တခြားမိခင်တွေထက် ကလေး ၃ ယောက်မိခင်များဟာ ပိုစိတ်ဖိဆီးရတယ်ဆိုတဲ့အကြောင်း

Freepik-lifestyle 80

 

အမျိုးသမီးတွေဟာ မိခင်ဘ၀ကိုရောက်ရှိသွားပြီဆိုရင် လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားပြီး၊ သူတို့အချိန်အားလုံးနီးပါးဟာ သားသမီးတွေအတွက်သာ ဖြစ်ကုန်ပါတော့တယ်။

အရင်က တစ်ခါမှ မလုပ်ဖူးတာတွေ၊ ဘယ်တော့မှလုပ်ရမယ်လို့ ထင်မထားတဲ့အရာတွေကို တာဝန်ယူရပါတော့တယ်။ ဥပမာ ကလေးတွေကျောင်းတက်ဖို့ ဝေယျာဝစ္စတွေအပြင် ကျောင်းပွဲတွေ လိုက်တက်ရတာမျိုး၊ တခြားမိခင်တွေနဲ့အဆင်ပြေအောင် ပြောဆိုဆက်ဆံရတာမျိုး၊ ကျွေးမွေးမှုတာဝန်တွေအပြင် ကိုယ့်ကလေးရဲ့ အကျင့်စာရိတ္တနဲ့ စိတ်
ဓာတ်ကောင်းအောင် ပဲ့ကိုင်ပေးရတာတို့ အစရှိသဖြင့်ပေါ့။ တကယ်လို့ အဲဒီအချိန်တွေကို ကောင်းကောင်းကိုင်တွယ်နိုင်လိုက်ပြီဆိုရင်တော့ အဲ့ဒီမိခင်ဟာ ဘ၀မှာ သူမလုပ်နိုင်တဲ့အရာ မရှိသလောက်ဖြစ်သွားပါလိမ့်မယ်။

Freepik-freepik

တကယ်တော့ မိခင်တွေရဲ့ဘဝဟာ တခြားလူတွေထက်ပိုပြီး စိတ်ဖိဆီးမှု များတတ်ကြပါတယ်။ အဲဒီအထဲမှာမှ ကလေးဘယ်နယောက်မွေးထားတဲ့ မိခင်က စိတ်ဖိဆီးမှုအများဆုံးလို့ ထင်လဲ? Bright Side မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၇၅) ရာခိုင်နှုန်းသော မိခင်တွေက သူတို့ဟာ တခြားမိခင်တွေလောက် သားသမီးတွေအပေါ် ပြီးပြည့်စုံတဲ့မိခင်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်၊ (၆၀) ရာခိုင်နှုန်းသော မိခင်တွေက သားသမီးတွေအပေါ် အချိန်ကောင်းကောင်းမပေးနိုင်တဲ့  စိုးရိမ်စိတ်၊ (၉၀) ရာခိုင်နှုန်းသောမိခင်တွေက ကျန်းမာတဲ့ကလေးတွေဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်၊ (၄၆) ရာခိုင်နှုန်းသော မိခင်တွေက သူတို့ကလေးထက် အိမ်ထောင်ဖက်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုများပြားကြောင်း သိရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာမှာ မိခင်တွေအတွက် အခက်ခဲဆုံး အချိန်ဟာ တတိယမြောက်ကလေးရရှိတဲ့အချိန်ဖြစ်ပါတယ်လို့ TODAY မဂ္ဂဇင်းကနေ အွန်လိုင်းစစ်တမ်းကောက်ယူကြည့်တဲ့အခါ မိခင် (၇၀၀၀) ကျော်က သူတို့ရဲ့ မိခင်ဘ၀ စိတ်ဖိစီးမှုတွေအကြောင်း ဖြေကြားထားတာဖြစ်ပါတယ်။

Freepik-proostooleh
Freepik-master1305

ကလေးကို တစ်ယောက်က နှစ်ယောက်ပြောင်းတာ အစမ်းမဟုတ်ပေမယ့် တတိယမြောက်ကလေးရရှိချိန် တစ်နည်းအားဖြင့် ကလေးသုံးယောက်ယူချိန်ဟာ မိခင်တွေအတွက် စိတ်ဖိစီးမှု အမြင့်ဆုံးဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အလတ်တွေဟာ အကြီးဆုံးတွေလိုအခွင့်အရေးမရကြသလို၊ အငယ်ဆုံးတွေလိုလည်း ဂရုစိုက်မှုမရရှိတာကြောင့်ပါ။ အဲ့ဒါအခါ အထက်ကပြောထားသလိုပဲ မိခင်တွေအနေနဲ့ ကလေးသုံးယောက်ကို ကိုင်တွယ်တဲ့အခါ ပြည့်စုံပြီးဘက်မျှတွေမိခင်ဖြစ်ဖို့ အင်မတန်ကြိုးစားကြရတာ ဖြစ်ပါတယ်။ ဆိုလိုချင်တာ ဘယ်ကလေးကိုမှ လက်လွှတ်လို့မရတဲ့အခြေအနေမျိုး ဖြစ်နေတာကြောင့်ပါ။ နောက်ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတယ်ဆိုတာဟာလည်း အရှေ့မှာ ဘယ်လောက်ပင်ပမ်းထားခဲ့ကြသလဲဆိုတာ သိထားကြတော့ ပိုလို့တောင်ဆိုး။

Freepik-proostooleh

လူ့စိတ်ဆိုတာလည်း ၃ ခေါက်မြောက်ဆိုတာကို ကြောက်တတ်ကြတဲ့ အကျင့်လည်းရှိနေပါတယ်။ တစ်ခါကလေးမွေးလို့ ပင်ပန်းတာဟာ ပထမဆုံးအတွေ့အကြုံမလို့ ဘာမှမဖြစ်သေး၊ ဒုတိယကလေးကျတော့ အတွေ့အကြုံရသွားတော့ ပြုစုပျိုးထောင်ရတာနဲ့ပတ်သက်ပြီး သိပ်ပြီးရင်မခုန်တော့ဘူး၊ ဒါပေမဲ့ ၃ ယောက်မြာက်ကျရင်တော့ စိတ်ဖိဆီးမှုတွေ ဖြစ်လာပါပြီ။

READ
ခွေးကို အိပ်ရာထဲ ခေါ်သိပ်တဲ့အခါ အကျိုးရှိစေမယ့် အချက်(၅) ချက်

ဒါပေမယ့် ကလေးသုံးယောက်ထက် ကျော်လွန်သွားပြီဆိုရင်တော့ ဒီစိတ်ဖိစီးမှုတွေ ကိုလက်လွှတ်လိုက်ပါပြီ။ လေ့လာချက်အရ ကလေးလေးယောက်နဲ့အထက် ရရှိပြီဆိုရင် မိခင်တွေဟာ အရမ်းကြီး perfect mom ဖြစ်ဖို့ မကြိုးစားကြတော့ဘဲ ကောင်းကောင်းရှင်သန်နိုင်ဖို့သာ လုပ်ဆောင်ကြတော့တယ်လို့ ၀န်ခံထားကြပါတယ်။

Khaing

SHARE