ခရီးထွက်ရင် ဘာကြောင့်အသွားခရီးက ကြာပြီး အပြန်ခရီးက မြန်လေ့ရှိတာလဲ …

Pixabay-Free-Photos

ခရီးသွားတယ်ဆိုတာ လူတော်တော်များများ ကြိုက်ကြတဲ့ အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ခရီးထွက်တာဟာ ကိုယ့်ရဲ့ ကျန်းမာရေးကို ကောင်းစေတဲ့အပြင် စိတ်ကိုလည်း အင်မတန်ပေါ့ပါးစေပါတယ်။ ဒါ့ကြောင့် လူတိုင်းဟာ ခရီးထွက်နိုင်တုန်းအချိန်မှာ ခရီးထွက်ပါ။ ကိုယ်သွားလာနေနိုင်ပြီး ငယ်ရွယ်တဲ့အချိန်မှာ ခရီးထွက်တာဟာ မမှားပါဘူး။ ဒါပေမယ့် လူတော်တော်များများ ခရီးသွားတာနဲ့ပတ်သတ်ပြီး သတိမထားမိတဲ့ အခက်တစချက် ရှိပါတယ်။ အဲဒါကတော့ ခရီးတစ်ခုထွက်ပြီဆိုရင် ဘာကြောင့်အသွားခရီးကကြာပြီးအပြန်ခရီးကမြန်နေရတာလဲဆိုတဲ့ အချက်ပါပဲ။ အခုဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး Bright Side သတင်းဌာနမှာ ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို မှီငြမ်းပြီး Shwemom ပရိသတ်ကြီးသိအောင် ပြောပြချင်ပါတယ်။

Pixabay-DariuszSankowski

ခရီးတစ်ခုထွက်တယ်ဆိုရင် အသွားခရီးနဲ့ အပြန်ခရီးဟာ အကွာအဝေးအတူတူပါပဲ။ ဒါပေမယ့် ခရီးတစ်ခုသွားပြီဆိုရင် ကိုယ်သွားချင်တဲ့နေရာကို ရောက်ဖို့က အင်မတန်ကြာနေတတ်ပါတယ်။ ဒါပေမယ့် အိမ်အပြန်ခရီးလမ်းကျရင် အဲဒီလမ်းခရီးဟာ သွားတဲ့ အချိန်တုန်းကလောက် သိပ်မကြာပဲ အိမ်မြန်မြန်ရောက်သွားပြီလို့ ထင်ရပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ အဖြေက ရှင်းပါတယ်။ ခရီးစသွားတဲ့အချိန်မှာ ကိုယ်မြင်နေကျ ပတ်ဝန်းကျင်မဟုတ်တာကြောင့် ဟိုကြည့်ဒီကြည့် လုပ်နေရတာနဲ့တင် အချိန်ကုန်တာ ကြာလေ့ရှိပါတယ်။ ပြောချင်တာက ပြောင်းလဲသွားတဲ့ ပတ်ဝန်းကျင်ဟာ ရုတ်တရက် ကိုယ့်အတွက် စိမ်းနေလို့ပါ။

READ
ကမ္ဘာအနှံ့က လက်ထပ်ခွင့်တောင်းဖို့ ပြီးပြည့်စုံဆုံးသော နေရာများ
Pixabay-Free-Photos

အပြန်ခရီးကျရင်တော့ အချိန်မြန်တာကလည်း ရှင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အလာခရီးမှာတုန်းက မြင်ကွင်းတွေပဲ ပြန်မြင်နေရတော့ သိပ်မထူးဆန်းပဲ အချိန်ကုန်မြန်တာပါပဲ။ ပြီးတော့ အလာလမ်းက လမ်းကို ပြန်မောင်းလာရတာကြောင့် လမ်းကြောင်းကို စိမ်းမနေပဲ ပထမတစ်ခေါက်ထက် မောင်းတာ ပိုမြန်ပါတယ်။ တစ်ကယ်လို့ သင်မယုံရင် ရုပ်ရှင်ဇာတ်ကားသစ်တစ်ကားကို ကြည့်လိုက်ပါ။ ပထမဆုံးအချိန်ကြည့်ရင် ဇာတ်ကားတစ်ကားပြီးဖို့ အချိန်တော်တော်ကြာတတ်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်အချိန်မှာပဲ ဒီဇာတ်ကားကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပါ။ ရုပ်ရှင်ပြီးတာ အရမ်းမြန်တယ်လို့ သင့်စိတ်ထဲမှာ ကျိန်းသေထင်ရမှာပဲ ဖြစ်ပါတယ်။

Pixabay-RyanMcGuire

Pyi Hein Kyaw

SHARE