကို ဒီလောက်သဘောမကျကြပါဘူး။ ယဉ်ကျေးမှုက ဒီနေရာမှာ စကားပြောလာပါတယ်။ အကြောင်းအရင်း
က မကြာခဏတွေ့မြင်နေရာလို့ ဆွဲဆောင်မှုမရှိတော့တာဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

READ
မပေါ့်တပေါ်အဝတ်အစားနဲ့ အုတ်ဂူပေါ်မှာဓာတ်ပုံရိုက်ခဲ့တဲ့အမျိုးသမီးတွေဝေဖန်ခံနေရ

ဘယ်လိုပဲဖြစ်နေပါစေ။ မိန်းကလေးတွေ အနေနဲ့လည်း မိမိကိုယ်ပေါ်က တန်ဖိုးရှိတဲ့အရာတွေကို အလွယ်တကူထုတ်
မပြသင့်ပါဘူး။ အလွယ်တကူရနေတဲ့အရာတွေကို ယောက်ျားတွေကလည်း တန်ဖိုးမထားတတ်ကြပါဘူး။ ယောက်ျား
တွေအနေနဲ့လည်း ပြတဲ့သူက ပြတယ်ဆိုပေမယ့် ကြည့်တဲ့နေရာမှာ သိက္ခာရှိဖို့တော့လိုပါတယ်။ သိက္ခာရှိရှိမကြည့်
တတ်သေးဘူးဆိုရင်တော့ မတော်တရော်နေရာတွေကိုငေးကြည့်တဲ့အခါ ရှောင်သင့်သည်များ  ကိုဖတ်ထား
သင့်ပါတယ်။

ထူးထူး (Shwemom)

Ref: lovepanky

SHARE