YouTube/AltonBrown

လက်သန့်ဆေးရည်သုံးမယ့်အစား ဆပ်ပြာကိုသာအသုံးပြုသင့်တယ်လို့ နာမည်ကျော်ရုပ်သံအစီအစဉ်တင်ဆက်သူ Alton Brown က ရှင်းပြခဲ့ပါတယ်။

(၅)မိနစ်နီးပါးရှိတဲ့ ဗီဒီယိုထဲမှာ Brown ဟာ လက်မှာကပ်နေတဲ့ ဗိုင်းရပ်စ်ပိုးကဲ့သို့ ဆိုးဝါးတဲ့အရာတွေကို ဖယ်ရှားပစ်ဖို့ အတွက် လက်သန့်ဆေးရည်ကို အသုံးပြုတာထက် ဆပ်ပြာကို အသုံးပြုတာ ပိုမိုကောင်းမွန်ကြောင်းကိုရှင်းပြခဲ့ပါတယ်။  လက်ကိုဘယ်လိုဆေးကြောသန့်စင်ရမလဲဆိုတာကိုပါ သေချာရှင်းပြခဲ့ပါတယ်။

ပိုးမွှားတွေကို ဆပ်ပြာကသာ ဖယ်ရှားရှင်းလင်းနိုင်တာကြောင့် ပိုမိုစိတ်ချစွာအသုံးပြုနိုင်ကြောင်းနဲ့ လုံခြုံမှုကိုအပြည့် အ၀ ခံစားရစေကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် လက်သန့်ဆေးရည်အသုံးပြုမယ့်အစား  မကြာခဏလက်ကို ဆပ်ပြာနဲ့ဆေးသင့်ပါတယ်။

 

Brown ရဲ့ပြောပြချက်အရ ဆပ်ပြာဟာ သင့်ရဲ့လက်ပေါ်မှာရှိတဲ့ပိုးမွှားအန္တရာယ်ကို သင့်အရေပြားပေါ်ကနေဖယ်ရှား  ရှင်းလင်းပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ အဆီပေနေတဲ့အင်္ကျီတစ်ထည်နဲ့တူပါတယ်။ ဒီလိုပေနေတဲ့အင်္ကျီကို ရေနဲ့အဆီဓာတ်ပြုထားတဲ့ ဆပ်ပြာနဲ့ပွတ်တိုက်လျှော်မှသာ ပိုးမွှားတွေကြောက်လန့်တကြားထွက်ပြေးသွားမှာဖြစ်ပါတယ်။ အဲလိုပဲ လက်မှာ ကပ်နေတဲ့ကိုရိုနာလိုဗိုင်းရပ်စ်ပိုးကို ဆပ်ပြာနဲ့မှမောင်းထုတ်နိုင်မှာဖြစ်တယ်လို့ ဘာကြောင့် လက်သန့်ဆေးရည်ထက် ဆပ်ပြာကိုပိုပြီးအသုံးပြုသင့်ကြောင်းကို Brown ကရှင်းပြခဲ့ပါတယ်။

#SafeHands Challenge

Here's my take on the World Health Organization (WHO) #SafeHands challenge. It's pretty much everything I have to say about hand washing… without the final shot that made so many YouTubers squirm.

Posted by Alton Brown on Tuesday, March 17, 2020

အရက်ပျံကို အခြေပြုပြီး ထုတ်လုပ်ထားတဲ့ လက်သန့်ဆေးရည်တွေကလည်း ဗိုင်းရပ်စ်တွေကို မသတ်နိုင်တာ မဟုတ်ပါဘူး။ သတ်နိုင်ပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာအားဖြင့်သာ ဖယ်ရှားနိုင်ပေမယ့် ဆပ်ပြာလောက် တော့ ကြောက်လန့်တကြားထွက်မပြေးသွားပါဘူးလို့ Brown ကဆက်လက်ရှင်းပြခဲ့ပါတယ်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သင့်ပတ်ဝန်းကျင်က ဆိုင်မှာ လက်သန့်ဆေးရည်မရှိဘူးဆိုရင် ဒီလိုအချိန်မှာ သင်စိတ်ရှုတ်  ထွေးနိုင်ပါတယ်။ ဒါ့ကြောင့် လက်သန့်ဆေးရည်မရှိလဲ စိတ်မပူပါနဲ့။ ဆပ်ပြာရှိရင်ကို ဒီပိုးမွှားတွေမကပ်နိုင်ပါဘူး။ သင့်ရဲ့လက်ကိုဆပ်ပြာနဲ့သာ မကြာခဏဆေးကြောပေးသင့်ပါတယ်။ လက်ကိုဆေးကြောတဲ့အခါမှာလည်း ပြီးစလွယ် ဆေးကြောသန့်စင်မှုတွေမလုပ်ပဲ သေသေချာချာလေး စက္ကန့်(၃၀)လောက်ကိုအချိန်ပေးပြီး ဆေးကြောသန့်  စင်သင့်ပါတယ်။ ပြီးတဲ့အခါမှာလည်း လက်ကိုခြောက်သွေ့အောင် သေချာလုပ်ဆောင်ပါ။ ဒါမှလည်း ပိုးမွှားပြန့်ပွားမှုကို ကာကွယ်နိုင်မှာဖြစ်တယ်လို့ Brown က ရှင်းလင်းပြောကြားခဲ့ပါတယ်။

Thae Su

SHARE