လူကြားထဲသွားတဲ့အခါ မိုက်ကယ်ဂျက်ဆန် အမြဲတမ်းမျက်နှာဖုံးဝတ်ရတဲ့အကြောင်းရင်း

WikimediaCommons

ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘာကျော်တေးသံရှင် မိုက်ကယ်ဂျက်ဆန်ရဲ့ ဗြိတိသျှသက်တော်စောင့်ဟောင်းက မိုက်ကယ်ဟာ အခုလိုမျိုး ကိုရိုနာကပ်ဘေးကို ကြိုသိနှင့်နေတဲ့အတွက် သူ့ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ မျက်နှာဖုံးကို အမြဲတမ်းဝတ်ဆင်ခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့တာကို news.com.au သတင်းအရ သိရပါတယ်။

မတ်တ်ဖစ်ဒ်အမည်ရတဲ့ အမျိုးသားဟာ ဆယ်စုနှစ်တစ်ခုကြာအောင် ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆန်နောက်မှာ သက်တော်စောင့်အဖြစ် အလုပ်လုပ်နေခဲ့တာပါ။ မိုက်ကယ်ဟာ ကမ္ဘာတစ်ခွင်သူဖျော်ဖြေရေးတွေသွားစဉ်တုန်းက COVID-19 လိုမျိုး ရောဂါတွေကို ကြောက်ခဲ့ပြီး ဒီလိုအလားအလာတွေ ကြိုမြင်နေပုံရခဲ့တယ်လို့ မတ်တ်က ပြောပြခဲ့တာပါ။

Facebook/Michael Jackson our beautiful angel

အသက် (၄၁) နှစ်အရွယ် မတ်တ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအကြောင်းကိုပါ ပြောပြဆွေးနွေးခဲ့တာပါ။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူပေါင်း (၄) သိန်းကျော်ကို ကူးစက်ပြန့်နှံ့ခဲ့ပြီဖြစ်ကာ လူပေါင်း (၁၈,၀၀၀) ကျော် သေဆုံးပြီးဖြစ်ပါတယ်။ ဒီထက်ပိုပြီးလည်း ကူးစက်ခံရသူတွေ၊ သေဆုံးသူတွေရှိနေပါသေးတယ်။

READ
ခင်ပွန်းသေပြီး သုံးနှစ်အကြာမှာ ခင်ပွန်းရဲ့ရင်သွေး သမီးလေးကို မွေးဖွားနိုင်ခဲ့သူ

မတ်တ်က “မိုက်ကယ်က အမြဲတမ်းအန္တရာယ်ရှိနိုင်တယ်ဆိုတာကို သိနေတယ်။ သူက သူ့ကိုယ်သူတော်တော်လေးဂရုစိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အချိန်မရွေး ကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်နိုင်တယ်လို့လည်း သူက ပြောလေ့ရှိပါတယ်။”

WikimediaCommons

ဒါ့အပြင် “ကျွန်တော်က မိုက်ကယ်ရယ် မျက်နှာဖုံးကြီးမတပ်ပါနဲ့ ပြောတဲ့အခါ သူက သူဖျားလို့မရဘူးတဲ့။ သူ့ပရိတ်သတ်တွေကို စိတ်ပျက်အောင်လုပ်ဖို့မဖြစ်ဘူး။ သူ့မှာပွဲတွေရှိနေတယ်။ သူက ဒီကမ္ဘာကြီးပေါ်မှာ အကြောင်းတစ်ခုကြောင့် ရှိနေတာတဲ့။ သူ့အသံကို အပျက်စီးမခံနိုင်ဘူး။ ကျန်းမာမှဖြစ်မယ်။ ဒီနေ့ ဘယ်သူနဲ့တွေ့ဆုံရမယ်ဆိုတာ မသိသလို ဘာဖြစ်မလဲဆိုတာလဲ မသိနိုင်ပါဘူးတဲ့…” လို့ မိုက်ကယ်ရဲ့အကြောင်းကို ပြောပြခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE