တရုတ်အမျိုးသား သန်းပေါင်းများစွာ လူပျိုကြီးတွေ ဖြစ်နေရသည့်အကြောင်းအရင်း

တရုတ်နိုင်ငံမှာ အသက် ၃၀ ကျော်နေပြီး လက်မထပ်ရသေးတဲ့ အမျိုးသားတွေကို တရုတ်စကားနဲ့  Shengnan(ချိန်ပါကျန်ရစ်) လို့ခေါ်ဆိုကြပါတယ်။တရုတ်နိုင်ငံမှာ ယောက်ကျားနဲ့ မိန်းမ အချိုးအစားကွာဟချက်က တစ်ဖြည်းဖြည်းကြီးမားနေပါတယ်။တရုတ်နိုင်ငံမှာ ” တစ်အိမ်ထောင်ကလေးတစ်ယောက် ဥပဒေ”ကြောင့် ယောက်ကျားလေးအရေအတွက်ဟာ မိန်းကလေး ဦးရေထက် သန်းပေါင်းများစွာ များပြားနေပြီး ၂၀၁၅ ခုနှစ်မှာ ဒီဥပဒေကို ပြောင်းလဲခဲ့ပေမဲ့  ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုဟာ နှစ်ပေါင်းများစွာ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

SHANGHAI, CHINA - MAY 20: (CHINA OUT) Single women attend a singles party at the Pudong Century Park on May 20, 2006 in Shanghai, China. About 5,000 single men and women between the ages of 22 and 45, with either a university degree or college diploma, attended the singles party. Activities held for participants including eight-minute speed dating, wine tasting, costume party, and short plays, according to local media. (Photo by China Photos/Getty Images)

ဒီလိုကွာဟမှုကြောင့် ယောက်ကျားလေးတွေက မိန်းမတစ်ယောက်ကို လက်ထပ်နိုင်ဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ လူပျိုကြီးအရည်အတွက်ဟာ လက်ထပ်ဖို့အသင့်ဖြစ်နေတဲ့ မိန်းကလေးအရေအတွက် ထက် သန်း ၃၀ ( မြန်မာလူဦးရေ တစ်ဝက်ခန့်) ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
The Demographic Future ဆိုတဲ့ စာအုပ်ရေးသူ အမေရိကန်နိုင်ငံရေး၊ဘောဂဗေဒပညာရှင် နီကိုလပ်စ် အက်ဘာစတဒ် ကတော့ ၂၀၃၀ ခုနှစ်မှာ အသက် ၃၀ ကျော် လက်မထပ်ရသေးတဲ့ ယောက်ကျားလေးအရည်အတွက်ဟာ တရုတ်ယောက်ကျားလေးအရည်အတွက်ပမာဏရဲ့ ၄ ပုံ ၁ ပုံမျှရှိမယ် လို့ဆိုခဲ့ပါတယ်။အမျိုးသမီးအရည်အတွက်ဟာ ယောင်္ကျားလေးဦးရေထက်နည်းပါးနေတဲ့အတွက် တရုတ်အမျိုးသားတွေဟာ အမျိုးသမီးတစ်ယောက်ကို လက်ထပ်နိုင်ဖို့အတွက်တော်တော် ပင်ပင်ပန်းပန်းကြိုးစားနေရပြီး ခက်ခဲတဲ့ ကိစ္စတစ်ရပ်ဖြစ်နေပါတယ်။

H4T793 Women feed men during a speed dating event held inside a theme park in Hong Kong February 14, 2014. Friday marks both Valentine's Day and Yuen Siu festival, the 15th day of the Lunar New Year which is also known as ?Chinese Valentine?s Day?. REUTERS/Bobby Yip (CHINA - Tags: SOCIETY)

၂၀၁၅ ခုနှစ်တုန်းကလည်း အသက် ၄၀ အရွယ် တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ အောင်သွယ်ရေးကုမ္ပဏီတစ်ခုကို အောင်သွယ်ပေးရာမှာ မအောင်မြင်ခဲ့တဲ့ အတွက် ကုန်ကျစရိတ် ယွမ် ၇သန်း (အမေရိကန် ဒေါ်လာ ၁ သန်း ) ရလိုမှုနဲ့ တရားစွဲခဲ့ပါတယ်။ဆိုရှယ်မီဒီယာ တွေမှာ ဟိုးလေးတစ်ကျော် ဖြစ်ပျက်ခဲ့တဲ့ တရုတ်နိုင်ငံတောင် ပိုင်း ဂွမ်ဂျိုး မြို့နယ်မှ ကွန်ပျုတာ ပရိုဂရမ်မာ တစ်ယောက်ကလည်း သူရဲ့ ချစ်သူကို လက်ထပ်ခွင့်တောင်းရာမှာ Iphone ၉၉ လုံးနဲ့ ရိုမန်တစ် ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ပေ့မဲ့လည်း ငြင်းပယ်ခံခဲ့ရပါတယ်။ပြဿနာက အရင်ကနည်းလမ်းတွေဖြစ်တဲ့ မိဘတွေစီစဉ်ပေးတဲ့ နည်းလမ်းက အလုပ်မဖြစ်တော့တာပါပဲ။

proposal2

တရုတ်နှစ်သစ်ကူးပွဲတော်ဟာ Single တွေအတွက် လက်တွဲဖော်ကို ရှာဖွေဖို့အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။နှစ်ကူးပွဲတော်တွေဆို တရုတ်လူမျိုးများဟာ မိမိအိမ်ယာကို ပြန်ကြပြီး လက်တွဲဖော်ဖြစ်နိုင်တဲ့ လူတွေကို တွေ့ရှိနိုင်ပါသေးတယ်။ဒီပွဲတော်ကို ဇန်န၀ါရီလကုန်ပိုင်းနဲ့ ဖော်ဖ၀ါရီလလယ်ပိုင်းလောက်မှာ ကျင်းပလေ့ရှိပြီး Single တွေ ဖူးစာဆုံဖို့ အခွင့်အလမ်း တစ်ရပ်ြ ဖစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရှေးရိုးနည်းလမ်းတွေ ဟာ ယနေ့ခေတ်တိုးတက်မှုတွေကို လက်မြှောက်အရှုံးပေးရလုနီးပါး ဖြစ်နေပါပြီ။တရုတ်နိုင်ငံမှာ အွန်လိုင်း အောင်သွယ်တော် ကုမ္ပဏီတွေဟာခေတ်စားနေပြီး စာပို့ App တွေ ဖြစ်တဲ့ WeChat တို့ဟာ လူသုံးများတဲ့ App တွေ ဖြစ်နေပါပြီ။ ” တရုတ်အောင်သွယ်ရေးတွေဟာ အနောက်နိုင်ငံပုံစံနည်းလမ်းတွေ ဖြစ်လာကြပါပြီ။နောက်ပိုင်းလူငယ်တွေဟာ မိဘတွေပေးစားလို့ ယူရတာထက် သူတို့ချစ်မြန်နိုးမှ လက်ထပ်ကုန်ကြပါပြီ ” လို့ ဂျန်လီကဆိုပါတယ်။

READ
အပြာကားကြည့်လွန်းသူအမျိုးသားများ လက်တွေ့ဘဝတွင်စွမ်းဆောင်ရည်ကျဆင်းနိုင်ဟုဆို

TOPSHOT - Passengers crowd the Shanghai Hongqiao railway station as they wait to board their trains to head to their hometowns for the Lunar New Year holiday, in Shanghai on February 3, 2016. Over 2.9 billion trips will be made around China during the 40-day "Spring Festival" travel rush, which kicked off on January 24, Chinese authorities estimated. The Spring Festival, this year being the Year of the Monkey, China's most important holiday centering around family reunions, will fall on February 8. AFP PHOTO / JOHANNES EISELE / AFP / JOHANNES EISELE (Photo credit should read JOHANNES EISELE/AFP/Getty Images)

လက်တွဲဖော် မိန်းမတစ်ယောက်ရှာဖို့အတွက် နည်းလမ်းတွေက များပြားလာပေမဲ့ အရင်လိုတော့ မလွယ်ကူတော့ပါဘူး။တရုတ်နိုင်ငံ အရှေ့အလယ်ပိုင်း ကမ်းခြေဒေသ ဂျန်ဆူ ပြည်နယ် ဆူဇူ မြို့မှာနေထိုင်သူ ဂျန်လီ ကတော့ သူမ အသက် ၂၀ အရွယ်မှာ လက်ထပ်ခဲ့ပြီး နောက်ပိုင်းမှာ ဖျော်ဖြေရေးပွဲတွေသွားဖို့အတွက် ရည်းစားအငှားလိုက်တဲ့ ၀န်ဆောင်မှုတွေ ခေတ်စားလာကြောင်းဆိုခဲ့ပါတယ်။ယောင်္ကျားလေးအများစုကတော့ မိန်းမတစ်ယောက်ကို ပိုးနည်းတွေလေ့လာ ၊ရုပ်ရည် စတိုင် ပိုမိုစွဲဆောင်မှုရှိစေရန် ကြိုးစားလာကြပါတယ်။မိဘတွေကို ပြဖို့အတွက် ရည်းစားအငှားလိုက်တဲ့ ၀န်ဆောင်မှုတွေလည်းပေါ်ပေါက်လာပြီး Hire Me Plz APP ကို အသုံးပြုပြီးရှာဖွေကြတယ်လို့ သိရပါတယ်။

2017-01-26T140551Z_2_LYNXMPED0P0V1_RTROPTP_4_LUNAR-NEWYEAR-CHINA-GIRLFRIEND

ရည်းစားလိုက်ခြင်း အငှားဝန်ဆောင်မှုပေးတဲ့ မိန်းကလေးတွေဟာ တစ်ရက်ကို ယွမ် တစ်သောင်း (အမေရိကန်ဒေါ်လာ ၁၄၅၀ = မြန်မာငွေ ၁၉ သိန်း နီးပါး) ရရှိတယ်လို့ ဆိုပါတယ်။ငွေကြေးချမ်းသာသူတွေအတွက် ရည်းစားအငှားထားဖို့က မခက်ခဲပေမဲ့ ကျေးလက်ဒေသက Single တွေ အတွက် တော်တော်ခက်ခဲတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။အသက် ၃၀ မှာ လက်ထပ်ခဲ့သူ ဟူရန်ဆိုတဲ့အမျိုးသမီးကတော့ တရုတ်မှာ ” ယောက္ခမ စီးပွားရေး ” ဆိုတာ ခေတ်စားနေပြီး ယောင်္ကျားလေးတစ်ယောက်ဟာ မိန်းမ သွားမတောင်းမှီမှာ အိမ် တစ်လုံး ပိုင်ဆိုင်ကြောင်း အထောက်အထားပြနိုင်မှ ယောက္ခမနဲ့ ဆက်ဆွေးနွေးလို့ရတယ်လို့ဆိုပါတယ်။” ဒါကြောင့်လည်း နောက်ပိုင်းနှစ်တွေမှာ အိမ်ခြံမြေဈေးက ခုန်တက်လာခဲ့တာ ဖြစ်တယ် ” လို့ သူမ က ဆိုပါတယ်။

A couple walk beneath a display of lanterns for the Lunar New Year as China prepares for the Year of the Horse in Beijing on January 28, 2014. China is preparing to welcome the Lunar New Year of the Horse which falls on January 31 and will see about 3.62 billion trips made by Chinese travelers during the 40-day Spring Festival travel period. AFP PHOTO/Mark RALSTON (Photo credit should read MARK RALSTON/AFP/Getty Images)

ဒီလိုမိန်းမတစ်ယောက်ရဖို့ ငွေရေးကြေးရေး အဆင်ပြေအောင်ကြိုးစားကြတဲ့ ယောင်္ကျားလေးတွေကြောင့်ပဲ မိန်းမတွေလည်း လက်တွဲဖော်ရဖို့ ခက်ခဲလာပါတယ်။ဘာကြောင့်လဲဆိုတော့ ယောင်္ကျားလေးအများစုဟာ လက်ထပ်ဖို့ ပိုက်ဆံရှာဖွေရင်း အသက်တွေကြီးကုန်ကြပြီး စီးပွားရေးအဆင်ပြေတဲ့အချိန်ဆိုရင် လက်ထပ်ဖို့ မိန်းမ ငယ်ငယ်လေးတွေကိုသာ ရွေးချယ်လေ့ရှိကြလို့ ဖြစ်ပါတယ်။ဒါကြောင့် သတို့သားနဲ့ သတို့သမီး တို့ အသက် ၁၀ နှစ်ကနေ  ၂၀ လောက် ကွာဟနေတာဟာ တရုတ်လက်ထပ်ပွဲတွေမှာ ထုံးစံ တစ်ခု ဖြစ်နေပါပြီ။” မိန်းမတွေ အသက် ၃၂ နှစ်လောက်ရောက်သွားရင်လည်း သူ့ကို ယူချင်တဲ့ ယောင်္ကျား ကရှားသွားပြီ။ပိုက်ဆံတတ်နိုင်တဲ့ တရုတ်အမျိုးသားတွေဟာ ပိုငယ်ပြီး ပိုချောတဲ့ မိန်းကလေးတွေနဲ့ ပဲ လက်ထပ်ချင်ကြတော့တယ်။” လို့ ဟုတ်ရန် ဆိုသူ အမျိုးသမီးက ဆိုပါတယ်။” ပညာကောင်းကောင်းတတ်ပြီး အမှီအခိုကင်း ငွေကြေးချမ်းသာတဲ့ အသက် ၃၀ ကျော်အပျိုကြီးတွေကိုတော့ လက်ထပ်မဲ့ သူတွေ နည်းလာတယ် ” လို့ တရုတ်အမျိုးသမီး တစ်ယောက်က ဆိုပါတယ်။

READ
ကောင်မလေးတစ်ယောက်ကိုအွန်လိုင်းမှာကြူမယ်ဆိုရင် သိထားသင့်တာလေးတွေ

adult-1807617_960_720-960x600

” မိဘတွေကလည်း လက်တွဲဖော်မြန်မြန် ရှာဖို့ သူတို့ရဲ့ သားသမီးတွေကို တိုက်တွန်း ဖိအားပေးလေ့ရှိပါတယ်။ဒါဟာတရုတ်နိုင်ငံမှ မဟုတ်ပဲ တစ်ကမ္ဘာ လုံးကမိဘတိုင်းလိုလိုပါပဲ ” လို အသက် ၃၉ နှစ်ရှိသူ ရော်ဂျာ ဇောင်က ဆိုပါတယ်။မိဘ ကျင့်ဝတ် (၅)ဖြစ်တဲ့
မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊
ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။ ဆိုတဲ့အတိုင်း ပဲ မိဘတွေဟာ သူတို့ရဲ့ သားသမီးတွေ ထိမ်းမြှားပေးဖို့အတွက် တာဝန်ရှိကြတယ်လို့ ခံယူထားကြပါတယ်။တရုတ်နိုင်ငံမှာလည်းပဲ မိဘတွေက စီစဉ်ပေးတဲ့ blind date လို့ခေါ်တဲ့ သားသမီးတွေ တွေ့ဆုံကြခြင်းကလည်း အရမ်းခေတ်စားပါတယ်။သူတို့ရဲ့ အရွယ်ရောက်နေတဲ့ သား၊သမီးတွေ လက်မထပ်ရသေးရင် တရုတ်မိဘတွေဟာ အသိုင်းအ၀ိုင်းကြားမှာ အဝေဖန်ခံရတတ်ပြီး သားသမီးတွေ အသက် ၃၀ မကျော်ခင် အိမ်ထောင်ချပေးဖို့ အတွက် အသည်းအသန် ကြိုးစားလေ့ရှိကြပါတယ်။

GJ771D Wedding market in the Park 'Peoples Square' in Shanghai

တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့မှာလည်း ဆုံဆည်းရာထောင့်လို့ခေါ်တဲ့ နေရာတစ်ခုရှိပြီး မိဘတွေဟာ အဲ့ဒီနေရာကိုသွားပြီး သူတို့ရဲ့ Single သားသမီးတွေရဲ့ ၀င်ငွေ၊ပညာအရည်အချင်း၊ဓာတ်ပုံဖော်ပြထားတဲ့ ကြေညာတွေ လိုက်လံဝေငှကြပြီး တစ်ချို့ မိဘတွေဆို အပါတ်စဉ်တိုင်း  ဆုံဆည်းရာထောင့် ကို နှစ်ပေါင်းများစွာ လာရောက်နေပေမဲ့ သားသမီးကို လက်ထပ်ပေးဖို့ မအောင်မြင်တဲ့ မိဘတွေရှိတယ် လို့ဆိုပါတယ်။ဒီလက်ထပ်ဖို့ ကြိုးစားကြတဲ့ နည်းလမ်းတွေကပြောင်းလဲလာပြီး မိန်းကလေးတွေကလည်း ငွေရေးကြေးရေးပိုင်းထက် သူတို့ ချစ်မြတ်နိုးတဲ့ လူတွေကိုသာ ဦးစားပေးလေ့ရှိကြပါတယ်။

Visitors participate in a dating show at the second Shanghai Marriage Expo in Shanghai on May 27, 2012. Thousands attended the two date event. AFP PHOTO/Peter PARKS (Photo credit should read PETER PARKS/AFP/GettyImages)

ဒီလို Single ယောင်္ကျားလေးတွေ များနေရခြင်းဟာ တရုတ်နိုင်ငံရဲ့  ” တစ်အိမ်ထောင်ကလေးတစ်ယောက် ဥပဒေ”ကြောင့် ဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကလေးတစ်ယောက်သာ ယူရမယ်ဆိုတဲ့ ဥပဒေကြောင့် မိဘတွေဟာ ယောင်္ကျားလေးတွေကိုသာ ပိုလိုချင်တဲ့ သဘာဝအတိုင်း မိန်းကလေးတွေကို ဂရုတစိုက် ကျွေးမွေး မစောင့်ရှောက်ခဲ့ ကြသလို မိန်းကလေးအများစုကလည်း မိဘမဲ့ ဂေဟာကို ရောက်ကုန်လေ့ရှိပါတယ်။လိင်ခွဲခြားပြီး ကိုယ်ဝန်ဖျက်ချခြင်း၊မိန်းကလေးဆို ကလေးသူငယ် သတ်ခြင်းစတဲ့ အကြောင်းတရားတွေကြောင့် အခုလို အကျိုးတရားတွေ ဖြစ်နေခြင်း ဖြစ်ပါတယ်။ဂျန်လီဆိုသူ အမျိုးသမီးကတော့ သူမဟာ လက်ထပ်ဖို့အတွက် လောနေမှာ မဟုတ်ဘဲ သူမအချစ်နဲ့ထိုက်တန်တဲ့အမျိုးသားကိုပဲ စောင့်ဆိုင်းမယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံမှာ ယောင်္ကျားမိန်းမ အချိုးမညီမှုကြောင့် ဘယ်လောက်ပင် ဂယက်ရိုက်နေပါစေ ကမ္ဘာတစ်လွှားက နိုင်ငံတွေအတိုင်း အချစ်ဟာ အရေးပါတဲ့ အခန်း ကဏ္ဍ တစ်ရပ်အဖြစ် ကျန်ရှိနေဆဲ ဖြစ်တယ် လို့ဆိုရမှာပါပဲ။

Lumos (Shwemom)

Ref : BBC

SHARE