အိပ်နေရင်းနဲ့ ကယောင်ကတမ်းဖြစ်ပြီး စကားတွေ ပြောလေ့ရှိတာ ဒီအချက်တွေကြောင့်ပါ ..

Pixabay-Free-Photos

အိပ်နေရင်းနဲ့ ကယောင်ကတမ်းတွေဖြစ်တာတို့၊ အိပ်နေရင်းနဲ့စကားပြောတို့ အစရှိတဲ့ ကိစ္စတွေဟာ ကိုယ်ကိုယ်တိုင် မဖြစ်ဖူးရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ အဲဒီလိုမျိုးအဖြစ်အပျက်တွေ ကြားဖူးကြမှာပါ။ လေ့လာတွေ့ရှိချက်တွေအရဆိုရင်တော့ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းဟာ အိပ်ပျော်နေရင်းနဲ့ စကားပြောတာတို့၊ ယောင်တာတို့ ဖြစ်တတ်ကြောင်းသိရှိရပါတယ်။ ဒါပေမယ့် ဒီလိုမျိုးဖြစ်တဲ့ ကိစ္စဟာ စိတ်ပူစရာ မလိုဖူးဆိုပေမယ့် ကိုယ့်နဲ့အတူတူ အိပ်နေတဲ့ လူအတွက်တော့ အရမ်းကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အခုပြောပြချင်တဲ့ ကိစ္စကတော့ ဘာကြောင့် ဒီလိုမျိုးအိပ်နေရင်းနဲ့ စကားတွေ ယောင်ယောင်ပြီး ပြောနေရသလဲဆိုတဲ့ အကြောင်းအရင်းနဲ့ ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုမျိုးလုပ်သင့်လဲဆိုတဲ့ ကိစ္စလေးကို Shwemom ပရိသတ်ကြီးသိအောင် ပြောပြပေးချင်ပါတယ်။

Pixabay-Tumisu

၁။ မျိုးရိုးကြောင့်လည်း အိပ်နေရင်းနဲ့ယောင်တတ်ပါတယ်

Finland နိုင်ငံနဲ့ ဂျပန်နိုင်ငံက သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရဆိုရင်တော့ အိပ်နေရင်းစကားတွေယောင်ပြီး ပြောတတ်တာမျိုးက ကိုယ့်ရဲ့မိဘ ဒါမှမဟုတ် ကိုယ့်ရဲ့ အမွှာညီအကိုမောင်နှမတွေကြောင့်လည်း ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ သုတေသီတော်တော်များများကတော့ ကိုယ့်ရဲ့မိဘက အိပ်နေရင်းနဲ့ ယောင်ပြီး စကားတွေပြောတတ်တဲ့ အလေ့အကျင့်ရှိရင် သူတို့ရဲ့ သားသမီးတွေဆီမှာလည်း အဲဒီလို လက္ခဏာတွေကို တွေ့ရှိရတတ်ကြောင်း သိရှိရပါတယ်။

READ
လိမ်နေတယ်ဆိုတာကို ပြနေတဲ့ အမူအရာလက္ခဏာများ

၂။ အိပ်ရေးမဝခြင်း

အိပ်ရေးမဝတဲ့ လူတော်တော်များများဟာ အိပ်နေရင်းနဲ့ ရုတ်တရက် လန့်နိုးတာတို့၊ ကယောင်ခြောက်ခြားဖြစ်တာတို့၊ စကားတွေ ယောင်ပြီးပြောတာမျိုွးေ ဖြစ်စနိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆု့းကတော့ လူတိုင်းကိုယ့်ရဲ့အိပ်ချိန်ကို ပုံမှန်လေး အချိန်တစ်ခုသတ်မှတ်ပြီး အိပ်ရေးဝအောင် အိပ်သင့်ပါတယ်။ မဟုတ်ရင်တော့ ကိုယ်ကိုယ်တိုင်တောင် မသိပဲနဲ့ အိပ်နေရင်းနဲပ စကားတွေယောင်ပြီး ပြောနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

Pixabay-Olichel

၃။ စိတ်ဖိစီးမှုများပြီး အိပ်ပျော်သွားခြင်း

လူတော်တော်များများရဲ့ စဉ်းစားချိန်ဟာ အိပ်ရာပေါ်ခေါင်းချလိုက်တဲ့ အချိန်ပါပဲ။ အဲဒီလိုအချိန်မျိုးမှာ စိတ်ညစ်စရာကိစ္စတွေ၊ အဆင်မပြေတဲ့ ကိစ္စတွေကို တွေးတောပြီး အိပ်ပျော်သွားတာက မကောင်းပါဘူး။ အဲဒီအရာတွေက ကိုယ်ရဲ့ မသိစိတ်ထဲကို ဝင်ရောက်သွားပြီး ကိုယ်အိပ်ပျော်နေတဲ့အချိန်မှာ အိပ်မက်ဆိုးတွေမက်ပြီး ရုတ်တရက် အိပ်မက်ကနေလန့်နိုးတာမျိုးတွေ၊ အိပ်နေရင်းနဲ့ စကားတွေယောင်ယောင်ပြီး ပြောနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အိပ်တော့မယ်ဆိုတာနဲ့ တက်နိုင်သမျှ စိတ်ညစ်စရာကိစ္စတွေ၊ စိတ်ဖိစီးမှုဖြစ်စေမယ့် အတွေးမျိုးတွေ မတွေးပဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်သင့်ပါတယ်။

READ
သင့်ခွေးက သင့်ကို သဘောကျ၊မကျဆိုတာ ဒီအချက်တွေကိုကြည့်ပြီးသိနိုင်တယ်
Pixabay-StockSnap

ဒါ့ကြောင့် ဒီလိုမျိုး အိပ်နေရင်းနဲ့ စကားတွေ ယောင်ပြီးပြောမိနေတာမျိုးတွေ၊ အိပ်မက်ဆိုးတွေကနေ ရုတ်တရက်လန့်နိုးလာတတ်တာမျိုးတွေ ဖြစ်နေပြီဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး။ ဒီလိုမဖြစ်ချင်ရင်တော့ အိပ်ခါနီး အစာအများကြီးစားတာမျိုးတွေ၊ နေ့လည်နဲ့ ညနေခင်းဖက်မှာ ကော်ဖီသောက်တာမျိုးတွေ၊ နေ့တိုင်းအလွန်အကျွံ တစ်နေကုန်တစ်နေခန်း အိပ်နေတာမျိုးတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။

Pyi Hein Kyaw

SHARE